Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 1, 2016

သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ပုစြန္ေတာင္ၿမိဳ႕နယ္ရဲစခန္းက တရား႐ံုးရမန္ရက္ယူကာ စစ္ေဆးေန



မူးယစ္ေဆးဝါးမႈျဖင့္ဖမ္းဆီးထားရသည့္ ႐ုပ္ရွင္ႏွင့္ ဗီြဒီယိုသ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ပုစြန္ေတာင္ၿမိဳ႕နယ္ ရဲစခန္းက တရား႐ံုးမွ ရမန္ရက္ယူကာ စစ္ေဆးေနဆဲျဖစ္သည့္အတြက္ ပုစြန္ေတာင္ၿမိဳ႕နယ္ ရဲစခန္းတြင္သာ ထားရွိေၾကာင္း သိရွိရသည္။
“ေလာေလာဆယ္ သူ႔အတြက္ရမန္တစ္ပတ္ယူထားပါတယ္။ သူကိုစစ္ေဆးေနဆဲမို႔လို႔ ပုစြန္ေတာင္စခန္းမွာ ပဲထားပါတယ္။ ရမန္ၿပီးမွ အင္းစိန္ေထာင္ကိုပို႔မွာပါ။”ဟု ပုစြန္ေတာင္ၿမိဳ႕နယ္ရဲစခန္းမွ ရဲအုပ္မ်ိဳးသန္႔က ေျပာသည္။

သရုပ္ေဆာင္မိုးေအာင္ရင္ကို ၾသဂုတ္ ၂၉ ရက္၊ နံနက္ ၄ နာရီတြင္ ပုစြန္ေတာင္ၿမိဳ႕နယ္၊ ႏွစ္ ရက္ကြက္၊ သာ ယာကုန္းလမ္းရွိ ၎၏ တိုက္ခန္းတြင္ မူးယစ္ေဆးဝါးမ်ားႏွင္႔အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ံုးအေနျဖင့္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို အားေပးႏွစ္သိမ့္ရန္ ၾသဂုတ္ ၃၀ ရက္က သြားေရာက္ၾကည့္ ႐ႈခဲ့ေၾကာင္း သိရသည္။
“သူ႔ကို သြားၾကည့္ခဲ့ေသးတယ္။ ဒီအတိုင္း ႏွစ္သိမ့္ဖို႔သက္သက္ပါပဲ။ တျခားဘာမွေျပာလို႔ မရလို႔ မေမးေစခ်င္ဘူး။”ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း႐ံုးမွ ဒုတိယ ဥကၠဌ ဦးေအးၾကဴေလးက ေျပာသည္။

သ႐ုပ္ေဆာင္မိုးေအာင္ရင္အေနျဖင့္ အႏုပညာသက္တမ္း ၁၀ စုႏွစ္ေက်ာ္ၾကာ ေက်ာ္ျဖတ္ေက်ာ္လာခဲ့သူျဖစ္ၿပီး အကယ္ဒမီမို႔မို႔ျမင္ေအာင္ႏွင့္ တြဲဖက္႐ိုက္ကူးခဲ့သည့္ ငါးစိမ္းသည္မသား ဗီြဒီယိုဇာတ္ကားသည္ မိုးေအာင္ရင္ အျဖစ္ ေအာင္ျမင္လာခဲ့သည့္ ဇာတ္ကားတစ္ကားျဖစ္သည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper
........



မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထားရသည့် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို ပုစွန်တောင်မြို့နယ် ရဲစခန်းက တရားရုံးမှ ရမန်ရက်ယူကာ စစ်ဆေးနေဆဲဖြစ်သည့်အတွက် ပုစွန်တောင်မြို့နယ် ရဲစခန်းတွင်သာ ထားရှိကြောင်း သိရှိရသည်။
“လောလောဆယ် သူ့အတွက်ရမန်တစ်ပတ်ယူထားပါတယ်။ သူကိုစစ်ဆေးနေဆဲမို့လို့ ပုစွန်တောင်စခန်းမှာ ပဲထားပါတယ်။ ရမန်ပြီးမှ အင်းစိန်ထောင်ကိုပို့မှာပါ။”ဟု ပုစွန်တောင်မြို့နယ်ရဲစခန်းမှ ရဲအုပ်မျိုးသန့်က ပြောသည်။

သရုပ်ဆောင်မိုးအောင်ရင်ကို သြဂုတ် ၂၉ ရက်၊ နံနက် ၄ နာရီတွင် ပုစွန်တောင်မြို့နယ်၊ နှစ် ရက်ကွက်၊ သာ ယာကုန်းလမ်းရှိ ၎င်း၏ တိုက်ခန်းတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် သရုပ်ဆောင်မိုးအောင်ရင်ကို အားပေးနှစ်သိမ့်ရန် သြဂုတ် ၃၀ ရက်က သွားရောက်ကြည့် ရှုခဲ့ကြောင်း သိရသည်။
“သူ့ကို သွားကြည့်ခဲ့သေးတယ်။ ဒီအတိုင်း နှစ်သိမ့်ဖို့သက်သက်ပါပဲ။ တခြားဘာမှပြောလို့ မရလို့ မမေးစေချင်ဘူး။”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှ ဒုတိယ ဥက္ကဌ ဦးအေးကြူလေးက ပြောသည်။

သရုပ်ဆောင်မိုးအောင်ရင်အနေဖြင့် အနုပညာသက်တမ်း ၁၀ စုနှစ်ကျော်ကြာ ကျော်ဖြတ်ကျော်လာခဲ့သူဖြစ်ပြီး အကယ်ဒမီမို့မို့မြင်အောင်နှင့် တွဲဖက်ရိုက်ကူးခဲ့သည့် ငါးစိမ်းသည်မသား ဗွီဒီယိုဇာတ်ကားသည် မိုးအောင်ရင် အဖြစ် အောင်မြင်လာခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment