Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 8, 2016

ေမာ္ေတာ္ယာဥ္အေရာင္းစင္တာ ၁၉ ခုႏွင့္ ဒါရုိက္တာအဖြဲ႔၀င္မ်ားကုိပါ နာမည္ပ်က္စာရင္းသြင္း အေရးယူ


ရန္ကုန္ ႏုိ၀င္ဘာ ၈

ေမာ္ေတာ္ယာဥ္အေရာင္းစင္တာဖြင့္လွစ္ထားေသာ ကုမၼဏီ ၁၉ ခုႏွင့္ ဒါရိုက္တာအဖြဲ႔၀င္မ်ား အား သက္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ား လိုက္နာေဆာင္ရြက္ရန္ပ်က္ကြက္သျဖင့္ ေမာ္ ေတာ္ယာဥ္ တင္သြင္းျခင္းႏွင့္ သက္ဆိုင္ေသာ လုပ္ငန္းမ်ားႀကီးႀကပ္ေရးေကာ္မတီကေန ႏို၀င္ဘာ ၁ ရက္ က နာမည္ပ်က္စာရင္း (blacklist) ထဲထည့္ကာအေရးယူလိုက္တယ္လို႔သိရပါတယ္။

“အခုအေရးယူလိုက္တဲ့ ကုမၼဏီနဲ႔ကုမၼဏီမွာပါတဲ့ ဒါရိုက္တာအဖြဲ႔၀င္အားလံုး black list ျဖစ္မယ္”လို႔ ညႊန္ႀကားေရးမွဴး ဦးျမင့္ခ်ိဳ (Ministry of Commerce , Department of Consumer Affairs) ကေျပာပါတယ္။
ဒီလိုအေရးယူရျခင္းမွာ ေမာ္ေတာ္ကားအေရာင္းစင္တာ စတင္ဖြင့္စဥ္ကပင္ ပါမစ္မ်ား မေရာင္းစားရဘူး၊ ကားအမွန္တကယ္ ၀ယ္ယူသူမ်ားကိုသာေရာင္းခ်ရမယ္ ဆိုတဲ့အခ်က္ကို ကတိက၀တ္မ်ားနဲ႔ ေဆာင္ရြက္ ထားတာျဖစ္ျပီး ဒီလိုစည္းကမ္းခ်က္မညီမူကို ျပီးခဲ့တဲ့ မတ္လ က တာ၀န္စစ္ေဆးခဲ့ရာ စည္းကမ္းေဖာက္ဖ်က္တဲ့ ကုမၼဏီ ၄၇ ခုကိုေတြ႔ခဲ့တယ္လို႔သိရပါတယ္။ ဒီကုမၼဏီ မ်ားအနက္မွ လံုး၀လာေရာက္ေျဖရွင္းႏိုင္ျခင္းမရွိတဲ့ ကုမၼဏီ ၁၉ ခု ကို အခုလို အေရး ယူျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

“စာရင္းမရွင္းႏိုင္တဲ့ကုမၼဏီ ေနာက္တစ္ခါအေႀကာင္း အမ်ိဳးမိ်ဳး ျပျပီး မရွင္းက်ဘူးေပါ့ အဲ့ဒါ ေတြကလဲ ဘာေတြလဲဆိုေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေမာ္ေတာ္ကားကိုသြင္းတယ္ သြင္းျပီးေတာ့ customer ကိုကား ေရာင္းရင္ ျပသနာမရွိဘူး လုပ္ပိုင္ခြင့္ကိုအဆင္ဆင့္လႊဲ ေရာင္းႀကတဲ့အခါက်ေတာ့ သူတို႔က ဒီကားနဲ႔ပတ္သက္တဲ့ ရာဇ၀င္ကို သိကိုမသိေတာ့ဘူး မသိဘဲနဲ႔ စရင္းလဲမရွင္းဘူးပစ္ထားတာ ငါတို႔ကလဲ sale စင္တာေတြေပးဖြင့္ ထားထဲက ကတိက၀တ္ ေတြရွိတယ္ ဒီပါမစ္ေတြမေရာင္းစားဘူး၊ customer မွာကိုစနစ္တက်ေရာင္းရမယ္ မေရာင္းေသးရင္ စင္တာမွာပဲထားရမယ္။ အဲ့ဒါေတြ ကိုပ်က္ကြက္တဲ့အတြက္ ဒါကို blacklist လုပ္ဖို႔ စေႀကညာ တာ ထပ္ျပီးေတာ့ပ်က္ကြက္ရင္ ထပ္ျပီး ေတာ့လာအံုးမွာပဲ” လို႔ ညႊန္ႀကားေရးမွဴး ဦးျမင့္ခ်ိဳ (Ministry of Commerce , Department of Consumer Affairs) ကေျပာပါတယ္။

