Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 29, 2016

ကလေးတွေ ခြေနဲ့လက်မှာ အနာပေါက်ရင် လျင်မြန်စွာ ကုသဖို့လိုအပ်

ကလေးတွေရဲ့ ခြေတွေ လက်တွေ မှာ အနာတွေ ပေါက်တဲ့အခါ ပိုးဝင်ပြီး ကျောက်ကပ်ထိခိုက်နိုင်တာကြောင့် အမြန်ဆုံးကုသဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ရောဂါပိုးဝင်ပြီး ကျောက်ကပ်ရောင်ခြင်းဟာ နာတာရှည်ဖြစ်ပေါ်လာကာ ကျောက်ကပ်ပျက်စီးသွားနိုင်တာကြောင့် သေချာမကုသရင် အသက်အန္တရာယ်ရှိတာ ဖြစ်တယ်လို့ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာဇာနည်ဇင်က ပြောကြားထားကြောင်း သိရပါတယ်။
ချက်ချင်းမကုရင် အနာကနေ ပိုးဝင်လာနိုင်ကာ နှစ်ပတ်၊ တစ်လ ကြာတဲ့အခါ ကလေးမျက်နှာက အမ်းလာကြောင်း၊ သွေးပေါင်တွေ တက်လာကြောင်းနဲ့ ဆီးသွေးစစ်ကြည့်တဲ့အခါ ကျောက်ကပ်ရောင်တာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆီးစွန့်ထုတ်မှုနည်းပြီး မျက်နှာအန်းလာခြင်း၊ ဆီးသွားတဲ့အခါ သွေးပါခြင်း၊ သွေးပေါင်တက်ခြင်း၊ ဗိုက်နာခြင်း၊ နုံးခြင်း၊ အရေပြား ယားယံခြင်းနဲ့ ကြွက်တက်ခြင်းတွေဟာ ကျောက်ကပ်ရောင်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ သိရပါတယ်။
Photos & Source: 7Day Daily
============
Duwun

No comments:

Post a Comment