Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 8, 2016

ကာရာအိုေကဆိုင္မ်ားတြင္ အမ်ိဳးသမီးအေဖာ္ထားရွိလွ်င္ လိုင္စင္ပိတ္သိမ္းသည္အထိ အေရးယူမည္ဟုဆို


ျပည္ၿမိဳ႕ရွိ ကာရာအိုေက စားေသာက္ဆိုင္မ်ားတြင္ အမ်ိဳး သမီးအေဖာ္ ထားရွိေပ်ာ္ပါးေစ ျခင္းမ်ား ျပဳလုပ္ပါက လုပ္ငန္း လိုင္စင္ပိတ္သိမ္းသည္အထိ အ ေရးယူမည္ဟု ျပည္ၿမိဳ႕နယ္ ေခတၱ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ေဒါက္တာ စစ္ေအာင္လတ္က ေျပာ ၾကားသည္။

‘‘အႏွိပ္ခန္း၊ ကာရာအိုေက ဆုိင္၊ စားေသာက္ဆိုင္ စတဲ့ တည္းခုိခန္းေတြပါမက်န္ အမ်ိဳးသမီးအေဖာ္ေတြ မထားဖို႔၊ ေသာက္စား ေပ်ာ္ပါးေကြၽးေမြးဧည့္ခံေစတာမ်ိဳးေတြ မထားဖို႔ ေဒသႏၲရအမိန္႔ ထုတ္ျပန္ထား တယ္။ ဒီလိုစာရိတၱပ်က္ျပားေစတဲ့လုပ္ငန္းေတြ လုပ္ကုိင္ေနတာကို သတင္းရတာနဲ႔ ေရွာင္တခင္၀င္ေရာက္စစ္ေဆးမယ္။ ေတြ႕ရွိ ရင္ လိုင္စင္ရထားတဲ့ လုပ္ငန္းေတြကိုပါ ပိတ္သိမ္းတဲ့အထိ အေရးယူမယ္’’ဟု ေဒါက္တာစစ္ ေအာင္လတ္က ေျပာသည္။

စားေသာက္ဆုိင္၊ ကာရာ အိုေက (KTV)ခန္းမ်ား၊ အႏွိပ္ခန္း မ်ား၊ဟုိတယ္၊ မိုတယ္၊ တည္းခိုခန္းမ်ားႏွင့္ ေနအိမ္ေဘာ္ဒါ ေဆာင္မ်ားတြင္ စာရိတၱပ်က္ျပား ေစႏုိင္သည့္လုပ္ရပ္မ်ားျဖစ္သည့္ အမ်ိဳးသမီးမ်ားထားရွိ ေပ်ာ္ပါး ျခင္း၊ အစားအေသာက္ေကြၽးေမြး ဧည့္ခံေစျခင္းမ်ား ျပဳလုပ္ပါက တည္ဆဲဥပေဒအရေသာ္လည္း ေကာင္း၊ ျပစ္မႈဆုိင္ရာဥပေဒပုဒ္မ ၁၈၈ အရေသာ္လည္းေကာင္း အ ေရးယူခံရမည့္အျပင္ ရရွိထား သည့္ လုပ္ငန္းလုိင္စင္မ်ားကိုပါ ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ေအာက္တိုဘာ ၆ ရက္စဲြျဖင့္ အ မိန္႔ေၾကာ္ျငာစာ ထုတ္ျပန္ထား သည္ဟု ျပည္ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွ သိရသည္။

‘‘ျပည္ၿမိဳ႕မွာ အမ်ိဳးသမီးအ ေဖာ္ေတြထားၿပီး စားေသာက္ ဆုိင္၊ ေကတီဗီ၊ အႏွိပ္ခန္း၊တည္း ခိုခန္းေတြက အမ်ားႀကီးပါ။ ခန္႔ မွန္းေျခ ဆိုင္ႏွစ္ဆယ္ေက်ာ္ ေလာက္ရွိမယ္။ ၿမိဳ႕ေပၚရပ္ကြက္ ေတြျဖစ္တဲ့ ရြာဘဲရပ္ကြက္၊ န၀ ေဒးရပ္ကြက္၊ ေခတၱရာၿမိဳ႕သစ္ ရပ္ကြက္နဲ႔ ေအာင္ဆန္းရပ္ကြက္ ေတြမွာ အမ်ားဆံုးေတြ႕ရတယ္။ တခ်ိဳ႕ဆိုင္ေတြဆို ညဥ့္နက္ပိုင္း ႏွစ္နာရီေလာက္ထိ ဖြင့္တဲ့ဆုိင္ ေတြရွိတယ္’’ဟု ျပည္ၿမိဳ႕ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။

