Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 28, 2016

နောက်အိမ်ထောင် ထပ်မံ ပြုထားသည့် ဇနီးအား ဓားနှင့်ထိုးပြီး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား



27.9.2016 ရက်နေ့ 1530 အချိန်ခန့်တွင် ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာ သင်္ချိုင်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲ ချ သေဆုံးမှုဖြစ်ပွါးကြောင်း သတင်းအရ ရဲအုပ်အေးကြိုင် ဦးစီးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ကြိုးဆွဲချ သေဆုံးသူမှာ ကြည်လွင် ၃၅ နှစ် (ဘ) ဦးထွန်းလွင် ချောင်းဝကျေးရွာ နေသူဖြစ်ကြောင်း သိရှိရပါသည်။

 အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ --

ကြည်လွင် သည် လွန်ခဲ့သော ၂ နှစ်ခန့်ကချောင်းဝ ကျေးရွာနေ မနှင်းနှင်းစန်း နှင့်အိမ်ထောင် ကျခဲ့ပြီး လွန်ခဲ့သော ၁ နှစ် ခန့်က ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေရာ မှ ပြန်လည်ရောက်ရှိလာစဉ် ၄င်း၏ဇနီးဖြစ် သူ မနှင်းနှင်းစန်း မှာ နောက်အိမ်ထောင် ထပ်မံ ပြုထား ကြောင်း သိရှိရသဖြင့် ကြည်လွင်မှ မနှင်းနှင်းစန်းအား စက်တင်ဘာလ (၂၇)ရက်နေ့ နံနက် (၉)နာရီ အချိန်ခန့်တွင် ဓါးဖြင့် ထိုးခဲ့၍ ကော့သောင်း ဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှု ခံယူနေရပြီး ညနေပိုင်းတွင် ကြည်လွင် မှ ကြိုးဆွဲချ သေဆုံးသည့် ဖြစ်စဉ် ဖြစ်ပွါး ခဲ့ကြောင်း သိရှိ ရပါသည်။


ကြည်လွင်သည် ကျေးရွာအတွင်းနေထိုင်စဉ်က ပြစ်မှု့ တစ်စုံတစ်ရာမရှိဘဲ လူအေးတစ်ယောက်ဖြစ် ကြောင်း၊ ၄င်း၏ ဖခင်ဖြစ်သူ ဦးထွန်းလွင် မှာလည်း ကြိုးဆွဲချ သေဆုံးခဲ့သူ တစ်ဦးဖြစ်ကြောင်း နှင့် အိမ်ထောင် ရေး ကိစ္စကြောင့် ကြိုးဆွဲချသေဆုံးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ရရှိသော်လည်း ၄င်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်ဟုတ်/မဟုတ် အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းမြို့အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးမှုများအား ဓမ္မာတာ အတိုင်း/တစ်ဦးတစ်ယောက်၏ ပရောဂကြောင့် သေဆုံး ခြင်းဟုတ်/မဟုတ်အား အမှုဖွင့်စစ်ဆေးသည့် အမှုပေါင်း ၃၃ မှုအထိ ရှိကြောင်းလည်း သိရှိရပါသည်။

Aung Zaw Min Tun 

No comments:

Post a Comment