Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 3, 2016

အစိုးရရဲ႕ အသံုးအႏႈန္းကို ရခိုင္္ ၿမိဳ႕နယ္ ၁၅ ခု ကန္႔ကြက္

အစိုးရရဲ႕ "ရခိုင္ျပည္နယ္က မြတ္စလင္အသိုင္းအဝိုင္း"ဆိုတဲ့ အသံုးအႏႈန္းကို ကန္႔ကြက္ေၾကာင္း စစ္ေတြၿမိဳ႕မွာ ဇူလိုင္လ ၃ ရက္ေန႔က ဆႏၵျပကန္႔ကြက္ၾကစဥ္။ Photo: Min Thein Aung/RFA
အစိုးရရဲ႕ "ရခိုင္ျပည္နယ္က မြတ္စလင္အသိုင္းအဝိုင္း"ဆိုတဲ့ အသံုးအႏႈန္းကို ကန္႔ကြက္ေၾကာင္း ေဒသ ခံေတြ ေထာင္နဲ႔ခ်ီၿပီး  ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၁၅ ခုမွာ ဒီေန႔ တၿပိဳင္တည္း ဆႏၵျပကန္႔ကြက္ၾကပါတယ္။

စစ္ေတြ၊ ဘူူးသီးေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦး၊ ေက်ာက္ျဖဴ၊ ေျမပံု၊ အမ္း၊ ရမ္းၿဗဲ၊ သံတြဲ စတဲ့ ၿမိဳ႕ေတြမွာ ဆႏၵျပပြဲေတြလုပ္ၾကတာျဖစ္ၿပီး အစိုးရရဲ႕ အသံုးအႏႈန္းသစ္ကို လက္မခံေၾကာင္းနဲ႔ ကန္႔ကြက္မႈေတြ ဆက္လက္ျပဳ လုပ္သြားမွာျဖစ္ေၾကာင္း စစ္ေတြၿမိဳ႕က ဆႏၵျပပြဲကို ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ဦးေအာင္ေဌးက ေျပာပါတယ္။

"ရခိုင္ျပည္နယ္မွာ ဘဂၤလီက ဘဂၤလီ၊ ရခိုင္က ရခိုင္လို႔ ရွိပါလွ်က္ကယ္နဲ႔ အဲ့လိုမ်ိဳး ရခိုင္ျပည္မွ အစၥလာမ္ ဘာသာ ကိုးကြယ္သူမ်ား၊ ရခိုင္ျပည္နယ္မွ ဗုဒၶဘာသာကိုးကြယ္သူမ်ားလို႔သာ ဆက္လက္သံုးစြဲလာ ခဲ့မယ္ဆိုရင္ ျပည္ေထာင္စုအစိုးရဟာ ရခိုင္ျပည္သူျပည္သားေတြကို လံုးဝမေလးစားရာ ေရာက္တဲ့ အတြက္ေၾကာင့္ ေနာက္ေနာင္ျဖစ္လာမယ့္ အေျခအေနေတြဟာ ျပည္သူေတြနဲ႔မဆိုင္ေတာ့ပဲ အစိုးရနဲ႔ပဲ သက္ဆုိင္သြားမယ္၊ ဒီစကားကိုေတာ့ လံုးဝလက္မခံေတာ့ႏိုင္ဘူးဆိုၿပီးေတာ့ ျပတ္ျပတ္သားသား ျပင္းျပင္း ထန္ထန္ အခုလည္းကန္႔ကြက္တယ္၊ ေနာက္ေနာင္လည္း ကန္႔ကြက္သြားမယ့္အစီအစဥ္ေတြ အမ်ားႀကီး ရွိပါတယ္ခင္ဗ်"

ၿပီးခဲ့တဲ့ ဇြန္လ ၁၇ ရက္ေန႔က က်င္းပခဲ့တဲ့ ၃၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ ျမန္မာ ကိုယ္စားလွယ္က "ရခိုင္ျပည္နယ္က မြတ္စလင္အသိုင္းအဝိုင္း"လို႔ သံုးႏႈန္းဖို႔ တင္ျပခဲ့တာအျပင္ ျပန္ၾကားေရး ဝန္ႀကီးဌာနကလည္း " ရခိုင္ျပည္နယ္ရိွ အစၥလာမ္ဘာသာ ကိုးကြယ္သူမ်ား" "ရခိုင္ျပည္နယ္ရိွ ဗုဒၶဘာသာ ကိုးကြယ္သူမ်ား"လို႔ သံုးႏႈန္းဖို႔ အစိုးရပိုင္မီဒီယာေတြကို ညႊန္ၾကားခဲ့တာျဖစ္ပါတယ္။

အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ ရခိုင္လူမ်ိဳးေတြရဲ႕ အမည္ကို ရည္ရြယ္ခ်က္ရိွရိွ ေဖ်ာက္ဖ်က္ရာေရာက္သလို ဘဂၤါလီလူမ်ိဳးေတြရဲ႕ လာရာဇာတိကို ဖံုးကြယ္ပစ္ရာေရာက္တယ္လို႔လည္း ဆႏၵျပပြဲ ဦးေဆာင္သူေတြကေျပာ ပါတယ္။

အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္အတြင္းမွာေနထိုင္တဲ့ မြတ္စလင္ေတြကို ဘဂၤါလီလူမ်ိဳးေတြလို႔ ေခၚေဝၚသံုးႏႈန္းဖို႔ ဆႏၵျပသူေတြက ေတာင္းဆိုၾကပါတယ္။

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၁၇ ခုထဲက ရေသ့ေတာင္ၿမိဳ႕နယ္နဲ႔ ဂြၿမိဳ႕နယ္ေတြမွာ လာမယ့္ ဇြန္လ ၅ ရက္ေန႔မွာ အလားတူ ဆႏၵျပပြဲေတြ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနၾကတယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........

အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ဆန္ဒပြကန့်ကွက်ကြစဉ်။ Photo: Min Thein Aung/RFA
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဒေသ ခံတွေ ထောင်နဲ့ချီပြီး  ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြကန့်ကွက်ကြပါတယ်။

စစ်တွေ၊ ဘူူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ မြို့တွေမှာ ဆန္ဒပြပွဲတွေလုပ်ကြတာဖြစ်ပြီး အစိုးရရဲ့ အသုံးအနှုန်းသစ်ကို လက်မခံကြောင်းနဲ့ ကန့်ကွက်မှုတွေ ဆက်လက်ပြု လုပ်သွားမှာဖြစ်ကြောင်း စစ်တွေမြို့က ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးက ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ဘင်္ဂလီက ဘင်္ဂလီ၊ ရခိုင်က ရခိုင်လို့ ရှိပါလျှက်ကယ်နဲ့ အဲ့လိုမျိုး ရခိုင်ပြည်မှ အစ္စလာမ် ဘာသာ ကိုးကွယ်သူများ၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာကိုးကွယ်သူများလို့သာ ဆက်လက်သုံးစွဲလာ ခဲ့မယ်ဆိုရင် ပြည်ထောင်စုအစိုးရဟာ ရခိုင်ပြည်သူပြည်သားတွေကို လုံးဝမလေးစားရာ ရောက်တဲ့ အတွက်ကြောင့် နောက်နောင်ဖြစ်လာမယ့် အခြေအနေတွေဟာ ပြည်သူတွေနဲ့မဆိုင်တော့ပဲ အစိုးရနဲ့ပဲ သက်ဆိုင်သွားမယ်၊ ဒီစကားကိုတော့ လုံးဝလက်မခံတော့နိုင်ဘူးဆိုပြီးတော့ ပြတ်ပြတ်သားသား ပြင်းပြင်း ထန်ထန် အခုလည်းကန့်ကွက်တယ်၊ နောက်နောင်လည်း ကန့်ကွက်သွားမယ့်အစီအစဉ်တွေ အများကြီး ရှိပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ ကိုယ်စားလှယ်က "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"လို့ သုံးနှုန်းဖို့ တင်ပြခဲ့တာအပြင် ပြန်ကြားရေး ဝန်ကြီးဌာနကလည်း " ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ" "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ"လို့ သုံးနှုန်းဖို့ အစိုးရပိုင်မီဒီယာတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ရခိုင်လူမျိုးတွေရဲ့ အမည်ကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ရာရောက်သလို ဘင်္ဂါလီလူမျိုးတွေရဲ့ လာရာဇာတိကို ဖုံးကွယ်ပစ်ရာရောက်တယ်လို့လည်း ဆန္ဒပြပွဲ ဦးဆောင်သူတွေကပြော ပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မွတ်စလင်တွေကို ဘင်္ဂါလီလူမျိုးတွေလို့ ခေါ်ဝေါ်သုံးနှုန်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုထဲက ရသေ့တောင်မြို့နယ်နဲ့ ဂွမြို့နယ်တွေမှာ လာမယ့် ဇွန်လ ၅ ရက်နေ့မှာ အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment