Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, July 6, 2016

ဝမ္းဗိုက္မွ အဆီေလွ်ာ့ခ်ျခင္းျဖင့္ ႏွလံုးေရာဂါကို ကာကြယ္ႏုိင္


ခါးအတုိင္းအတာကို ေလွ်ာ့ခ်ႏိုင္တာေၾကာင့္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခ ၇၂ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ႏုိင္ၿပီး ေလျဖတ္ႏုိင္ေျခနဲ႔ ဆီးခ်ဳိေရာဂါ ျဖစ္ႏိုင္ေျခ ထက္ဝက္ ေလွ်ာ့ခ်ႏုိင္ပါတယ္။ တျခား အဆီအမ်ဳိးအစားေတြျဖစ္တဲ့ ေပါင္နဲ႔ တင္ပါးမွာ အဆီရွိတာဟာ ခႏၶာကုိယ္ ဝေစသလုိသာ ျဖစ္တတ္ေပမယ့္ ဝမ္းဗိုက္မွ အဆီေတြဟာ ေရာင္ရမ္းမႈျဖစ္ေစတဲ့ ပစၥည္းေတြ ထုတ္လုပ္တတ္လုိ႔ပါလုိ႔ သုေတသီေတြက ဆုိပါတယ္။ ဝမ္းဗိုက္မွအဆီေတြ အျမန္ဆံုး ေပ်ာ္ဝင္သြားေအာင္ ေအာက္ပါတုိ႔ကို ျပဳလုပ္ပါလုိ႔ ကၽြမ္းက်င္သူေတြက အႀကံေပးထားပါတယ္။

၁။ တစ္ပတ္မွာ ႏွစ္ရက္ အစာေလွ်ာ့စားပါ
အပတ္စဥ္ ႏွစ္ရက္ေလာက္ ကာဗုိဟုိက္ဒရိတ္ကုိ ေလွ်ာ့စားတာေၾကာင့္ ေလးလအတြင္း ဝမ္းဗိုက္မွအဆီ ကိုးေပါင္ေလ်ာ့က်ပါတယ္။ ဒါဟာ တစ္ပတ္လံုးလံုး အစာေလွ်ာ့စားတာထက္ ႏွစ္ဆပိုၿပီး အဆီေလ်ာ့တယ္လုိ႔ ဆုိပါတယ္။ ေရတုိကာဗုိဟုိက္ဒရိတ္ ေရွာင္ရွားတာေၾကာင့္ အဆီေလာင္ကၽြမ္းမႈ ျမင့္တက္ႏိုင္တယ္လုိ႔ သုေတသီေတြက ဆုိပါတယ္။ ဒါေၾကာင့္ တစ္ပတ္မွာ ႏွစ္ရက္ကို ကာဗုိဟုိက္ဒရိတ္ မပါဘဲ ၾကက္သား၊ ငါးနဲ႔ ၾကက္ဥလုိမ်ဳိး ပ႐ုိတင္းဓာတ္သာ စားၿပီး က်န္ငါးရက္ကို ပံုမွန္အတုိင္း စားေပးပါ။

၂။ ပါကင္ေပၚမွ စာတန္းေတြကို ေသခ်ာဖတ္ပါ
ပါကင္ေပၚမွ စာတန္းေတြကို ဖတ္႐ႈရာမွာ အာဟာရဓာတ္နဲ႔ ပတ္သက္ၿပီး ေပးထားတဲ့ သတင္း အခ်က္အလက္ေတြကို အဓိကထား ဖတ္ၿပီးမွ စားသံုးပါ။

၃။ ေလ့က်င့္ခန္းလုပ္အၿပီး အဆာေျပ အစာမစားခင္ ခဏေစာင့္ပါ
ေလ့လာမႈ တစ္ခုအရ တစ္ႀကိမ္ကို မိနစ္ ၃၀ ႏႈန္းနဲ႔ အေလးမ ေလ့က်င့္ခန္းကို တစ္ပတ္ ႏွစ္ႀကိမ္ျပဳလုပ္တဲ့ အမ်ဳိးသမီးေတြဟာ ဝမ္းဗိုက္မွအဆီ ေပါင္ ၂၀ ေလ်ာ့သြားတယ္လုိ႔ သိရပါတယ္။ သူတုိ႔ဟာ ေလ့က်င့္ခန္းလုပ္အၿပီး မိနစ္ ၄၀ အတြင္းမွာ ေရကလြဲၿပီး ဘာအစားအေသာက္မွ မစားမေသာက္ဘူးလုိ႔ ဆုိပါတယ္။ အေလးမ ေလ့က်င့္ခန္း ျပဳလုပ္တာေၾကာင့္ အဆီေလာင္ကၽြမ္းႏိုင္တဲ့ ေဟာ္မုန္း ထုတ္လုပ္မႈေတြ ျမင့္တက္လာပါတယ္။ ဒါေပမဲ့ ေလ့က်င့္ခန္း လုပ္ၿပီးၿပီးခ်င္း အစာစားလိုက္တာေၾကာင့္ ေဟာ္မုန္းထုတ္လုပ္မႈ ျပန္က်ဆင္းသြားပါတယ္။