၂၀၁၆ ခုႏွစ္မတ္လ ၂၅ ရက္ကတည္းက ယာဥ္ေၾကာပိတ္ဆုိ႔မႈေၾကာင့္ ရန္ကုနု္လုိင္စင္ကုိ ပိတ္ထားခဲ့ၿပီး အပ္ကုန္စနစ္ျဖင့္ တင္သြင္းထားသည့္ ကားမ်ားအား ယခုႏွစ္ကုန္တြင္ မေရာင္းရ ျပန္ပုိရ ရန္ သက္ဆုိင္ရာက ညႊန္ၾကားခ်က္ ထုတ္ျပန္ထားေၾကာင္း သိရပါတယ္။

china.com Myanmar
https://www.facebook.com/china.com.mm/
..............


ရန်ကုန် နို၀င်ဘာ ၈

မော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်ထားသော ကုမ္မဏီ ၁၉ ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များ အား သက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သဖြင့် မော် တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီကနေ နိုဝင်ဘာ ၁ ရက် က နာမည်ပျက်စာရင်း (blacklist) ထဲထည့်ကာအရေးယူလိုက်တယ်လို့သိရပါတယ်။

“အခုအရေးယူလိုက်တဲ့ ကုမ္မဏီနဲ့ကုမ္မဏီမှာပါတဲ့ ဒါရိုက်တာအဖွဲ့ဝင်အားလုံး black list ဖြစ်မယ်”လို့ ညွှန်ကြားရေးမှူး ဦးမြင့်ချို (Ministry of Commerce , Department of Consumer Affairs) ကပြောပါတယ်။
ဒီလိုအရေးယူရခြင်းမှာ မော်တော်ကားအရောင်းစင်တာ စတင်ဖွင့်စဉ်ကပင် ပါမစ်များ မရောင်းစားရဘူး၊ ကားအမှန်တကယ် ၀ယ်ယူသူများကိုသာရောင်းချရမယ် ဆိုတဲ့အချက်ကို ကတိကဝတ်များနဲ့ ဆောင်ရွက် ထားတာဖြစ်ပြီး ဒီလိုစည်းကမ်းချက်မညီမူကို ပြီးခဲ့တဲ့ မတ်လ က တာဝန်စစ်ဆေးခဲ့ရာ စည်းကမ်းဖောက်ဖျက်တဲ့ ကုမ္မဏီ ၄၇ ခုကိုတွေ့ခဲ့တယ်လို့သိရပါတယ်။ ဒီကုမ္မဏီ များအနက်မှ လုံးဝလာရောက်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ ကုမ္မဏီ ၁၉ ခု ကို အခုလို အရေး ယူခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“စာရင်းမရှင်းနိုင်တဲ့ကုမ္မဏီ နောက်တစ်ခါအကြောင်း အမျိုးမျိုး ပြပြီး မရှင်းကျဘူးပေါ့ အဲ့ဒါ တွေကလဲ ဘာတွေလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မော်တော်ကားကိုသွင်းတယ် သွင်းပြီးတော့ customer ကိုကား ရောင်းရင် ပြသနာမရှိဘူး လုပ်ပိုင်ခွင့်ကိုအဆင်ဆင့်လွှဲ ရောင်းကြတဲ့အခါကျတော့ သူတို့က ဒီကားနဲ့ပတ်သက်တဲ့ ရာဇဝင်ကို သိကိုမသိတော့ဘူး မသိဘဲနဲ့ စရင်းလဲမရှင်းဘူးပစ်ထားတာ ငါတို့ကလဲ sale စင်တာတွေပေးဖွင့် ထားထဲက ကတိကဝတ် တွေရှိတယ် ဒီပါမစ်တွေမရောင်းစားဘူး၊ customer မှာကိုစနစ်တကျရောင်းရမယ် မရောင်းသေးရင် စင်တာမှာပဲထားရမယ်။ အဲ့ဒါတွေ ကိုပျက်ကွက်တဲ့အတွက် ဒါကို blacklist လုပ်ဖို့ စကြေညာ တာ ထပ်ပြီးတော့ပျက်ကွက်ရင် ထပ်ပြီး တော့လာအုံးမှာပဲ” လို့ ညွှန်ကြားရေးမှူး ဦးမြင့်ချို (Ministry of Commerce , Department of Consumer Affairs) ကပြောပါတယ်။

၂၀၁၆ ခုနှစ်မတ်လ ၂၅ ရက်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုနု်လိုင်စင်ကို ပိတ်ထားခဲ့ပြီး အပ်ကုန်စနစ်ဖြင့် တင်သွင်းထားသည့် ကားများအား ယခုနှစ်ကုန်တွင် မရောင်းရ ပြန်ပိုရ ရန် သက်ဆိုင်ရာက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

china.com Myanmar
https://www.facebook.com/china.com.mm/

No comments:

Post a Comment