Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 13, 2016

နားထဲကုိ၀င္ေနတဲ့ပင့္ကူေၾကာင့္ ေဆး႐ုံအျမန္ေျပးခဲ့ရတဲ့အမ်ိဳးသမီး

နားထဲကုိ၀င္ေနတဲ့ပင့္ကူေၾကာင့္ ေဆး႐ုံအျမန္ေျပးခဲ့ရတဲ့အမ်ိဳးသမီး


By netsetaw - June 10, 2016

အသက္(40)အရြယ္ရွိၿပီျဖစ္တဲ့ Victoria Price အမည္ရ အမ်ိဳးသမီးတစ္ေယာက္ဟာ နားထဲမွာ ပင့္ကူတစ္ေကာင္ ရွိေနတဲ့အတြက္ ေဆး႐ုံကုိ အေရးေပၚေျပးခဲ့ရပါတယ္။ နားထဲကုိ ပစၥည္းမ်ားနဲ႔ အင္းဆက္မ်ား ၀င္ေရာက္ျခင္းမွာ အႏၱရာယ္မ်ား
လြန္းလွၿပီး အခန္႔မသင့္ရင္ နားပါ ကန္းႏုိ္င္ပါတယ္။ အစကနဦးတုန္းကေတာ့ Victoria ဟာ သူမနားထဲမွာ တစ္စုံတစ္ခု
ေသာ အေၾကာင္းေၾကာင့္ ၾကြက္သားေတြ ေရာင္ရမ္းေနတာျဖစ္မယ္လုိ႔ ယူဆခဲ့ပါေသးတယ္။ ဒါေပမယ့္ သူမရဲ႕ ခင္ပြန္း
ျဖစ္သူက နားထဲမွာ သက္ရွိအင္းဆက္တစ္ခုခု ရွိတာကို ျမင္ရတယ္လုိ႔ ေျပာလာတဲ့အတြက္  Princess of Wales hospital ေဆး႐ုံကုိ အေရးေပၚ ေျပးခဲ့ ရပါတယ္။



ေဆး႐ုံအေရာက္မွာ သူနာျပဳဆရာမ Sarah Gaze ကုိ ကာယကံရွင္အမ်ိဳးသမီးႀကီးက ” ကၽြန္မ နားထဲမွာ တစ္ခုခု ရွိေနပါတယ္ … ကၽြန္မကေတာ့ ၾကြက္သားတုိ႔ ဘာတုိ႔ ေရာင္ရမ္းတာလုိ႔ ထင္ေပမယ့္ ကၽြန္မ ေယာက္်ားက သက္ရွိအေကာင္တစ္ခုခုကို ျမင္တယ္လုိ႔ ေျပာပါတယ္ ” လုိ႔ ဖြင့္ဟခဲ့ပါတယ္။ သူနာျပဳဆရာမ Gaze ကလည္း စိတ္ေအးေအး ထားဖုိ႔ ေျဖာင္းျဖ
ၿပီး ဂြမ္းစကုိ ယူကာ အလင္းေရာင္ခဏေပးၿပီး အတြင္းထဲမွာ ရွိတဲ့အရာကုိ လြယ္ကူစြာ ဆြဲထုတ္လုိက္ပါတယ္။ အျပင္ကုိ
ေရာက္လာတဲ့ အရာ၀တၳဳကို ၾကည့္လုိက္ေတာ့ ပင့္ကူတစ္ေကာင္ျဖစ္ေနပါတယ္။ အရြယ္အစားဟာ အေတာ္အတန္ ႀကီးမားၿပီး အျခားအႏၱရာယ္မျဖစ္တာကုိပဲ Victoria အေနနဲ႔ ကံေကာင္းတယ္လုိ႔ ဆုိရမွာ ျဖစ္ပါတယ္။ သူနာျပဳဆရာမ Gaze က “ဗစ္တုိးရီးယားဟာ အလြန္သတၱိေကာင္းသူျဖစ္ပါတယ္ … ကၽြန္မတုိ႔ထက္ကုိ သတၱိရွိသူျဖစ္ပါတယ္ … ဒီလုိ အေတြ႕အႀကဳံမ်ိဳး မရခဲ့ဖူးပါဘူး … ေတာ္ေတာ္ စိတ္မသက္သာစရာ အေျခအေနဆုိေပမယ့္ … ကုသေပးရမွာက ကၽြန္မတုိ႔ အ
လုပ္ပဲေလ ” လုိ႔ ဖြင့္ဟခဲ့ပါတယ္။ Victoria ဟာ South Wales Police မွာ IT နည္းျပတစ္ေယာက္အျဖစ္ တာ၀န္ထမ္း
ေဆာင္ေနသူ ျဖစ္ပါတယ္။

source : thesun.co.uk

...................................................

