Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 3, 2016

ဘန်ကောက်မှ မန္တလေးသို့ ဇာတ်ကား ရုံတင်ပြီ

'ဘန်ကောက်မှ မန္တလေးသို့' ဇာတ်ကားမှ ဇာတ်ဝင်ခန်းများ။ ဓာတ်ပုံ - ဘန်ကောက်မှ မန္တလေးသို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ'ဘန်ကောက်မှ မန္တလေးသို့' ဇာတ်ကားမှ ဇာတ်ဝင်ခန်းများ။ ဓာတ်ပုံ - ဘန်ကောက်မှ မန္တလေးသို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ
နန္ဒာအောင်
ကိုယ့်ထံ လိပ်မူထားတဲ့ ဘယ်သူရေးပို့တယ်ဆိုတာကိုလည်း သိတဲ့ စာလေးတစ်စောင်ကို
ရလာခဲ့တဲ့အခါ ဘာလုပ်မလဲ။
အလျင်အမြန်ပဲ ဖွင့်ဖတ်မိမှာပေါ့။ ဒါပေမဲ့ ကိုယ်မသိချင်တော့တဲ့ အကြောင်းအရာ၊ မေ့ပျောက်ထားတဲ့
အတိတ်က အဖြစ်အပျက်တစ်ခုခုရှိမယ်ဆိုရင်တော့ ပို့သူဘယ်သူဆိုတာ သိပေမဲ့လည်း
အဲဒီစာကလေးကို ဖွင့်မဖတ်တော့တာမျိုးလည်း ရှိနိုင်ပါတယ်။
'ဘန်ကောက်မှ မန္တလေးသို့' (From Bangkok To Mandalay) ဆိုတဲ့ အချစ်ဇာတ်ကားလေးက
တစ်ချိန်က ပတ်သက်ဆက်နွှယ်ခဲ့ဖူးသူတစ်ဦးက သတိတရခြင်းတွေနဲ့ ပေးပို့လိုက်တဲ့စာလေး
၁၀ စောင်အကြောင်းကို ကျောရိုး တည်ပြီး ရိုးရိုးရှင်းရှင်းလေး ဇာတ်အိမ်တည်ထားတဲ့
ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust က မြန်မာနိုင်ငံကို လာရောက်ပြီး
ရိုက်ကူးတင်ဆက်ခဲ့တာပါ။
ဇာတ်လမ်းဇာတ်ညွှန်း၊ အ၀တ် အစားဒီဇိုင်နာကစလို့၊ ထုတ်လုပ်သူ၊ ရိုက်ကူးရေးစက်အဖွဲ့တွေအဆုံး
ထိုင်းလူမျိုးတွေပဲ လုပ်ဆောင်ကြတာဖြစ်ပါတယ်။
ဒီအချက်တွေကပဲ ဇာတ်ကား ရိုက်ကူးနေစဉ်ကတည်းက လူအများကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်နေ့ကတော့ သမ္မတ၊ ဂျန်းရှင်းစကွဲ၊ ရွှေဗဟို (တာမွေ)နဲ့ ကန်သာယာ
(မြောက်ဥက္ကလာပ) ရုပ်ရှင်ရုံတို့မှာ အထူးပွဲတွေ ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးကြည့်ရှုခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဒီဇာတ်ကားအပေါ် ဝေဖန်သံတွေ၊ ချီးကျူးသံတွေနဲ့ ဆူညံနေပါတော့တယ်။
ဒီဇာတ်ကားကို ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး စက်မှုအဖွဲ့သားတွေကလည်း ထိုင်းလူမျိုးတွေဆိုပေမဲ့
ပါဝင်တဲ့ဇာတ်ဆောင် တော်တော်များများကတော့ မြန်မာသရုပ်ဆောင်တွေချည်းပါပဲ။
နေတိုးက ပညာတတ်သူဌေးသား ဖြစ်ပေမဲ့ ချမ်းသာတဲ့မိဘတွေဆီကနေ ထွက်ပြေးလာပြီး ရန်ကုန်မှာ
အောက်ခြေ သိမ်းစာတိုက်ဝန်ထမ်းလေး 'နန္ဒ' အဖြစ် ပါဝင်ထားပြီး ၀တ်မှုံရွှေရည်က
တခြား မိန်းကလေးတွေနဲ့မတူတဲ့ စိတ်နေသဘောထားပိုင်ရှင် ခရစ်ယာန်ဘာသာဝင်
မိဘမဲ့ကျောင်းဆရာမလေး 'သူဇာ' အဖြစ်နဲ့ ၁၉၅၀ ပြည့်လွန်နှစ်က ဇာတ်ကောင်တွေအဖြစ်
သရုပ်ဆောင်ထားကြပါတယ်။
