နာမည္ၾကီးလြန္းတဲ့သရဲမMary အေၾကာင္း တစ္ေစ့တစ္ေစာင္း


By Shwemom - July 14, 2016

United States က ခ်ီကာဂိုျပည္နယ္နားမွာ ေနသူေတြဆိုရင္ေတာ့ ဒီအေၾကာင္းကို လူသိမ်ားၾကပါတယ္။ Mary လို႔အမည္ရတဲ့ မကြ်တ္လြတ္ေသးတဲ့ သရဲမအေၾကာင္းကို အေမရိကန္ေတြေျပာလာခဲ့ၾကတာ
 ႏွစ္ေပါင္းရာနဲ႔ေတာင္ ခ်ီသြားခဲ့ပါျပီ။ သူမေျခာက္တဲ့ေနရာကေတာ့အီလီႏြိဳက္ ျပည္နယ္နဲ႔ ခ်ီကာဂိုျပည္နယ္
ၾကားက သခ်ၤိဳင္းတစ္ခုအနားမွာ ျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ အမ်ိဳးသားငယ္ေတြပဲ အေျခာက္ခံရေလ့ရွိပါတယ္။ သူမဟာ ေရႊေရာင္ဆံပင္၊အျပာေရာင္
မ်က္လံုး၊အျဖဴေရာင္ ဝတ္စံုကို ဝတ္ဆင္ထားေလ့ရွိပါတယ္။ သူမေသဆံုးခဲ့တာက ၁၉၃၀ ျပည့္ွႏွစ္လြန္
နားေလာက္ကလို႔လည္းသိရပါတယ္။ သူမဟာ ထိုအနီးနားတစ္ဝိုက္မွာ ေတာင္တက္သူ တစ္ေယာက္
အျဖစ္ေတြ႕ရေလ့ရွိျပီး တကယ္၍ အမ်ိဳးသားတစ္ေယာက္က သူမကို ကားၾကံဳတင္ေပးရင္ သူမဟာ ထိုုအနီးနားက သခ်ၤိဳင္းေရွ႕မွာ ရပ္ခိုင္းေလ့ရွိပါတယ္။ ကားေပၚကဆင္းျပီး ၾကည့္ေနရင္းနဲ႔ ေပ်ာက္သြားေလ့ရွိပါတယ္။ ဒီအျဖစ္အပ်က္ဟာ ႏွစ္ေပါင္းရာခ်ီသည့္တိုင္ေအာင္ ျဖစ္ပြားေနတုန္းပါပဲ။


ထိုမိန္းကေလးဟာ အျမဲတမ္း တူညီတဲ့ဝတ္စံုကို ဝတ္ဆင္ထားေလ့ရွိျပီး သခ်ၤိဳင္းေရွ႕က်ရင္ အျမဲေပ်ာက္သြားလိုု႔ရွိပါတယ္။ သူမရဲ့အေၾကာင္းကို ေဒသခံေတြေျပာတာကေတာ့ သူမဟာ ၁၉၃၀ေလာက္က မိန္းမပ်ိဳေလးတစ္ဦးျဖစ္ျပီး သူမရဲ့ရည္းစားနဲ႔ စကားမ်ားကာ Mary တစ္ေယာက္ ကပြဲရံုအျပင္ကိုေျပးထြက္လာခဲ့ျပီး
တစ္ေယာက္တည္း ေအးလြန္းတဲ့ရာသီဥတုမွာ လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။
သူမဟာ ဒီလိုစိတ္ဆိုးျပီး ေျပးမထြက္လာခင္က ကပြဲရံုထဲမွာ ရည္းစားျဖစ္သူနဲ႔ ကေနခဲ့တာလည္းျဖစ္ပါ
တယ္။ Maryရဲ့ ကံၾကမၼာဆိုးကို ဖန္တီးခဲ့သူကေတာ့ မဆင္မျခင္ေမာင္းလာတဲ့ ကားသမားတစ္ဦးပဲျဖစ္ခဲ့ပါ
တယ္။ Maryကို ဝင္တိုက္မိျပီးေနာက္ လြတ္ေျမာက္ေအာင္ ထြက္ေျပးသြားခဲ့ပါတယ္။

သူမရဲ့မိဘေတြရွာေတြတဲ့အခ်ိန္မွာ Maryရဲ့အေလာင္းကိုပဲရွာေတြ႕ခဲ့ပါတယ္။ သူမရဲ့မိဘေတြဟာ
 ပူေဆြးေသာကေရာက္ခဲ့ရျပီး သမီးေလးကို အျဖဴေရာင္ဝတ္စုံနဲ႔ သခ်ၤိဳင္းမွာ ျမဳပ္နွံေပးခဲ့ပါတယ္။သူမကိုတိုက္သြားတဲ့ ကားေမာင္းသမားကိုေတာ့ဖမ္းမိခဲ့ျခင္းမရွိပါဘူး။ ေဒသခံေတြကေတာ့ သူမကားတားစီးတာဟာ သူမကိုတိုက္သြားတဲ့ ကားေမာင္းသမားကိုရွာေနတာ ျဖစ္နိုုင္တယ္လို႔ ယူဆၾကပါတယ္။

Resurrection Mary ဆိုတဲ့ ဒီသရဲဇာတ္လမ္းဟာ လုပ္ၾကံဖန္တီးေျပာဆိုတာ မဟုတ္ပဲ ခ်ီကာဂိုနားက
 အေမရိကန္ေတြက ယံုၾကည္ၾကတယ္လို႔လည္း သိရပါတယ္။ အကယ္၍  Googleထဲမွာလည္း Resurrection Maryလို႔ ရိုုက္ရွာရင္သူမနဲ႔ ပက္သက္တဲ့ အေၾကာင္းအရာေတြ အမ်ားၾကီးက်လာပါလိမ့္မယ္။

Source: wikipedia, listverse

Shwemom

......................................