၄။ ဝမ္းဗိုက္မွအဆီ က်ဳံ႕သြားေအာင္ Green Tea ေသာက္ပါ
ေန႔စဥ္ Green Tea ေလးခြက္ေသာက္တာေၾကာင့္ ဝမ္းဗိုက္မွ အဆီသိုေလွာင္မႈေတြ ၇၆ ရာခုိင္ႏႈန္းခန္႔ ပိုမုိၿပီး က်ဳံ႕သြားႏိုင္တယ္လို႔ သုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။ Green Tea မွာပါဝင္တဲ့ Polyphenol ျဒပ္ေပါင္းေတြဟာ ဝမ္းဗိုက္ အဆီေလာင္ကၽြမ္းမႈကို ျမန္ဆန္ေစႏိုင္လုိ႔ပါလုိ႔ သုေတသီေတြက ဆုိပါတယ္။

( Beauty Syh )

#health.thithtoolwin.com
#သစ္ထူးလြင္(က်န္းမာေရး)

Ref : Good Health
......

ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ရ၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက် လျှော့ချနိုင်ပါတယ်။ တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့ တင်ပါးမှာ အဆီရှိတာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ တစ်ပတ်မှာ နှစ်ရက် အစာလျှော့စားပါ
အပတ်စဉ် နှစ်ရက်လောက် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားတာကြောင့် လေးလအတွင်း ဝမ်းဗိုက်မှအဆီ ကိုးပေါင်လျော့ကျပါတယ်။ ဒါဟာ တစ်ပတ်လုံးလုံး အစာလျှော့စားတာထက် နှစ်ဆပိုပြီး အဆီလျော့တယ်လို့ ဆိုပါတယ်။ ရေတိုကာဗိုဟိုက်ဒရိတ် ရှောင်ရှားတာကြောင့် အဆီလောင်ကျွမ်းမှု မြင့်တက်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် တစ်ပတ်မှာ နှစ်ရက်ကို ကာဗိုဟိုက်ဒရိတ် မပါဘဲ ကြက်သား၊ ငါးနဲ့ ကြက်ဥလိုမျိုး ပရိုတင်းဓာတ်သာ စားပြီး ကျန်ငါးရက်ကို ပုံမှန်အတိုင်း စားပေးပါ။

၂။ ပါကင်ပေါ်မှ စာတန်းတွေကို သေချာဖတ်ပါ
ပါကင်ပေါ်မှ စာတန်းတွေကို ဖတ်ရှုရာမှာ အာဟာရဓာတ်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ သတင်း အချက်အလက်တွေကို အဓိကထား ဖတ်ပြီးမှ စားသုံးပါ။

၃။ လေ့ကျင့်ခန်းလုပ်အပြီး အဆာပြေ အစာမစားခင် ခဏစောင့်ပါ
လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၃၀ နှုန်းနဲ့ အလေးမ လေ့ကျင့်ခန်းကို တစ်ပတ် နှစ်ကြိမ်ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ ဝမ်းဗိုက်မှအဆီ ပေါင် ၂၀ လျော့သွားတယ်လို့ သိရပါတယ်။ သူတို့ဟာ လေ့ကျင့်ခန်းလုပ်အပြီး မိနစ် ၄၀ အတွင်းမှာ ရေကလွဲပြီး ဘာအစားအသောက်မှ မစားမသောက်ဘူးလို့ ဆိုပါတယ်။ အလေးမ လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီလောင်ကျွမ်းနိုင်တဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေ မြင့်တက်လာပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း အစာစားလိုက်တာကြောင့် ဟော်မုန်းထုတ်လုပ်မှု ပြန်ကျဆင်းသွားပါတယ်။

၄။ ဝမ်းဗိုက်မှအဆီ ကျုံ့သွားအောင် Green Tea သောက်ပါ
နေ့စဉ် Green Tea လေးခွက်သောက်တာကြောင့် ဝမ်းဗိုက်မှ အဆီသိုလှောင်မှုတွေ ရ၆ ရာခိုင်နှုန်းခန့် ပိုမိုပြီး ကျုံ့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ Green Tea မှာပါဝင်တဲ့ Polyphenol ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေနိုင်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : Good Health

No comments:

Post a Comment