 ျပည္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး႐ံုး၏ အဆိုပါ အ မိန္႔ေၾကာ္ျငာစာကို အမ်ားျပည္သူမ်ား သိရွိလိုက္နာႏုိင္ရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးမ်ားသို႔ ေပးပို႔ ထားေၾကာင္း ဆင္စုရပ္ကြက္အုပ္ ခ်ဳပ္ေရးမွဴး ဦးတင္ေရႊကေျပာသည္။

Credit: 7 day daily

#Unicode Version

  ပြည်မြို့ရှိ ကာရာအိုကေ စားသောက်ဆိုင်များတွင် အမျိုး သမီးအဖော် ထားရှိပျော်ပါးစေ ခြင်းများ ပြုလုပ်ပါက လုပ်ငန်း လိုင်စင်ပိတ်သိမ်းသည်အထိ အ ရေးယူမည်ဟု ပြည်မြို့နယ် ခေတ္တ အထွေထွေအုပ်ချုပ်ရေးမှူး ဒေါက်တာ စစ်အောင်လတ်က ပြော ကြားသည်။


‘‘အနှိပ်ခန်း၊ ကာရာအိုကေ ဆိုင်၊ စားသောက်ဆိုင် စတဲ့ တည်းခိုခန်းတွေပါမကျန် အမျိုးသမီးအဖော်တွေ မထားဖို့၊ သောက်စား ပျော်ပါးကျွေးမွေးဧည့်ခံစေတာမျိုးတွေ မထားဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထား တယ်။ ဒီလိုစာရိတ္တပျက်ပြားစေတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတာကို သတင်းရတာနဲ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမယ်။ တွေ့ရှိ ရင် လိုင်စင်ရထားတဲ့ လုပ်ငန်းတွေကိုပါ ပိတ်သိမ်းတဲ့အထိ အရေးယူမယ်’’ဟု ဒေါက်တာစစ် အောင်လတ်က ပြောသည်။

စားသောက်ဆိုင်၊ ကာရာ အိုကေ (KTV)ခန်းများ၊ အနှိပ်ခန်း များ၊ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် နေအိမ်ဘော်ဒါ ဆောင်များတွင် စာရိတ္တပျက်ပြား စေနိုင်သည့်လုပ်ရပ်များဖြစ်သည့် အမျိုးသမီးများထားရှိ ပျော်ပါး ခြင်း၊ အစားအသောက်ကျွေးမွေး ဧည့်ခံစေခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေအရသော်လည်း ကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရသော်လည်းကောင်း အ ရေးယူခံရမည့်အပြင် ရရှိထား သည့် လုပ်ငန်းလိုင်စင်များကိုပါ ပိတ်သိမ်းမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်စွဲဖြင့် အ မိန့်ကြော်ငြာစာ ထုတ်ပြန်ထား သည်ဟု ပြည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

‘‘ပြည်မြို့မှာ အမျိုးသမီးအ ဖော်တွေထားပြီး စားသောက် ဆိုင်၊ ကေတီဗီ၊ အနှိပ်ခန်း၊တည်း ခိုခန်းတွေက အများကြီးပါ။ ခန့် မှန်းခြေ ဆိုင်နှစ်ဆယ်ကျော် လောက်ရှိမယ်။ မြို့ပေါ်ရပ်ကွက် တွေဖြစ်တဲ့ ရွာဘဲရပ်ကွက်၊ န၀ ဒေးရပ်ကွက်၊ ခေတ္တရာမြို့သစ် ရပ်ကွက်နဲ့ အောင်ဆန်းရပ်ကွက် တွေမှာ အများဆုံးတွေ့ရတယ်။ တချို့ဆိုင်တွေဆို ညဥ့်နက်ပိုင်း နှစ်နာရီလောက်ထိ ဖွင့်တဲ့ဆိုင် တွေရှိတယ်’’ဟု ပြည်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အဆိုပါ အ မိန့်ကြော်ငြာစာကို အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ပေးပို့ ထားကြောင်း ဆင်စုရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးတင်ရွှေကပြောသည်။

Credit: 7 day daily

No comments:

Post a Comment