Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 13, 2016

သတင်းစာကောင်စီကို ကြားဝင်ခိုင်းခြင်းအား ပြည်သူ့သတင်းသမား ကိုဆွေဝင်း၏ သုံးသပ်ချက် ...


Eleven က သတင်းစာကောင်စီကို ကြားဝင်စေ့စပ်ခိုင်းတယ်။ ခုချိန်မှာတကယ်လုပ်ရမှာက ယခုအချိန်ထိ ဘာအချက်အလက်မှ ပံ့ပိုးခြင်းမရှိတဲ့ စွပ်စွဲချက်ကြီးကို ပြင်ဆင်ချက်ထုတ်ပြီး ဖြေရှင်းဖို့ပဲ။ သတင်းစာမှာမှားရင် ဒါဟာအစဉ်အလာလုပ်တဲ့ ကျင့်ထုံးဘဲ။ သတင်းရင်းမြစ်ဖော်ပြခြင်း(Attribution)၊ သတင်းအတည်ပြုခြင်း (Verification)၊ အချက်အလက်တစ်ခုခြင်း မှန်မမှန်စစ်ဆေးခြင်း (Fact-checking) ဒီလုပ်ငန်းစဉ်သုံးခုလုံး ချို.ယွင်းပျက်ကွက်ခဲ့ကြောင်း၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို တစ်ဆင့်ကြားဖြင့်သာမှားယွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အမြန်ဆုံးပြင်ဆင်ချက်ထုတ်ပြန်ရမှာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ကို အလဲဗင်းနေ့စဉ်၊ အပတ်စဉ်နဲ. ပြည်တွင်းထိပ်တန်းသတင်းစာတွေအပြင်၊ စွပ်စွဲချက်ပါအယ်ဒီတာအာဘော်ဖော်ပြခဲ့တဲ့ သတင်းစာတွေအားလုံးမှာပါအင်္ဂလိပ်လို ထည့်ပေးသင့်ပါတယ်။

နောက်တစ်ဆင့်ကတော့ သတင်းစာကောင်စီကနေပဲဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဘဲဖြစ်ဖြစ် တောင်းပန်တဲ့အဆင့်ကိုပြုလုပ်ရပါမယ်။မြန်မာပြည်မှာတော့ ဥပဒေတွေက ရှုပ်ထွေးနေတယ်၊ တရားစီရင်ရေးကလည်း ခနော်နီခနော်နဲ့မှာ ကောင်းတာတစ်ခုကတော့ ဒီလိုပြင်ဆင်ချက်ထုတ်၊ တောင်းပန်ရင် လွတ်မြောက်နိုင်စရာရှိပါတယ်။အာရှက ဟောင်ကောင်၊ စင်္ကပူနိုင်ငံတွေမှာ ဆိုရင် ဒါဟာ တရားခွင်မှာဒေါ်လာသန်းချီနိုင်ပြီး သတင်းစာတစ်ခုလုံး ဒေ၀ါလီခံရပ်နားသွားနိုင်တဲ့ အခြေအနေပါ။

ကိုဆွေဝင်း

No comments:

Post a Comment