သတင်းစာများထဲ ဗိုလ်ချုပ်အောင်ဆန်းမှတ်တမ်းများ



၇- တန်း ၈ တန်းလောက်တုန်းက အဘိုးအိမ်ကို သွားရှင်းပေးရင်း သူ့ကုတင်အောက်ကနေ ကြွပ်ကြွ့ပ်အိတ်လေးထဲမှာ သေချာထုတ်ထားတဲ့ အထုတ်လေးတစ်ထုတ်ကို သွားတွေ့တယ်။ ဖွင့်လည်းကြည့်လိုက်ကော ဗိုလ်ချုပ်တို့ ကျဆုံးပြီးတဲ့နေ့မှာ ထုတ်တဲ့ သတင်းစာ ဖြတ်ညှပ်ကပ် အပိုင်းစလေးတွေကို သိမ်းထားတာ။ အဲ့ဒါနဲ့ အဲ့ဒီ အထုတ်လေးကို အဘိုးဆီကနေတောင်း။ အိမ်ကိုယူလာ။ စာအုပ်လေးတစ်အုပ်ဝယ်ပြီး ကော်နဲ့ သေချာကပ်ပီး သိမ်းထားတာ။ အဲ့တုန်းက ငယ်လည်းငယ်သေးတော့ ဟို ဘဘကြီးတွေခေတ်ကလည်း ဖြစ်ဆိုတော့ အော် ဒါတွေငါ သိမ်းထားလို့ ငါ့ လာဖမ်းသွားဦးမယ် ဆိုပြီး ကြောက်ခဲ့ဖူးတယ်။ စာအုပ်လေးကို ဘုရားစင်ရဲ့ အောက်မှာ ၀ှက်ထားတာ။ သူငယ်ချင်းတွေကို ပြဖို့ ကျောင်းကို ယူသွားချင်ပေမဲ့ ဖမ်းခံရမှာ ကြောက်လို့ တစ်ခါ လားပဲ ယူသွားခဲ့ဖူးတယ်။ အာဇာနည်နေ့နီးလာရင် ဒီစာအုပ်လေးကို အမြဲ ဖွင့်ဖွင့်ဖတ်ဖြစ်တယ်။ အရင်ကတော့ ငယ်လည်း ငယ်သေးတော့ အဲ့အကြောင်းတွေ ကို သေချာမသိခဲ့ဘူး။ ဒါပေမဲ့ အဲ့စာအုပ်ထဲက ပုံတွေကို ကြည့်ပီး ခံစားမိတာကတော့ ရင်ထဲက စို့စို့လာသလို ၀မ်းနည်းသလိုပါပဲ။ စာအုပ်လေးထဲက အိုးဝေသတင်းစာရဲ့ ဖြတ်ညှပ်ကပ်ထဲမှာ ရေးထားတဲ့ စာလေးကို ဖတ်ရတာ ရင်ထဲကို အရမ်းထိတယ်။ ဗိုလ်ချုပ်ကို မမှီခဲ့ရပေမဲ့ အဲ့စာလေးတစ်ကြောင်းက ဗိုလ်ချုပ်ရဲ့ ဂုဏ်ကို ပေါ်လွင်စေတယ်လို့ ခံစားမိတယ်။ အဲ့စာလေးက
" ဗိုလ်ချုပ်က ကျဆုံးခဲ့လေပြီ။ သို့သော် သူ၏ သြဇာနှင့် စေတနာတို့ကား မြန်မာတို့၏ ကောင်းကျိုးချမ်းသာကို အမြဲ ဆော်သြ လမ်းညွှန်လျက်ရှိပေမည်” တဲ့။ အဲ့ စာအုပ်ထဲ တစ်ချို့သော်ပုံလေးတွေကို ဗိုလ်ချုပ်တို့အတွက် ဆုတောင်းရင်း မျှဝေလိုက်ပါတယ်
ခရက်ဒစ် အောင်ထက်































Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)