စိုင်းစိုင်းခမ်းလှိုင်နဲ့ ထိုင်းမင်းသမီး Namwhann Pilaiporn ကတော့ လက်ရှိခေတ်အနေအထားမှာ
ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
အကြွေးရှင် တွေအ၀ိုင်းခံနေရတဲ့သူ၊ ကားစုတ်ကြီးရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ ရန်ကုန်နေလူငယ်လေး
မိုးနိုင်အဖြစ် စိုင်းစိုင်းနဲ့ အဘွားရဲ့နောက်ဆုံးဆန္ဒနဲ့ သေတမ်းစာအရ မြန်မာနိုင်ငံကို
အလည်လာရောက်လာတဲ့ Pin အဖြစ် ထိုင်းမင်းသမီးက သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။
တခြားဇာတ်ကားတွေနဲ့မတူဘဲ ဇာတ်ရံနည်းနည်းနဲ့ ဇာတ်ကားကိုအခြေပြု ရိုက်ကူးခဲ့ပြီး
နေရာတော်တော်များမှာ သွားရောက်ရိုက်ကူးထားတာ၊ ဒရမ်မာ ဆန်ဆန် စာသားအပြောအဆိုတွေ၊
အောက်လုံးတွေမပါဝင်ဘဲ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တော်တော်များများကို
ထည့်သွင်းရိုက်ကူးထားတာကို သတိထားမိပါတယ်။
'ဘန်ကောက်မှ မန္တလေးသို့' ဇာတ်ကားမှ ဇာတ်ဝင်ခန်းများ။ ဓာတ်ပုံ - ဘန်ကောက်မှ မန္တလေးသို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ'ဘန်ကောက်မှ မန္တလေးသို့' ဇာတ်ကားမှ ဇာတ်ဝင်ခန်းများ။ ဓာတ်ပုံ - ဘန်ကောက်မှ မန္တလေးသို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ
ဒါပေမဲ့ ဇာတ်လမ်းကျောရိုးကတော့ ရိုးစင်းလွန်းလှပါတယ်။
ဘန်ကောက်မှာ အဘွားနဲ့အတူ နေထိုင်တဲ့ ထိုင်းမလေး ပင်က သူ့ရဲ့ချစ်သူ ကောင်လေး
ယာဉ်တိုက်မှုနဲ့ဆုံးသွားတဲ့အပြင် အဘွားကလည်း လူကြီးရောဂါ ကြောင့် ကွယ်လွန်သွားခဲ့တဲ့
နောက်မှာ အဘွားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
ပင်နဲ့အတူ သူ့ရဲ့အအဘွား ဖွင့်မဖတ်ဘဲ ဆယ်စုနှစ်တော်တော်ကြာကြာသိမ်းထားခဲ့တဲ့
စာ ၁၀ စောင်အပြင် အရိုးပြာအိုးလေးတစ်လုံးလည်း ပါလာခဲ့ပါတယ်။
အဲဒီမှာ ပင်ကို မြင်မြင်ချင်းနှစ်သက်သွားတဲ့ မိုးနိုင်နဲ့ဆုံတွေ့ပြီး အဖွားရဲ့ နောက်ကြောင်းတွေကို
သိရှိနိုင်ဖို့အတွက် စာလေးတွေ ပေးပို့ခဲ့တဲ့နေရာတွေကို နှစ်ယောက်တည်းအတူတူ ခရီးထွက်ဖို့
ဖြစ်လာခဲ့ပါတယ်။
ရန်ကုန်ကနေ ပုဂံ၊ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်နဲ့ သီပေါတစ်လျှောက် သွားခဲ့တဲ့ စာ ၁၀ စောင်ရဲ့
ခရီးစဉ်တစ်ခုလုံးမှာ စာလေး ၁၀ စောင်ကို တစ်နေရာရောက်တိုင်း ဖွင့်ဖောက်ဖတ်ရင်း ဇာတ်လမ်းကို
ရိုးရိုးရှင်းရှင်းနဲ့ ခေတ်နှစ်ခေတ်ကို တစ်ပြိုင်တည်း တင်ဆက်သွားတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားမှာ တချို့နားမလည်လိုက်တဲ့၊ ဇာတ်ရည်မလည်လိုက်တဲ့ နေရာလေးတွေနဲ့ ဇာတ်လမ်း
အချိတ်အဆက်မိမိမဖြစ်တဲ့ ဇာတ်ကွက်လေးတွေ ရှိပေမဲ့ အခုလို စမတ်ဖုန်းခေတ်ကြီးမှာ တစ်ချိန်က
ဆက်သွယ်ရေးမှာ အရေးပါ အရာရောက်ခဲ့တဲ့ စာလေးတွေရဲ့အခန်းကဏ္ဍကို လှစ်ဟပြသထားသလို၊
ရန်ကုန်မြို့ရဲ့ခေါင်းလောင်းကြိုးယဉ်ကျေးမှု၊ စာတိုက်ဝန်ထမ်းလေး နန္ဒက ဆရာမလေး သူဇာကို
ပိုးပန်းတဲ့အခါအသုံးပြုတဲ့ ချစ်စရာရည်းစားပိုးနည်းလေးတွေနဲ့ မြို့ကြီးတွေရဲ့သဘာဝအလှအပတွေအပြင်
လက်ရှိရုံတင်မြန်မာဇာတ်ကားတော်တော်များများမှာ မတွေ့ရတဲ့ ရှုခင်းနေရာတွေကိုပါ တွေ့ရှိရပါတယ်။
အသံပိုင်းနဲ့ ရုပ်သံကြည်လင်မှုအပိုင်းကလည်း ကောင်းမွန်လှသလို အထူးသဖြင့်
နောက်ခံတေးဂီတပိုင်းမှာလည်း လိုအပ်တဲ့နေရာမှာ အပိုအလိုမရှိ ထည့်သွင်းနိုင်တဲ့ editing
အပိုင်းကလည်း ၀ူးဝူးဝါးဝါးနဲ့ တိုးလာလိုက် ကျယ်သွားလိုက်ဖြစ်နေတဲ့ တချို့မြန်မာဇာတ်ကားတွေနဲ့
ကွာခြားလှပါတယ်။
နောက်ခံတေးဂီတဖန်တီးသူကတော့ ထိုင်းမှာအနေများတဲ့ အီတလီလူမျိုး Bruno Brugnano ပါ။
The Four အဖွဲ့က အဆိုတော် ကိုသားငယ် သီဆိုထားတဲ့ ဇာတ်ဝင်တေး 'မော်တော်ကား' နဲ့
"Far away So Close" သီချင်းတို့ကလည်း ဇာတ်ရှိန်ကို အားကောင်းအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍမှာတော့ ဒီဇာတ်ကားက ထိုင်းမင်းသမီးအတွက်
ဒုတိယအကြိမ်မြောက်ဇာတ်ကားဖြစ်ပေမဲ့ အပိုအလိုမရှိ သရုပ်ဆောင် နိုင်ပါတယ်။
စိုင်းစိုင်းကတော့ အဆိုတော်တစ်ဦးလို့ပဲ မြင်မိတဲ့အမြင်ကြောင့် မို့လို့ပဲလားတော့ မသိပေမဲ့ သူပြောတဲ့
dialogue တွေကို တစ်ခါတလျွေစေစငညါ ရွတ်နေသလိုမျိုးခံစားရပါတယ်။
နေတိုးနဲ့ ၀တ်မှုံရွှေရည်တို့ကတော့ သူတို့ရဲ့ကျရာ ဇာတ်ကောင်တွေကို ပရိသတ်ကျေနပ်မှု ရရှိအောင်
သရုပ်ဆောင်နိုင်ကြပါတယ်။
ဝတ်မှုံရွှေရည်ရဲ့ မိတ်ကပ်အပြင်အဆင်က များလွန်းနေပေမဲ့ အ၀တ်အစားဒီဇိုင်းလေးတွေနဲ့တော့
ချစ်စရာကောင်းအောင် သရုပ်ဆောင် နိုင်ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ နန္ဒနဲ့ သူဇာတို့ရဲ့ဇာတ်လမ်းက မပေါင်းစည်းခဲ့ရဘဲ စာတွေထဲမှာပဲ
သတိရခြင်းတွေအဖြစ် ရှင်သန်ခဲ့ကြရပြီး အဲဒီသတိရခြင်းတွေကို နောက်ကြောင်းပြန်ထားတဲ့
စာ ၁၀ စောင်ကို အကြောင်းပြုပြီး ခရီးတွေသွားဖြစ်ကြရသူနှစ်ဦးကြားမှာတော့ သံယောဇဉ်တွေ
တိုးများလာရာကနေတစ်ဆင့် မိုးနိုင်ရဲ့ အချစ်ကို ပင်တစ်ယောက် လက်ခံမလား၊ သူတို့ စာ ၁၀ စောင်
ခရီးစဉ်က အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲ၊ ကွယ်လွန်သွားတဲ့အဘွားနဲ့ သူ့ချစ်သူတို့ ဘာကြောင့်
မပေါင်းဖက်နိုင်ခဲ့ကြတာလဲ၊ အသက်ရှင်နေသေးတဲ့ အဘွားရဲ့ချစ်သူဟောင်းနဲ့ရော ပင်တစ်ယောက်
ဆုံဖြစ်သလား စတာတွေရဲ့ အဖြေတွေကိုတော့ လာမယ့်အောက်တိုဘာ ၄ ရက်မှာ
ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်ပြိုင်နက်တည်း ရုံတင်ပြသတဲ့အခါ
သွားရောက်ကြည့်ရှုပြီး အဖြေထုတ်လိုက်ကြပါလို့။

No comments:

Post a Comment