Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 9, 2016

လိမ်လည်မှုနဲ့ လီဆယ်တိုင်ကြားမှုအပေါ် ဥပဒေအရ တုံ့ပြန်သွားမယ်လို့ မေသန်းနု ပြော


ဂုဏ်သိက္ခာကျဆင်းအောင် လီဆယ်တိုင်ကြားမှု ဥပဒေအရ တုံ့ပြန်သွားမယ်လို့ သရုပ်ဆောင်မေသန်းနုက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၄၂၀ နဲ့ ကမာရွတ်မြို့နယ်နေ ဒေါ်စန်းစန်းမြင့်က အမှုဖွင့်ခဲ့ကြောင်း ရန်ကင်းမြို့နယ် ရန်ကင်းမြို့နယ် ရဲစခန်းက သတင်းမီဒီယာကို ထုတ်ဖော်မှုအပေါ် MCN သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ သရုပ်ဆောင်အကယ်ဒမီမေသန်းနုက အဲ့ဒီလို ပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေမှာတော့ တရားလိုရဲ့ အမှုဖွင့် တိုင်ကြားချက်ဟာ မှန်ကန်မှု ရှိမရှိ စုံစမ်း စစ်ဆေးနေဆဲဖြစ်တယ်လို့ ရန်ကင်းမြို့နယ် ရဲစခန်းကလည်း MCN ကို ပြောပါတယ်။
MCN
............................
 >> ရုပ်ရှင်သရုပ်ဆောင် မေသန်းနု လိမ်လည်မှုဖြင့် အမှုဖွင့်ခံရ << ငွေကျပ် သိန်း ၄၀၀ လိမ်လည်မှုဖြင့် အကယ်ဒမီ မေသန်းနုကို ကမာရွတ်မြို့နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက စက်တင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ် ရဲမှူး မြင့်အောင်က ပြောကြားသည်။ “စရံငွေ သိန်းလေးရာပေးပြီး မေသန်းနုဆီက တိုက်ခန်းဝယ်တဲ့ အမျိုးသမီးက သူ့ငွေတွေ ပြန်မရလို့ ရဲစခန်းမှာ လာအမှုဖွင့်ထားတာပါ။ တိုင်ကြားချက် မှန်မမှန် လတ်တလော စုံစမ်း စစ်ဆေးနေဆဲပါ” ဟု ၎င်းက ပြောကြားသည်။ သရုပ်ဆောင် မေသန်းနုနှင့် ၎င်းကို တရားလိုပြု အမှုဖွင့်တိုင်ကြားသည့် အမျိုးသမီးတို့မှာ ယခင်က စီးပွားရေးလုပ်ငန်း အချို့ အတူတကွ လုပ်ကိုင်ခဲ့ရာ ယခင်တစ်ကြိမ်ကလည်း သရုပ်ဆောင် မေသန်းနုကို အမှုဖွင့် တိုင်ကြားခဲ့ဖူးသော်လည်း အမှုရှုံးနိမ့်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံအမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မေသန်းနုက ပြောကြားသည်။ “ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် ကျွန်မ ရထားပြီး အသိမိတ်ဆွေ တစ်ယောက်ကို လုပ်ငန်းလွှဲအပ်ထားတာ။ ၂၀၁၄ ခုနှစ်ထဲက ပေးခဲ့တဲ့ စရံငွေကို ပြန်မရလို့ဆိုပြီး အခုမှ ဘာကြောင့် အမှုဖွင့် တိုင်ကြားရတာလဲ။ ဒါ ကျွန်မ ဂုဏ်သိက္ခာကျအောင် လီဆည်တိုင်ကြားတာပါ” ဟု ၎င်းက ရှင်းပြသည်။
Credit to: The Voice

No comments:

Post a Comment