နားထဲကို၀င်နေတဲ့ပင့်ကူကြောင့် ဆေးရုံအမြန်ပြေးခဲ့ရတဲ့အမျိုးသမီး
By netsetaw - June 10, 2016


အသက်(40)အရွယ်ရှိပြီဖြစ်တဲ့ Victoria Price အမည်ရ အမျိုးသမီးတစ်ယောက်ဟာ နားထဲမှာ ပင့်ကူတစ်ကောင် ရှိနေတဲ့အတွက် ဆေးရုံကို အရေးပေါ်ပြေးခဲ့ရပါတယ်။ နားထဲကို ပစ္စည်းများနဲ့ အင်းဆက်များ ၀င်ရောက်ခြင်းမှာ အန္တရာယ်များ
လွန်းလှပြီး အခန့်မသင့်ရင် နားပါ ကန်းနို်င်ပါတယ်။ အစကနဦးတုန်းကတော့ Victoria ဟာ သူမနားထဲမှာ တစ်စုံတစ်ခု
သော အကြောင်းကြောင့် ကြွက်သားတွေ ရောင်ရမ်းနေတာဖြစ်မယ်လို့ ယူဆခဲ့ပါသေးတယ်။ ဒါပေမယ့် သူမရဲ့ ခင်ပွန်း
ဖြစ်သူက နားထဲမှာ သက်ရှိအင်းဆက်တစ်ခုခု ရှိတာကို မြင်ရတယ်လို့ ပြောလာတဲ့အတွက်  Princess of Wales hospital ဆေးရုံကို အရေးပေါ် ပြေးခဲ့ ရပါတယ်။



ဆေးရုံအရောက်မှာ သူနာပြုဆရာမ Sarah Gaze ကို ကာယကံရှင်အမျိုးသမီးကြီးက ” ကျွန်မ နားထဲမှာ တစ်ခုခု ရှိနေပါတယ် … ကျွန်မကတော့ ကြွက်သားတို့ ဘာတို့ ရောင်ရမ်းတာလို့ ထင်ပေမယ့် ကျွန်မ ယောက်ျားက သက်ရှိအကောင်တစ်ခုခုကို မြင်တယ်လို့ ပြောပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။ သူနာပြုဆရာမ Gaze ကလည်း စိတ်အေးအေး ထားဖို့ ဖြောင်းဖြ
ပြီး ဂွမ်းစကို ယူကာ အလင်းရောင်ခဏပေးပြီး အတွင်းထဲမှာ ရှိတဲ့အရာကို လွယ်ကူစွာ ဆွဲထုတ်လိုက်ပါတယ်။ အပြင်ကို
ရောက်လာတဲ့ အရာဝတ္ထုကို ကြည့်လိုက်တော့ ပင့်ကူတစ်ကောင်ဖြစ်နေပါတယ်။ အရွယ်အစားဟာ အတော်အတန် ကြီးမားပြီး အခြားအန္တရာယ်မဖြစ်တာကိုပဲ Victoria အနေနဲ့ ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူနာပြုဆရာမ Gaze က “ဗစ်တိုးရီးယားဟာ အလွန်သတ္တိကောင်းသူဖြစ်ပါတယ် … ကျွန်မတို့ထက်ကို သတ္တိရှိသူဖြစ်ပါတယ် … ဒီလို အတွေ့အကြုံမျိုး မရခဲ့ဖူးပါဘူး … တော်တော် စိတ်မသက်သာစရာ အခြေအနေဆိုပေမယ့် … ကုသပေးရမှာက ကျွန်မတို့ အ
လုပ်ပဲလေ ” လို့ ဖွင့်ဟခဲ့ပါတယ်။ Victoria ဟာ South Wales Police မှာ IT နည်းပြတစ်ယောက်အဖြစ် တာဝန်ထမ်း
ဆောင်နေသူ ဖြစ်ပါတယ်။

source : thesun.co.uk

No comments:

Post a Comment