Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 4, 2016
အောင်မင်္ဂလာအဝေးပြေးဝင်းတွင် လူခေါ်ပွဲစားပပျောက်ရေး စည်ပင်နှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေ
ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးတွင် စည်ပင်သာယာရေးကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များပူးပေါင်းပြီး လူခေါ်ပွဲစားပပျောက်ရေးနှင့် ခရီးသွားခက်ခဲနေသူများကို ဆောင်ရွက်ရေးအတွက် ဂိတ်ပေါက်ဝမှ အဝေးပြေးဝင်းအတွင်းသို့ အခမဲ့ယာဉ်သုံးစီးပြေးဆွဲပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အခွန်ဌာနမှ ဒုဌာနမှူး ဦးဥာဏ်ထွန်းအောင်က News Watch သို့ ပြောကြားသည်။
အဝေးပြေးဂိတ်များတွင် လူခေါ်ပွဲစားများပြားနေပြီး ခရီးသည်များနှင့် ပစ္စည်းကို ဆွဲယမ်းမှုနှင့် ကာယိနြေ္ဒပျက်စီး မှုများဖြစ်ပေါ်နေသောကြောင့် ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန် အောင်မင်္ဂလာအဝေးပြေးရှိ စည်ပင် သာယာရေးကော်မတီအခွန်ဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ အထက်ပါအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။
စန်းလင်းရွှေ
...
ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးတွင် စည်ပင်သာယာရေးကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များပူးပေါင်းပြီး လူခေါ်ပွဲစားပပျောက်ရေးနှင့် ခရီးသွားခက်ခဲနေသူများကို ဆောင်ရွက်ရေးအတွက် ဂိတ်ပေါက်ဝမှ အဝေးပြေးဝင်းအတွင်းသို့ အခမဲ့ယာဉ်သုံးစီးပြေးဆွဲပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အခွန်ဌာနမှ ဒုဌာနမှူး ဦးဉာဏ်ထွန်းအောင်က News Watch သို့ ပြောကြားသည်။
အဝေးပြေးဂိတ်များတွင် လူခေါ်ပွဲစားများပြားနေပြီး ခရီးသည်များနှင့် ပစ္စည်းကို ဆွဲယမ်းမှုနှင့် ကာယိန္ဒြေပျက်စီး မှုများဖြစ်ပေါ်နေသောကြောင့် ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန် အောင်မင်္ဂလာအဝေးပြေးရှိ စည်ပင် သာယာရေးကော်မတီအခွန်ဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ အထက်ပါအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။
''လူခေါ်ပွဲစားနဲ့ပတ်သက်ပြီးတော့ လူခေါ်ပွဲစားနှစ်မျိုးရှိတယ်။ ကားမှတ်တိုင်သွားပြီး လူခေါ်တယ်။ နောက် တမျိုးက ဂိတ်ကဝန်ထမ်းတွေ မွေးထားတဲ့သူတွေရှိတယ်။ ဘာဖြစ်လို့ မွေးထားရတာလဲဆိုတော့ အဝေးပြေး ဂိတ်အချို့က ခရီးသည်မရဘူး။ ရအောင်လို့ ဂိတ်ရဲ့အပြင်သွားပြီး ခေါ်ခိုင်းတယ်။ အဲလိုနဲ့လူခေါ်ပွဲစားများလာ တော့ ခရီးသည်တွေကို ဆွဲလိုက်၊ ရမ်းလိုက်လုပ်ကြတယ်။ ပြီးတော့ အချို့ပွဲစားတွေက ခရီးသည်များကို ကူညီပေးတယ်။ အချို့ပွဲစားတွေက ခရီးသည်တွေကို ခေါ်လို့မရဘူးဆိုရင် ရိုင်းပျစွာပြောဆိုဆက်ဆံကြတယ်။ ဒီလိုနဲ့ ခရီးသည်တွေတော်တော်များများ ဒုက္ခရောက်ကြတယ်။ မိမိတို့အဖွဲ့အနေနဲ့ ဒီလိုမဖြစ်ရအောင် စီစဉ်နေ တာ တနှစ်ရှိပြီ။ ပြေးဆွဲနေတဲ့ကားက သုံးစီးပဲရှိတယ်။ အချို့ဂိတ်တွေကလည်း အလှည့်ကျပြေးဆွဲကြတယ်။ အလုပ်ရှင်များကလည်း ကုသိုလ်အဖြစ် လာပြေးဆွဲပေးတယ်''ဟု ဦးဉာဏ်ထွန်းအောင်က ပြောကြားသည်။
လက်ရှိအချိန်တွင် အောင်မင်္ဂလာ အဝေးပြေးဝင်း၌ စည်ပင်ဝန်ထမ်းများက နံနက် ၈ နာရီမှ ၁၂ နာရီထိနှင့် နေ့လယ် ၁ နာရီမှ ၆ နာရီအထိ ဂိတ်ပေါက် ၂ နှင့် ၃ မှ အဝေးပြေးဝင်းထဲသို့ ခရီးသည်များ အဆင်ပြေစေရန် ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် မော်တော်ယာဉ်ဂိတ်ပေါင်း ၂၂၅ ဂိတ်ရှိကြောင်း သိရှိရသည်။
စန်းလင်းရွှေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
No comments:
Post a Comment