Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 12, 2016
၈ နှစ်သမီးအား ဖြားယောင်းခေါ်ဆောင် သွားသော ပထွေး နှင့် facebook ပေါ်မှ ရိုက်ခတ်သံ
အမည် - ကိုကျော်ဦး
အဘအမည် -ဦးတင်စိန်
သို့ဖြစ်ပါ၍ ၎င်းအချိန်တွင် ပထွေးဖြစ်သူ ကိုကျော်ဦးအားဖမ်းဆီးမိနိုင်ရေးနှင့် သမီးဖြစ်သူ မ ငြိမ်းကျော်ကျော်စိုးအားအမြန်ဆုံး ပြန်လည်ကယ်တင်နိုင်စေရန် ထိုင်းဘက်၌ရှိသော လူကုန်ကူးတားဆီးရေးအဖွဲ့များ သက်ဆိုင်ရာဌာနများ လူမှုကူညီရေးစေတနာရှင်အဖွဲ့များ အမြန်ဆုံးသိရှိစေရန် အဘက်ဘက်မှဝိုင်းဝန်းကူညီသောအားဖြင့် ဤ ပို့စ်အား ရှယ် ပေးပါရန် မေတ္တာ ရပ်ခံပါသည်။
ဆက်သွယ်ရန်ဖုန်းများ-
ဒေါ်အိ - 09788342702
Maymay Mya
........
မငြိမ်းကျော်ကျော်စိုး၏ ယခု လတ်တလောပုံ
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဏိုင် ရွာသားဖြစ်သူ -
အမည် - ကိုကျော်ဦး
မှတ်ပုံတင်အမှတ် - ၆/ပကမ(နိုင်)၀၀၄၃၄၉
အဘအမည် -ဦးတင်စိန်
အမိအမည် - ဒေါ်မြဝင်း သည်
ကျွန်းစုမြို့နယ် စလွန်အော်ကြီးကျေးရွာတွင် ဒေါ်နွယ်နွယ်ဝင်းနှင့် အိမ်ထောင်ပြု၍ နေထိုင်နေလျှက်မှ ၅-၆-၂၀၁၆ တနင်္ဂနွေနေ့ နံနက် ၈:၀၀ နာရီတွင်မယားပါသမီးဖြစ်သူ မငြိမ်းကျော်ကျော်စိုး (အသက် ၈ နှစ် တတိယတန်းကျောင်းသူ)အား မြိတ်မြို့သို့စက်ပစ္စည်းဝယ်ရန်ဟု အကြောင်းပြကာ အမြန်ယာဉ်ဖြင့် အတူခေါ်ဆောင်သွားခဲ့ပါသည်။
မငြိမ်းကျော်ကျော်စိုးအားခေါ်ဆောင်သွားသောပထွေးဖြစ်သူ ကိုကျော်စိုး
၎င်းတို့သွားပြီးနေ့လည် ၂ :၃၀ အချိန်တွင်မှ မိခင်ဖြစ်သူဒေါ်နွယ်နွယ်ဝင်းသည် နေအိမ်နံရံတွင်
မပီဝိုးတဝါးရေးထားသော " ငါထွက်သွားပြီ "ဟု စာအားတွေ့ရှိခဲ့သဖြင့် စိုးရိမ်ပူပန်စွာ မြိတ်မြို့မှ
အမျိုးတွေဆီ စုံစမ်းရန်ဖုန်းဆက်ပါသော်လဲ ဖုန်းဆက်သွယ်မှုမရခဲ့ပါ။ သို့ပါသောကြောင့် နောက်တစ်နေ့တွင် ဒေါ်နွယ်နွယ်ဝင်းသည် စလွန်အော်ကြီးကျေးရွာမှ မြိတ်မြို့သို့ ချက်ချင်းလိုက်လာ၍ ဆွေမျိုးတွေဆီစုံစမ်းရာ သူမယောကျ်ားနဲ့ သမီးဖြစ်သူ တို့ ရောက်မလာခဲ့ကြောင်း သိရှိခဲ့ရပါသည်။
သို့တွက်ကြောင့် ပြည်ကြီးမဏ္ဌိုင်-ဘုတ်ပြင်း -ကော့သောင်း သို့ အဆင့်ဆင့်လိုက်၍ စုံစမ်းရာ ကိုကျော်ဦးသည် သူ့၌ ပါသွားသော ဆိုင်ကယ်အားဘုတ်ပြင်းဘက်တွင်ရောင်းခဲ့ပြီး ထိုင်းဘက်သို့ ကူးသွားပြီဖြစ်ကြောင်းစုံစမ်းသိရှိခဲ့ရပါသည်။ ၎င်းကိုကျော်ဦးသည် ထိုင်း ချုံဖွန်နယ်ရုံး၌ ၁၀ နှစ်သက်တမ်းဘတ်( နေထိုင်ခွင့်ကတ်)ပြုလုပ်ထားသူဖြစ်ပါသည်။ ချံုဖွန်မှ ရာဘာခြံပိုင်ရှင် သူဌေး ဖီးကျင့်မှ လုပ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။ ယခု ၆ လပိုင်း ၂၀၁၆ တွင် သူ့ဘတ်အား ပြန်တွန်(ဒေသအခေါ်) ရမည် ဖြစ်သောကြောင့် ကိုကျော်ဦးသည် ယခုလအတွင်း မဖြစ်မနေ ချံုဖွန်ရုံးသို့ သွားရောက်ရမည်ဖြစ်ပါသည် ။
သို့ဖြစ်ပါ၍ ၎င်းအချိန်တွင် ပထွေးဖြစ်သူ ကိုကျော်ဦးအားဖမ်းဆီးမိနိုင်ရေးနှင့် သမီးဖြစ်သူ မ ငြိမ်းကျော်ကျော်စိုးအားအမြန်ဆုံး ပြန်လည်ကယ်တင်နိုင်စေရန် ထိုင်းဘက်၌ရှိသော လူကုန်ကူးတားဆီးရေးအဖွွဲ့များ သက်ဆိုင်ရာဌာနများ လူမှုကူညီရေးစေတနာရှင်အဖွဲ့များ အမြန်ဆုံးသိရှိစေရန် အဘက်ဘက်မှဝိုင်းဝန်းကူညီသောအားဖြင့် ဤ ပို့စ်အား ရှယ် ပေးပါရန် မေတ္တာ ရပ်ခံပါသည်။
မငြိမ်းကျော်ကျော်စိုး၏မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းသည်လည်း အရမ်းကိုစိတ်သောကရောက်နေရှာပါသည်။ ဒေါ်နွယ်နွယ်ဝင်းသည် ကိုကျော်ဦးနှင့် နောက်အိမ်ထောင်ပြုခဲ့သည်မှာ ၃ နှစ်နီးပါး ကြာခဲ့ပြီဟု ဆိုပါသည် ။ ၎င်းကိုကျော်ဦးသည် စကားပြောလျှင်အနည်းငယ် အ,ထစ်ထစ် ဖြစ်နေသည်ဟု ဆိုပါသည်။
ဆက်သွယ်ရန်ဖုန်းများ-
မိခင်ဒေါ်နွယ်နွယ်ဝင်း - 09264266914
စလွန်အော်ကြီးကျေးရွာ
ရပ်မိရပ်ဖ ဦးထက်ဝေ - 098769141
ကိုသောင်းဇော်- 09780334315
မအေးမြကြည် ( မိတ်ဆွေ / မြိတ်) 0949871883- 09260272655
ဒေါ်အိ - 09788342702
Maymay Mya
No comments:
Post a Comment