Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 1, 2016

ဒေါ်အောင်ဆန်းစုကြည်ကို အောက်တန်းကျကျတိုက်ခိုက်တဲ့ အမေရိကန်က ခိုင်ဇော်နဲ့ အမေရိကန်ဥပဒေအကြောင်း မျိုးချစ်မြန်မာဆိုသူရဲ့ရေးသားချက်။


အမေရိကန်ဥပဒေက မည်သို့ ပင်
ခိုင်ဇော်၏အပြုအမူကို ခွင့်ပြုစေကာမူ
ထိုအပြုအမူသည်
ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်အတွက်
မလိုလားအပ်သော၊အောက်တန်းကျသောလုပ်ဆောင်ချက်တစ်ရပ်သာ
ဖြစ်ပေသည်။
အယူအဆ၊သဘောထားကွဲပြားပိုင်ခွင့်ရှိသော်လည်း
ထိုကွဲပြားမှုကိုထုတ်ဖော်ရာတွင်
ယဉ်ကျေးသောလူအဖွဲ့အစည်းတစ်ရပ်နှင့်မထိုက်တန်သော
မည်သည့်လုပ်ဆောင်ချက်ကိုမဆို ရှုံချပါကြောင်း။
admin
............................

ဒေါ်အောင်ဆန်းစုကြည်ကို အောက်တန်းကျကျတိုက်ခိုက်တဲ့
အမေရိကန်က ခိုင်ဇော်နဲ့ အမေရိကန်ဥပဒေအကြောင်း မျိုးချစ်မြန်မာဆိုသူရဲ့ရေးသားချက်။

''အမေရိကန်က လူတယောက်နဲ့  အမေရိကန်က ရဟန်း၊ လူတချို့ တွေအကြောင်း ဖတ်မိတဲ့ နောက်ဆက်တွဲ ...''

America မှာ ရောက်နေတဲ့ မြန်မာတစ်ချို့ဟာ ဘာသာစကားနဲ့ ပညာရေး အားနည်းချက်ကြောင့် ဒီကဥပဒေ နဲ့ Democracy စနစ်ကိုသေချာနားမလည်ကြဘူး။

တစ်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတယ်ဆိုပြီး ခိုင်ဇော်ဆိုတဲ့ တစ်ယောက်က ခွေးတစ်ကောင်ကို Baby Stroller ပေါ်တင်ပြီး တွန်းသွားတဲ့ Video တင်လိုက်တယ်။

ဒါ မြန်မာ့ယဉ်ကျေးမှုအရ နေမကောင်းတဲ့လူကြီးတစ်ယောက်ကို စော်ကားပျက်ရယ်ပြု ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်သလို ကျွန်တော်လဲ လုံးဝ မကြိုက်ပါဘူး။
မကြိုက်လို့ စာတောင်ရေးပြီးတင်လိုက်ပါသေးတယ်။

ဒါပေမယ့် THE UNITED STATES BILL OF RIGHTS ထဲက AMENDMENTS TO THE CONSTITUTION အရတော့ ဒါဟာ Freedom of Expression သာဖြစ်ပါတယ်။
လူသားတိုင်း ဘယ် လူမျိုး ဘာသာ အသားအရောင် မဆို မိမိ ခံစားချက်ကို ကြိုက်သလို ထုတ်ဖေါ်ပြသနိုင်ခွင့်ရှိပါတယ်။

https://en.wikipedia.org/wiki/United_States_Constitution [https://en.wikipedia.org/wiki/united_states_constitution&h=zaqenhhhhaqg4m9iugtxknukauol0uxcmldcscv6gvz7jfg&enc=azpsbakqbsb5zfnupkfc8x9lxg1t2-fu6s86erubon8lgh-cpd9e9vwcprgo3x_qcpt6leafkwpy0sx9oetm29wd2phf_fkpyqns-kg3tzxcpnmpngco6yy-6isb7fsakuvyd3ldw9vrfskolctlcqvg1imp9v6bt0kczokt7i9mvyxoqfy35nwtcisjcsjlks9jyi22jwofaks4kizlj9l0&s=1_hackersafe]
ထဲက
Safeguards of liberty (Amendments 1, 2, 3) မှာ ပထမဆုံး FIRST AMENDMENT မှာတိတိကျကျဆိုညွှန်းထားပါတယ်။

ဒီနိုင်ငံမှာလဲ ဗုဒ္ဓကိုရော ယေရှုခရစ်တော်ကိုရော အလ္လာ ကိုပါ လှောင်ပြောင်တဲ့ ဟာသတွေ ဒိထက် အဆများစွာ ဆိုးရွားတာတွေကို တရားဝင်ခွင့်ပြုထားဆဲဖြစ်ပါတယ်။