နာမည်ကြီးလွန်းတဲ့သရဲမMary အကြောင်း တစ်စေ့တစ်စောင်း
By Shwemom - July 14, 2016

United States က ချီကာဂိုပြည်နယ်နားမှာ နေသူတွေဆိုရင်တော့ ဒီအကြောင်းကို လူသိများကြပါတယ်။ Mary လို့အမည်ရတဲ့ မကျွတ်လွတ်သေးတဲ့ သရဲမအကြောင်းကို အမေရိကန်တွေပြောလာခဲ့ကြတာ
 နှစ်ပေါင်းရာနဲ့တောင် ချီသွားခဲ့ပါပြီ။ သူမခြောက်တဲ့နေရာကတော့အီလီနွိုက် ပြည်နယ်နဲ့ ချီကာဂိုပြည်နယ်
ကြားက သချင်္ိုင်းတစ်ခုအနားမှာ ဖြစ်ပါတယ်။

များသောအားဖြင့် အမျိုးသားငယ်တွေပဲ အခြောက်ခံရလေ့ရှိပါတယ်။ သူမဟာ ရွှေရောင်ဆံပင်၊အပြာရောင်
မျက်လုံး၊အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားလေ့ရှိပါတယ်။ သူမသေဆုံးခဲ့တာက ၁၉၃၀ ပြည့်ှနှစ်လွန်
နားလောက်ကလို့လည်းသိရပါတယ်။ သူမဟာ ထိုအနီးနားတစ်ဝိုက်မှာ တောင်တက်သူ တစ်ယောက်
အဖြစ်တွေ့ရလေ့ရှိပြီး တကယ်၍ အမျိုးသားတစ်ယောက်က သူမကို ကားကြုံတင်ပေးရင် သူမဟာ ထိုုအနီးနားက သချင်္ိုင်းရှေ့မှာ ရပ်ခိုင်းလေ့ရှိပါတယ်။ ကားပေါ်ကဆင်းပြီး ကြည့်နေရင်းနဲ့ ပျောက်သွားလေ့ရှိပါတယ်။ ဒီအဖြစ်အပျက်ဟာ နှစ်ပေါင်းရာချီသည့်တိုင်အောင် ဖြစ်ပွားနေတုန်းပါပဲ။


ထိုမိန်းကလေးဟာ အမြဲတမ်း တူညီတဲ့ဝတ်စုံကို ဝတ်ဆင်ထားလေ့ရှိပြီး သချင်္ိုင်းရှေ့ကျရင် အမြဲပျောက်သွားလိုု့ရှိပါတယ်။ သူမရဲ့အကြောင်းကို ဒေသခံတွေပြောတာကတော့ သူမဟာ ၁၉၃၀လောက်က မိန်းမပျိုလေးတစ်ဦးဖြစ်ပြီး သူမရဲ့ရည်းစားနဲ့ စကားများကာ Mary တစ်ယောက် ကပွဲရုံအပြင်ကိုပြေးထွက်လာခဲ့ပြီး
တစ်ယောက်တည်း အေးလွန်းတဲ့ရာသီဥတုမှာ လမ်းလျှောက်ထွက်ခဲ့ပါတယ်။
သူမဟာ ဒီလိုစိတ်ဆိုးပြီး ပြေးမထွက်လာခင်က ကပွဲရုံထဲမှာ ရည်းစားဖြစ်သူနဲ့ ကနေခဲ့တာလည်းဖြစ်ပါ
တယ်။ Maryရဲ့ ကံကြမ္မာဆိုးကို ဖန်တီးခဲ့သူကတော့ မဆင်မခြင်မောင်းလာတဲ့ ကားသမားတစ်ဦးပဲဖြစ်ခဲ့ပါ
တယ်။ Maryကို ဝင်တိုက်မိပြီးနောက် လွတ်မြောက်အောင် ထွက်ပြေးသွားခဲ့ပါတယ်။

သူမရဲ့မိဘတွေရှာတွေတဲ့အချိန်မှာ Maryရဲ့အလောင်းကိုပဲရှာတွေ့ခဲ့ပါတယ်။ သူမရဲ့မိဘတွေဟာ
 ပူဆွေးသောကရောက်ခဲ့ရပြီး သမီးလေးကို အဖြူရောင်ဝတ်စုံနဲ့ သချင်္ိုင်းမှာ မြုပ်နှံပေးခဲ့ပါတယ်။သူမကိုတိုက်သွားတဲ့ ကားမောင်းသမားကိုတော့ဖမ်းမိခဲ့ခြင်းမရှိပါဘူး။ ဒေသခံတွေကတော့ သူမကားတားစီးတာဟာ သူမကိုတိုက်သွားတဲ့ ကားမောင်းသမားကိုရှာနေတာ ဖြစ်နိုုင်တယ်လို့ ယူဆကြပါတယ်။

Resurrection Mary ဆိုတဲ့ ဒီသရဲဇာတ်လမ်းဟာ လုပ်ကြံဖန်တီးပြောဆိုတာ မဟုတ်ပဲ ချီကာဂိုနားက
 အမေရိကန်တွေက ယုံကြည်ကြတယ်လို့လည်း သိရပါတယ်။ အကယ်၍  Googleထဲမှာလည်း Resurrection Maryလို့ ရိုုက်ရှာရင်သူမနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ အများကြီးကျလာပါလိမ့်မယ်။

Source: wikipedia, listverse

Shwemom
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)