Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 29, 2016

Programming ကို တကယ်တမ်း ဘယ်လိုလေ့လာမလဲ


ကျနော့်ကို Programming ဘယ်လို လေ့လာရမလဲ လာမေးတတ်တဲ့ လူငယ်တွေရှိတယ်.. ၁၉ – ၃၀ ကြား လူငယ်တွေပေါ့.. လူငယ်တွေဆိုလို့ ကျနော်လဲ ၂၇ ပဲ ရှိပါသေးတယ်.. 😛 အဲ့ဒီမှာ အတော်များများ ဖြစ်တတ်တာ လုပ်လေ့လုပ်ထ ရှိတဲ့ အကျင့်တစ်ခု ပြောပြမယ်… အဲ့ဒီအကျင့်က ပညာရပ်တစ်ခု လေ့လာတဲ့အချိန်မှာ မှားတတ်တဲ့ အကြီးဆုံး အမှားလို့ ထင်တယ်..
အပြင်မှာပဲ ဖြစ်ဖြစ် Online ကနေပဲ ဖြစ်ဖြစ် လေ့လာစရာတွေ ဖတ်စရာတွေ ပေးလိုက်ရင် ပျော်သွားကြပြီး ပထမဆုံး စဉ်းစားကြတဲ့အတွေးက ကိုယ့်ဘာသာ ပတ်ဝန်းကျင်နဲ့ Isolate လုပ်ပစ်ဖို့ စဉ်းစားတတ်ကြတာပဲ.. လွယ်လွယ်ပြောရင်တော့ “ဂူအောင်းပြီး သိုင်းကျင့်တယ်” ပေါ့ဗျာ.. အခန်းအောင်းပြီး Computer ရှေ့ထိုင်မယ်.. စာတွေ လုပ်မယ် စာဖတ်မယ် ပြန်စမ်းသပ်မယ်… အတိုင်းအတာတစ်ခုထိ သိသွားမှ ပြန်ထွက်လာမယ်ပေါ့..
ကျနော်တို့ ငယ်ငယ်က မြ၀တီက တရုတ်သိုင်းကားတွေပဲ ပြတာ.. မင်းသားက ချောက်ထဲကျ… သိုင်းကျမ်းတွေ့ရင် တွေ့.. မတွေ့ရင် သိုင်းသင်ပေးမဲ့လူနဲ့တွေ့.. ဆရာကြီးဖြစ်.. ချောက်ထဲကနေ ပြန်တက်လာ.. မင်းသားကြောင့် သိုင်းလောကကြီးတစ်ခုလုံးခြောက်ခြားသွား.. လူဆိုးကိုဆော်… ဒါတွေနဲ့ပဲ ကြီးလာရတော့ မသိစိတ်ထဲမှာ စွဲနေတယ် ထင်ပါရဲ့.. Hero ဖြစ်ချင်တာ Hero ကို ကိုးကွယ်တာ တစ်ခုခုကို လေ့လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပတ်ဝန်းကျင်နဲ့ Isolate လုပ်ပစ်တာ လူငယ်တွေမှာ အကျင့်ကြီးလို ဖြစ်နေတယ်..
ပညာတော့ အတိုင်းအတာ တစ်ခုထိ တတ်လာပါရဲ့.. ကိုယ်တတ်တဲ့ပညာကို သူများကို ပြန် Share မပေးချင်တော့ဘူး.. ကိုယ့်သိုင်းကို သူများတတ်ရင် သူများလဲ Hero ဖြစ်သွားမှာကိုး.. ဒီတော့ Share မလုပ်ချင်ဘူး.. Company တွေ ရောက်တဲ့အခါလဲ Team နဲ့ မလုပ်ချင်တဲ့ မလုပ်တတ်တဲ့အတွက် ပြသနာ စတက်တာပဲ.. Company မှာ Software ရေးတာ တယောက်ထဲ ရေးလို့ မရဘူး.. Team နဲ့ ရေးတာမို့ အရမ်း ပြသနာကြီးတယ်.. ပြီးတော့ မသိစိတ်မှာကိုက Heroism ကို ဦးစားပေးတဲ့အတွက် ကိုယ်တတ်ကြောင်း Skill ပြချင်တာက လွဲရင် တခြားလူအတွက် ထည့်မစဉ်းစားဘူး.. ပြန်လဲ မသင်ပေးချင်ဘူး.. ဒီတော့ အလုပ်မဖြစ်ပဲ ပြသနာတွေ တက်လာကော.. တချို့ Company တွေက HR ကောင်းတော့ ပြသနာမရှိဘူး.. Startup တွေ မဖြစ်ထွန်းလာတာ ပျက်ကုန်တာ ဒီပြသနာကြောင့်ပဲ…
ပညာရပ်တစ်ခုကို လေ့လာတဲ့အခါမှာ တယောက်နဲ့ တယောက်ဆွေးနွေးပြီး လေ့လာရင် ပိုပြီး တတ်မြောက်တာ မြန်တယ်.. ဆရာနဲ့သာမက ကျောင်းသားအချင်းချင်းလဲ ဆွေးနွေးရတယ်.. ကိုယ့်ဘာသာ Isolate လုပ်ပစ်လိုက်တဲ့အချိန်မှာ ဆွေးနွေးဖို့ လူလဲ မရှိတော့သလို ထင်သလောက်လဲ ရှေ့ကို မရောက်တော့ဘူး.. နောက်ပြသနာ တစ်ခုက လူကြောက်လာတာပဲ.. ဘာလို့လဲဆိုတော့ ကိုယ်လေ့လာထားတဲ့ ပညာရပ်တစ်ခုကို သူများနဲ့ မဆွေးနွေးဖူးတဲ့အခါ မှားယွင်းသွားမှာ အရမ်းကြောက်တယ်.. Self Confidence မရှိဘူး.. အကြောင်းရင်းက Hero တွေက ဘယ်တော့မှ မမှားဘူးလေ.. အဲ့မှာတင် ပြသနာအကြီးကြီးတက်တော့တာပဲ..
Company ရောက်တဲ့အခါမှာ ဘယ်လောက်တော်တော် Project Manager နှပ်သမျှ ခံရတယ်.. ကိုယ်ရေးတဲ့ Code မှန်လဲ မှားတယ်လို့ ပြောရင် ပြန်မပြောရဲတဲ့အတွက် မှားတယ်လို့ပဲ လက်ခံလိုက်ရတယ်.. အလုပ်ခွင်မှာ မပျော်တော့ဘူး… စိတ်အရမ်းဖိစီးလာမယ်… ကြာတော့ မခံစားနိုင်ပဲ အလုပ်က ထွက်ရော..
တချို့လဲ အဲ့အဆင့်ထိ မရောက်ကြဘူး.. တချို့နေရာတွေမှာ ကိုယ့်ဘာသာ လေ့လာလို့ မရတဲ့အခါ ကိုယ့်ဘာသာ အားငယ်ပြီး ဆက်မလေ့လာဖြစ်ကြတော့ဘူး.. ဒီလို ခဏခဏ ဖြစ်တဲ့အချိန်မှာ ကိုယ့်ဘာသာ ကောက်ရိုးမီးလို့ ထင်လာတယ်.. ငါ စောက်ရမ်း ပိန်းပါ့လားလို့ ထင်လာတယ်.. Self-Respect မရှိတော့ဘူး.. Heroism ရဲ့ Down Side ပေါ့.. Depression ၀င်လာမယ်.. ပိုပြီး လူကြောက်တတ်လာမယ်.. လူတယောက်ကို မျက်လုံးချင်းတောင် မဆိုင်ရဲအောင် ဖြစ်လာမယ်.. ကိုယ်သိထားတဲ့အမှန်တရား တစ်ခုကို သူများနဲ့ ငြင်းတဲ့အခါ ဟုတ်ရဲ့လားလို့ ပြန်မေးရင် ဟုတ်ပါတယ် ငါမှန်တယ်လို့ ရဲရဲဝံ၀ံ မပြောရဲအောင် ဖြစ်လာမယ်.. ဘာမှ ဆက်မလေ့လာဖြစ်တော့ဘူး…
တချို့ကျတော့ Over Confidence ဖြစ်သွားတယ်.. ကိုယ့်ဟာကိုယ် သူများတွေထက်ကို သောက်ကျိုးနည်း တော်တယ် ထင်လာတယ်.. အတိုင်းအတာ တစ်ခုထိ တော်ပေမဲ့ တစ်တောင်ထက် တစ်တောင် ပို မြင့်ကြတာချည်းပဲဆိုတော့ ပြသနာက များသထက် များလာတယ်.. ငါသာအတော်ဆုံး ငါသာအတတ်ဆုံးဆိုတဲ့ စိတ်ဝင်လာတယ်.. သူများတွေကို Respect မပေးတတ်တော့ဘူး.. စိတ်ရောဂါအသေးစားပဲ ထင်တယ်.. မင်းတို့ Technology လောက်ကတော့ ကလေးကလားပါ.. ငါ ၂ ရက်လောက် လေ့လာရင် ရပါတယ် ဆိုတာမျိုးတွေ တွေ့ရတတ်တယ်.. ဘယ်သူနဲ့မှ အဆင်မပြေတဲ့ Anti-Social ဖြစ်လာကောပေါ့..
ပိုဆိုးတာက Comfort Zone ထဲ ရောက်သွားတာပဲ.. Comfort Zone ဆိုတဲ့သဘောက ဘာမှ ထပ်မလေ့လာချင်တော့ဘူး.. ကိုယ် သိသလောက်လေးနဲ့ ပျော်နေပြီး အိပ်တယ် စားတယ်.. လုပ်ချင်တာလုပ်တယ်.. ဘာမှ ဆက်မလေ့လာဖြစ်တော့ဘူး.. Productivity = 0 ဖြစ်သွားမယ်.. ရောက်နေပြီဆိုလဲ ရအောင် ရုန်းထွက်ပါ.. အိမ်ထဲမှာပဲ မနေပါနဲ့.. အပြင်ထွက်ပါ.. သူများတွေနဲ့ စကားပြောပါ.. သူငယ်ချင်းတွေနဲ့ Hangout လုပ်ပါ.. အပျင်းမကြီးပါနဲ့..
