Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 4, 2016

တ႐ုတ္ႏုိင္ငံတြင္ ျမန္မာသတုိ႔သမီး ၀ယ္လုိအားျမင့္လာလ်က္ရွိ



၂၀၀၆ မွ ၂၀၁၆ အတြင္း ျမန္မာႏုိင္ငံမွ တ႐ုတ္ႏုိင္ငံသုိ႔ လူကုန္ကူးခံရသူ သံုးေထာင္ေက်ာ္ ခန္႔ရွိသည္ဟု တရား၀င္စားရင္းမ်ားတြင္ ေဖာ္ျပသည္။

ရန္ကုန္အေျခစုိက္ လူကုန္ကူးမႈတုိက္ဖ်က္ေရး တပ္ဖြဲ႕မွ ရဲမွဴး ရဲ၀င္းေအာင္က “သူတုိ႔ထဲမွာ အမ်ဳိးသမီး ႏွစ္ေထာင္ခန္႔ ပါ၀င္ၿပီး အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္ ေလးရာခန္႔ ပါ၀င္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

“သူတုိ႔ကုိ တ႐ုတ္ႏုိင္ငံမွာ အလုပ္ရမယ္လုိ႔ လိမ္ေခၚသြားၿပီး ဟုိေရာက္ေတာ့ တ႐ုတ္အမ်ဳိးသားေတြရဲ႕ မယားအျဖစ္ ေရာင္းစားခံရပါတယ္” ဟု ရဲမွဴးက ေျပာၾကားခဲ့ၿပီး ထုိသုိ႔ေသာ အမႈမ်ဳိး ၈၀၀ ခန္႔ရွိသည္ဟု ဆုိသည္။

အစုိးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ား၏ အဆုိအရ အမွန္တကယ္ လူကုန္ကူးခံရသူ အေရအတြက္မွာ တရား၀င္စာရင္းထက္ မ်ားစြာ ပုိမုိသည္ဟုဆုိသည္။ အထူးသျဖင့္ ကခ်င္ျပည္နယ္တြင္ ဆင္းရဲမြဲေတမႈႏွင့္ စစ္ပြဲမ်ားေၾကာင့္ ေထာင္ႏွင့္ခ်ီ၍ တ႐ုတ္ႏုိင္ငံသုိ႔ လူကုန္ကူးခံေနရသည္ဟု ဆုိသည္။

အိမ္နီးခ်င္း ထုိင္းႏုိင္ငံတြင္လည္း ျမန္မာေရႊ႕ေျပာင္း လုပ္သား သန္းႏွင့္ခ်ီရွိေနၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စားေသာက္ဆုိင္မ်ားႏွင့္ စက္႐ံုမ်ားတြင္ လုပ္ကုိင္လ်က္ရွိသည္။ ထုိေရႊ႕ေျပာင္း လုပ္သားမ်ားမွာ အႏုိင္က်င့္ အျမတ္ထုတ္ခံရမႈမ်ား မၾကာခဏ ရင္ဆုိင္ေနရၿပီး အထူးသျဖင့္ အလုပ္ပါမစ္မရွိသူမ်ားတြင္ ပုိမုိ ရင္ဆုိင္ႀကဳံေတြ႕ေနရသည္။

က်ားမအခ်ဳိး မညီမွ်မႈ ျဖစ္ေပၚေနသည့္ တ႐ုတ္ႏုိင္ငံတြင္လည္း ျမန္မာ သတုိ႔သမီး ၀ယ္လုိအားျမင့္လာလ်က္ရွိသည္။

ယခုလအတြင္း အေမရိကန္ႏုိင္ငံက ထုတ္ျပန္သည့္ လူကုန္ကူးမႈဆုိင္ရာ စာရင္းတြင္ ျမန္မာႏုိင္ငံအား အဆုိး၀ါးဆံုးအဆင့္၌ ေဖာ္ျပထားသျဖင့္ ထြန္းသစ္စ ဒီမုိကေရစီႏုိင္ငံမွာ သံတမန္ေရးရာ ေနာက္ေၾကာင္းျပန္မႈတစ္ခုႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။

ျမန္မာအစုိးရသည္ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအတြက္ အနိမ့္ဆံုး စံသတ္မွတ္ခ်က္မ်ားကုိ ျပည့္မီျခင္းမရွိဟု အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ႏွစ္စဥ္ထုတ္ျပန္သည့္ အစီရင္ခံစာတြင္ ေဖာ္ျပထားၿပီး လူကုန္ကူးမႈအတြက္ အနိမ့္ဆံုး သတ္မွတ္ခ်က္ “အဆင့္ ၃ ” စာရင္းတြင္ ထည့္သြင္းခဲ့သည္။