ဒါဟာ FIRST AMENDMENT ကပေးထားတဲ့ အခွင့်အရေးကြောင့်ပါ။

လက်ရှိ US ဥပဒေအရ မည်သူမဆို Online Media မှာ မိမိမနှစ်သက်သူကို ကြိုက်သလိုလှောင်ပြောင်ခွင့်ရှိပါတယ်။

သူတင်ထားတဲ့ Video File ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အမည်တစ်ခွန်းမှ မပါခဲ့ပါဘူး .. ဒီတစ်ချက်နဲ့တင် ဥပဒေအရ ဘာမှ တားမြစ်ခွင့် အကျုံးမဝင်ပါဘူး ..

တကယ်လို့ ပါခဲ့ရင်တောင် သူက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေ့ ဘယ်လို သတ်ဖြတ်လုပ်ကြံမယ်ဆိုတဲ့ Attempted Murder ဆိုတဲ့ အမှုမမြောက်တဲ့အတွက် US Law အရ သူ့ကို ဘယ်သူမှ လက်ဖျားနဲ့တောင် တို့လို့မရပါဘူး။

ဒါကိုမကျေနပ်တာကြောင့်တော့ ထိုသူကို အသက်အန္တရာယ်ထိခိုက်စေရန် ခြိမ်းခြောက်ခွင့်မရှိသလို ..
ထိုသူရဲ့ ကိုယ်ပိုင်အချိန် နဲ့ ကိုယ်ပိုင်နေရာတွေမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ခွင့်ပြုချက်မရဘဲ အများမြင်နိုင်တဲ့ လူမှုကွန်ရက် ပုံနှိပ်စာမျက်နှာ Online Media တွေအပေါ်မှာ ဖေါ်ပြခွင့်မရှိပါဘူး။

ထိုသူဟာ ဥပဒေကိုချိုးဖေါက်ထားသူမဟုတ်ရင် သူ့ရဲ့ နေရပ်လိပ်စာ အမည်ရင်း မွေးသက္ကရာဇ် တို့ကို ဘာကြောင့်မှ ဖေါ်ပြခွင့်လုံးဝမရှိပါဘူး။

အထူးသဖြင့် Passport ပုံဟာ အကြမ်းဖက်ဥပဒေ Terrorism Law နဲ့ မငြိရင် Public Information Law အရ လုံးဝဖေါ်ပြခွင့်မရှိပါဘူး

ထိုအချက်တွေကို ချိုးဖေါက်တာဟာ Crime ရာဇဝတ်မှုကြီးမြောက်ပါတယ်။

ခုတွေ့နေရတဲ့ Post တွေမှာ ခိုင်ဇော်ဟာ ဘယ်နေရာမှာနေတယ် ...

သူအလုပ်လုပ်နေတဲ့ ဆိုင်ရှေ့မှာတောင် စောင့်ကြည့်နေခဲ့တယ် ဆိုတဲ့ အချက်တွေဟာ Privacy Law ကို ချိုးဖေါက်ကြောင်းသက်သေထင်ရှားရုံတင်မကဘဲ ..
အသက်ကိုပါ အန္တရာယ်ပေးနိုင်တယ်လို့ ယူဆလို့ရတာမို့ ခိုင်ဇော်သာ ဥပဒေကို သေချာနားလည်မယ်ဆိုရင် အဲ့ဒိစာတွေတင်ထားတဲ့သူတွေအားလုံးကို အမှုဖွင့်ပြီး ဖမ်းခိုင်းလို့ရပါတယ်။

ဒါကမှ ဥပဒေကို တစ်ကယ် ထင်ရှားစွာ ချိုးဖေါက်ခြင်းပါဘဲ ..

US LAW မှာ ဒီလို လုပ်တာကို Criminal Stalking လို့ ခေါ်ပါတယ်။
ခုလုပ်နေတဲ့သူတွေရဲ့ လုပ်ရပ်ဟာ ခိုင်ဇော်နေတဲ့ North Carolina ရဲ့ State Law အရဆိုရင်

N.C. Gen. Stat. § 14-277.3A. Stalking. (2008)

N.C. Gen. Stat. § 14-196.3. Cyberstalking. (2000)

နှစ်ခုလုံး Felony Crime အဖြစ် ရာဇဝတ်မှုကြီးအရ ထောင်ဒါဏ်ချလို့ရတဲ့အပြင်
ပြစ်မှုကျူးလွန်သူရဲ့ Refugee/Asylum Status တွေကိုပါ Revoke လုပ်လို့ရပြီး ပြည်နှင်ဒါဏ် Deportation ထိပေးလို့ရပါတယ်။

သေချာပြန်စဉ်းစားပါမိတ်ဆွေတို့ ၊ အဲ့ဒိ Risk ကို ယူရဲလားဆိုတာ ..

ဒီမှာ လေ့လာနိုင်ပါတယ် - https://victimsofcrime.org/ [https://victimsofcrime.org/&h=oaqfewoz7aqhfq97rdtrhkgvfeq5lyuzrwwiyee62tomyyq&enc=azpiwj1r1vqpqdv9axfe7h2dedd7uppxl9nwnnn1uo4znsrestyrpezuinsu0vmd8syjutkxwdxa9oax-dkxg2tak-toaghfrdrrjetewidix0vekuxcrene_qxvxszwsiu6hl7jcwoq884g0m9l1u-xe6dm8c32sir0otcjt7kadsctoialfr_k3cr09pyyk4q9vhqqkbfoh8vs9j_aw57f&s=1_green]
…/criminal-stalki…/north-carolina

This page lists the most applicable state crimes addressing stalking.
However, depending on the facts of the case, a stalker might also be charged with other crimes, such as trespassing, intimidation of a witness, breaking and entering, etc.

Check your state code or consult with your local prosecutor about other charges that might apply in a particular case.

ဒီတော့ သူ့အကောင့် လောလောဆယ်ပျောက်သွားရတဲ့ အကြောင်းရင်းဟာ ဝိုင်း Report လုပ်ကြလို့ Account Verification ပြန်လုပ်နေတာလဲ ဖြစ်နိုင်ပါတယ်။
ဒါကို ငါ တို့ နိုင်လိုက်ပြီဟေ့ဆိုပြီး စွတ်စက်ရေးချင်တာတွေရေးနေတဲ့သူတွေဟာ တစ်ခြားနိုင်ငံကဆိုရင်တော့ ဘာမှ မဖြစ်နိုင်ပေမယ့် ..
US မှာဘဲ နေနေတဲ့သူတွေဆိုရင်တော့ ခိုင်ဇော်က ဥပဒေအရ သူတို့ကို Criminal ရာဇဝတ်မှုကြီးကျူးလွန်သူအဖြစ် ပြန်အရေးယူလို့ရနေပြီဆိုတာ သိစေချင်ပါတယ်။

ဒီစာကို ကျွန်တော် မြင်နေတဲ့စာတွေထဲက ဥပဒေအရ မှားယွင်းနေတဲ့ အချက်တွေကို အမှန်လုပ်ပြီး လျှောက်ပြောနေကြလို့ တခြားမြန်မာတွေပါ တကယ်ထင်ကုန်မှာစိုးလို့ရေးလိုက်တာပါ။

ခိုင်ဇော်ဆိုတာ ဘာကောင်မှန်းလဲ မသိသလို ဂရုလဲ မစိုက်ပါဘူး

သူ့လုပ်သမျှ သူ့ကံပါဘဲ ကျွန်တော့်ကို လုံးဝ မထိခိုက်ပါဘူး

ဒါပေမယ့် ဒီမှာအနေကြာနေတဲ့ မိတ်ဆွေတွေကအစ ဒီမှာနေနေပြီး US ဥပဒေအရ မှားယွင်းနေတာကိုတောင် ထောက်ခံနေတာတွေ့လာရလို့ ..

ဥပဒေအကြောင်း သေချာနားမလည်ဘူးလို့ ယူဆရတဲ့ သူငယ်ချင်းတွေကို ပြသနာမတက်စေချင်လို့ ရေးတာဖြစ်ပါတယ်။

ကျွန်တော် မြင်ထားသမျှ ခြိမ်းခြောက်မှုတိုင်းကို
တရားဥပဒေအတွက် လိုလိုမယ်မယ် မှတ်တမ်းတင်ထားသလို လိုအပ်ရင် သက်ဆိုင်ရာကို ပေးဝေမှာလဲ ဖြစ်ပါတယ်

လောလောဆယ်တော့ ပုံ (၂) ပုံဘဲ တင်ပေးလိုက်ပါတယ် ..

ထာဝရ မှန်ကန်ခြင်းအတွက် ...

မျိုးချစ်မြန်မာ
(ဦးထွန်းထွန်းနိုင်(ရုပ်ရှင်သရုပ်ဆောင်) ၏သားဖြစ်ပြီး ယခင်ကဘလော့ကာ...Ivan Oo (Myo Chit Myanmar)
https://www.youtube.com/watch?v=9sjFCkDhu3M

No comments:

Post a Comment