“ဂူအောင်းပြီး သိုင်းကျင့်” တဲ့ အတွေးအခေါ်က အမှားကြီး မှားပါတယ်.. အဲ့ဒီအကျင့်ရှိတယ်ဆိုရင်လဲ ဖျောက်ပစ်လိုက်ပါ.. ပညာရပ်တစ်ခုလေ့လာတဲ့အခါမှာ သူများတွေနဲ့ အတူတူ လေ့လာပါ.. ကျနော်တို့ Programmer လောကမှာတော့ “Social Coder” ဖြစ်အောင် ကြိုးစားပါ.. “Social Coder” ဆိုတဲ့သဘောက အိမ်တွင်းအောင်းပြီး မလေ့လာပါနဲ့.. နည်းပညာနဲ့ ပတ်သက်တဲ့ ပွဲတွေ သွားပါ.. တွေ့ကရာ ရှစ်သောင်းတော့ မတက်နဲ့ပေါ့.. Programmer က Network ပွဲသွားတာမျိုးမလုပ်နဲ့.. ကိုယ် တက်သင့်တယ်ထင်တဲ့ ပွဲတွေ တက်ပါ..
ပွဲတက်ပြီး မုန့်စား လက်ဆောင်ယူပြီး ပြန်မလာပါနဲ့.. တခြားလူတွေနဲ့ Social Networking လုပ်ပါ.. အချင်းချင်း ချိတ်ပေးတဲ့ အလုပ်အကိုင် အခွင့်အလန်းတွေ ရှိလာမယ်.. Freelancer တွေဆို ပိုတောင် တက်သင့်သေးတယ်.. Topic တစ်ခုစပြီး အပြန်အလှန်ဆွေးနွေးပါ.. အချင်းချင်း Respect ထားပါ.. ကိုယ်သိသလောက် ပြောပြပါ.. သူပြောတာလဲ သေသေချာချာ နားထောင်ပါ.. အရှေ့က Senior တွေကိုလဲ လေးလေးစားစားဆက်ဆံပါ.. လူမကြောက်တတ်အောင် လေ့ကျင့်ပါ.. Bar Camp လို ပွဲမျိုးတွေမှာ ကိုယ်သိတာကို ပြန် Sharing လုပ်ပါ.. ပြီးတော့ မိတ်ဆွေ များအောင် လုပ်ပါ..
လေ့လာရင် ကိုယ်နဲ့ အတူ လေ့လာမဲ့လူတွေ ရှာပါ.. အနည်းဆုံး ၃ ယောက်ရှိပါစေ.. သူတို့နဲ့ အတူတူ Community လေး တစ်ခု အသိုင်းအ၀ိုင်းလေး တစ်ခုရအောင် ဖန်တီးယူပါ.. အဲ့ဒီ Community နဲ့ အမြဲတမ်း အဆက်အဆံလုပ်ပါ.. သူတို့နဲ့ အတူ လေ့လာပါ.. ပြန်လည် ဝေမျှပါ.. အကောင်းဆုံးကတော့ သင်တန်းလိုမျိုးမှာ ရှာတာပဲ..
အိမ်မှာ ကုတ်ပြီး မလေ့လာပါနဲ့..Community နဲ့ အတူတူ လေ့လာပါ.. ကျန်းမာရေးထိခိုက်တဲ့အပြင် ကြာရင် FA ပါ ဖြစ်လာလိမ့်မယ်… အားကစား တစ်ခုခုလုပ်ပါ.. ( အကောင်းဆုံးက စက်ဘီးစီးတာ ရေကူးတာ.. လူတိုင်းလုပ်တတ်တယ် မလုပ်တတ်ရင် သင်ထားပါ 😀 ) ဆိုးတာက Comfort Zone ထဲ ရောက်သွားတာပဲ.. Comfort Zone ဆိုတဲ့သဘောက ဘာမှ ထပ်မလေ့လာချင်တော့ဘူး.. ကိုယ် သိသလောက်လေးနဲ့ ပျော်နေပြီး အိပ်တယ် စားတယ်.. လုပ်ချင်တာလုပ်တယ်.. ဘာမှ ဆက်မလေ့လာဖြစ်တော့ဘူး.. Productivity = 0 ဖြစ်သွားမယ်.. ရောက်နေပြီဆိုလဲ ရအောင် ရုန်းထွက်ပါ.. အိမ်ထဲမှာပဲ မနေပါနဲ့.. အပြင်ထွက်ပါ.. သူများတွေနဲ့ စကားပြောပါ.. သူငယ်ချင်းတွေနဲ့ Hangout လုပ်ပါ.. အပျင်းမကြီးပါနဲ့..
“Be a Social Coder” and “ဂူအောင်းပြီး သိုင်းမကျင့်ပါနဲ့”

Written by Htet Wai Yan Soe

No comments:

Post a Comment