Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 2, 2016

Facebook က အသုံးျပဳသူ၏ ဘာသာစကားအလိုက္ Post မ်ားကို အလိုအေလ်ာက္ ဘာသာျပန္ေပးေတာ့မည္

သုံးစြဲသူအႀကိဳက္ ဘာသာစကားျဖင့္ post မ်ားကို အလိုအေလ်ာက္ ဘာသာျပန္ ေဖာ္ျပမည့္ စနစ္တစ္ခုကို Facebook က ဇူလိုင္ ၁ ရက္၌ စတင္ စမ္းသပ္ခဲ့သည္။ ဇူလုိင္ ၁ ရက္မွစၿပီး Facebook သုံးစြဲသူမ်ားသည္ ၎တို႔ ႏွစ္သက္ရာ Post မ်ားကို အျခား ဘာသာ ၄၄ မ်ဳိးအနက္ တစ္မ်ဳိးမ်ဳိးအတြက္ ျပန္ဆိုမႈကို ၾကည့္႐ႈႏုိင္ေတာ့မည္ျဖစ္သည္။

ထိပ္တန္း လူမႈကြန္ရက္ Facebook က ကုမၸဏီမ်ား၊ တံဆိပ္မ်ား၊ အုပ္စုမ်ားႏွင့္ နာမည္ေက်ာ္မ်ား၏ စာမ်က္ႏွာမ်ား Pages ၌ ဘာသာစကားမ်ဳိးစုံ ဖလွယ္ေရး ကိရိယာ စနစ္ကို ယခုႏွစ္ အေစာပိုင္းတြင္ စတင္ အသုံးျပဳခဲ့သည္။ ယခုအခါတြင္ သာမန္ အသုံးျပဳသူမ်ား အားလုံး ယင္းဘာသာျပန္ စနစ္ကို အသုံးျပဳခြင့္ ေပးခဲ့ျခင္းျဖစ္သည္။

Facebook ေပၚတြင္ စာမ်က္ႏွာ ဖန္တီးသူမ်ားႏွင့္ အျခားသုံးစြဲသူမ်ား အေနျဖင့္ ဘာသာစုံသုံး Post တစ္ခု တင္ႏိုင္ၿပီး ျခားနားသည့္ ဘာသာစကား သုံးစြဲသူမ်ားက သူတို႔၏ ဦးစားေပး ဘာသာစကား တစ္ခုတည္းျဖင့္သာ ျမင္ႏိုင္မည္ျဖစ္ရာ လူတို႔ အေနျဖင့္ သူတို႔ႏွင့္ ကြဲျပားျခားနားေသာ ပရိသတ္မ်ားအၾကား တုံ႔လွယ္မႈ ပိုမို ျပဳလုပ္ႏိုင္မည္ဟု ဆိုသည္။

ကမၻာေပၚတြင္ Facebook သုံးစြဲသူ ၁ ဒသမ ၅ ဘီလ်ံ၏ ထက္၀က္ေက်ာ္မွာ အဂၤလိပ္ဘာသာ မဟုတ္ေသာ အျခားဘာသာ စကားကို သုံးသူမ်ားျဖစ္ေၾကာင္း Facebook ကဆိုသည္။ အင္တာနက္ လူမႈကြန္ရက္ သုံးစြဲသူမ်ားအၾကား ဘာသာစကား အဟန္႔အတားကို တစ္ခ်ိန္ခ်ိန္၌ ဖယ္ရွားႏိုင္ေရး ရည္ရြယ္ခ်က္ျဖင့္ ယခု ဘာသာျပန္ အစီအစဥ္ကို လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္းလည္း Facebook က ေျပာခဲ့သည္။

Ref: AFP
EMG
.....
Facebook က အသုံးပြုသူ၏ ဘာသာစကားအလိုက် Post များကို အလိုအလျောက် ဘာသာပြန်ပေးတော့မည်

သုံးစွဲသူအကြိုက် ဘာသာစကားဖြင့် post များကို အလိုအလျောက် ဘာသာပြန် ဖော်ပြမည့် စနစ်တစ်ခုကို Facebook က ဇူလိုင် ၁ ရက်၌ စတင် စမ်းသပ်ခဲ့သည်။ ဇူလိုင် ၁ ရက်မှစပြီး Facebook သုံးစွဲသူများသည် ၎င်းတို့ နှစ်သက်ရာ Post များကို အခြား ဘာသာ ၄၄ မျိုးအနက် တစ်မျိုးမျိုးအတွက် ပြန်ဆိုမှုကို ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။

ထိပ်တန်း လူမှုကွန်ရက် Facebook က ကုမ္ပဏီများ၊ တံဆိပ်များ၊ အုပ်စုများနှင့် နာမည်ကျော်များ၏ စာမျက်နှာများ Pages ၌ ဘာသာစကားမျိုးစုံ ဖလှယ်ရေး ကိရိယာ စနစ်ကို ယခုနှစ် အစောပိုင်းတွင် စတင် အသုံးပြုခဲ့သည်။ ယခုအခါတွင် သာမန် အသုံးပြုသူများ အားလုံး ယင်းဘာသာပြန် စနစ်ကို အသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်သည်။

Facebook ပေါ်တွင် စာမျက်နှာ ဖန်တီးသူများနှင့် အခြားသုံးစွဲသူများ အနေဖြင့် ဘာသာစုံသုံး Post တစ်ခု တင်နိုင်ပြီး ခြားနားသည့် ဘာသာစကား သုံးစွဲသူများက သူတို့၏ ဦးစားပေး ဘာသာစကား တစ်ခုတည်းဖြင့်သာ မြင်နိုင်မည်ဖြစ်ရာ လူတို့ အနေဖြင့် သူတို့နှင့် ကွဲပြားခြားနားသော ပရိသတ်များအကြား တုံ့လှယ်မှု ပိုမို ပြုလုပ်နိုင်မည်ဟု ဆိုသည်။

ကမ္ဘာပေါ်တွင် Facebook သုံးစွဲသူ ၁ ဒသမ ၅ ဘီလျံ၏ ထက်ဝက်ကျော်မှာ အင်္ဂလိပ်ဘာသာ မဟုတ်သော အခြားဘာသာ စကားကို သုံးသူများဖြစ်ကြောင်း Facebook ကဆိုသည်။ အင်တာနက် လူမှုကွန်ရက် သုံးစွဲသူများအကြား ဘာသာစကား အဟန့်အတားကို တစ်ချိန်ချိန်၌ ဖယ်ရှားနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခု ဘာသာပြန် အစီအစဉ်ကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း Facebook က ပြောခဲ့သည်။

Ref: AFP


No comments:

Post a Comment