“ျမန္မာအမ်ဳိးသမီးေတြဟာ တ႐ုတ္ႏုိင္ငံကုိ တင္ပုိ႔ခံေနရၿပီး လိင္မႈကိစၥအတြက္ လူကုန္ကူးမႈ အတင္းအက်ပ္ လက္ထပ္ေစကာ အိမ္တြင္း ႏွိပ္စက္ခံရမႈေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္” ဟု အစီရင္ခံစာတြင္ ေဖာ္ျပထားၿပီး လူကုန္ကူးမႈအခ်ဳိ႕တြင္ အစုိးရအရာရွိမ်ား ပါ၀င္ပတ္သက္ေနျခင္းက လူကုန္ကူးမႈ ျမင့္မားေစသည့္ အေၾကာင္းရင္းတစ္ရပ္ ျဖစ္သည္ဟု ဆုိသည္။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
.....



၂၀၀၆ မှ ၂၀၁၆ အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ သုံးထောင်ကျော် ခန့်ရှိသည်ဟု တရားဝင်စားရင်းများတွင် ဖော်ပြသည်။

ရန်ကုန်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့မှ ရဲမှူး ရဲဝင်းအောင်က “သူတို့ထဲမှာ အမျိုးသမီး နှစ်ထောင်ခန့် ပါ၀င်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် လေးရာခန့် ပါ၀င်ပါတယ်” ဟု ပြောကြားခဲ့သည်။

“သူတို့ကို တရုတ်နိုင်ငံမှာ အလုပ်ရမယ်လို့ လိမ်ခေါ်သွားပြီး ဟိုရောက်တော့ တရုတ်အမျိုးသားတွေရဲ့ မယားအဖြစ် ရောင်းစားခံရပါတယ်” ဟု ရဲမှူးက ပြောကြားခဲ့ပြီး ထိုသို့သော အမှုမျိုး ၈၀၀ ခန့်ရှိသည်ဟု ဆိုသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အဆိုအရ အမှန်တကယ် လူကုန်ကူးခံရသူ အရေအတွက်မှာ တရားဝင်စာရင်းထက် များစွာ ပိုမိုသည်ဟုဆိုသည်။ အထူးသဖြင့် ကချင်ပြည်နယ်တွင် ဆင်းရဲမွဲတေမှုနှင့် စစ်ပွဲများကြောင့် ထောင်နှင့်ချီ၍ တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရသည်ဟု ဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း မြန်မာရွှေ့ပြောင်း လုပ်သား သန်းနှင့်ချီရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စားသောက်ဆိုင်များနှင့် စက်ရုံများတွင် လုပ်ကိုင်လျက်ရှိသည်။ ထိုရွှေ့ပြောင်း လုပ်သားများမှာ အနိုင်ကျင့် အမြတ်ထုတ်ခံရမှုများ မကြာခဏ ရင်ဆိုင်နေရပြီး အထူးသဖြင့် အလုပ်ပါမစ်မရှိသူများတွင် ပိုမို ရင်ဆိုင်ကြုံတွေ့နေရသည်။

ကျားမအချိုး မညီမျှမှု ဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံတွင်လည်း မြန်မာ သတို့သမီး ၀ယ်လိုအားမြင့်လာလျက်ရှိသည်။

ယခုလအတွင်း အမေရိကန်နိုင်ငံက ထုတ်ပြန်သည့် လူကုန်ကူးမှုဆိုင်ရာ စာရင်းတွင် မြန်မာနိုင်ငံအား အဆိုးဝါးဆုံးအဆင့်၌ ဖော်ပြထားသဖြင့် ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံမှာ သံတမန်ရေးရာ နောက်ကြောင်းပြန်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

မြန်မာအစိုးရသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်များကို ပြည့်မီခြင်းမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပြီး လူကုန်ကူးမှုအတွက် အနိမ့်ဆုံး သတ်မှတ်ချက် “အဆင့် ၃ ” စာရင်းတွင် ထည့်သွင်းခဲ့သည်။

“မြန်မာအမျိုးသမီးတွေဟာ တရုတ်နိုင်ငံကို တင်ပို့ခံနေရပြီး လိင်မှုကိစ္စအတွက် လူကုန်ကူးမှု အတင်းအကျပ် လက်ထပ်စေကာ အိမ်တွင်း နှိပ်စက်ခံရမှုတွေနဲ့ ကြုံတွေ့နေရပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး လူကုန်ကူးမှုအချို့တွင် အစိုးရအရာရှိများ ပါ၀င်ပတ်သက်နေခြင်းက လူကုန်ကူးမှု မြင့်မားစေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment