CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 25, 2016
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေ့ပြောင်းမြန်မာလုပ်သားများ မဟာချိုင်မြို့ ထလေထိုင်းဈေးခန်းမတွင် တွေ့ဆုံရန် စီစဉ်ပေးသော စမွတ်ဆာခွန်(မဟာချိုင်)ခရိုင် မဟာချိုင် ခရိုင်မှုးအပါအဝင် ရဲအရာရှိ ၂၃ ဦးကို ပွဲစီစဉ်ပုံညံ့ဖျင်းမှုကြောင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ရာထူးမှ ခေတ္တဖယ်ရှားလိုက်ကြောင်း ဘန်ကောက်မြို့သို့ ရောက်ရှိနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။
ဇွန်၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေ့ပြောင်းမြန်မာလုပ်သားများ ထလေထိုင်းဈေးခန်းမတွင် တွေ့ဆုံရာ မဟာချိုင်အာဏာပိုင်များက ၎င်းတို့ရွေးချယ်ထားသော မြန်မာလုပ်သား ၂၀၀ခန့်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့ပြီး ထောင်နှင့်ချီသောမြန်မာလုပ်သားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ခန်းမအတွင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။
သတင်း-ငြိမ်းချမ်း
.......
"ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေ့ပြောင်းလုပ်သားများတွေ့ဆုံရန်စီစဉ်သည့်တာဝန်ရှိသူများအား ရာထူးမှခေတ္တဖယ်ရှား"
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေ့ပြောင်းမြန်မာလုပ်သားများ မဟာချိုင်မြို့ ထလေထိုင်းစျေးခန်းမတွင် တွေ့ဆုံရန် စီစဉ်ပေးသော စမွတ်ဆာခွန်(မဟာချိုင်)ခရိုင် မဟာချိုင် ခရိုင်မှုးအပါအဝင် ရဲအရာရှိ ၂၃ ဦးကို ပွဲစီစဉ်ပုံည့ံဖျင်းမှုကြောင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ရာထူးမှ ခေတ္တဖယ်ရှားလိုက်ကြောင်း ဘန်ကောက်မြို့သို့ ရောက်ရှိနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။
မဟာချိုင်မြို့ ထလေထိုင်း ခန်းမတွေ့ဆုံပွဲအား စီစဉ်ဆောင်ရွက်ပေးသော စမွတ်ဆာခွန် (မဟာချိုင်)ခရိုင်မှုး အပါအဝင် ဒုခရိုင်ဥပဒေအရာရှိ၊ ရဲမှုကြီးနှင့် အလုပ်သမားဦးစီးဌာနမှ အရာရှိအပါအဝင် အရာရှိ ၂၃ဦးကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဇွန်၂၄ရက် ရက်စွဲဖြင့် ရားထူးမှခေတ္တ ဖယ်ရှားလိုက်ပြီး ရက်၃၀အတွင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
“ဒီပွဲစီစဉ်တာက ညံ့ဖျင်းတာပေါ့။နှစ်နိုင်ငံဆက်ဆ့ရေးအရရော ကမ္ဘာ့မီဒီယာအလယ်မှာပါ သရုပ်ပျက်သလိုဖြစ်နေတယ်။ ပွဲစီစဉ်တာ ညံ့ဖျင်းမှုကြောင့် ရာထူးကထုတ်ပယ်လိုက်တာ ထင်တယ်”ဟု မဟာချိုင်မြို့အခြေစိုက် မြန်မာလုပ်သားများအား ကူညီပေးနေသော ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဥက္ကဌဦးစိန်ဌေးက ပြောသည်။
ဇွန်၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေ့ပြောင်းမြန်မာလုပ်သားများ ထလေထိုင်းစျေးခန်းမတွင် တွေ့ဆုံရာ မဟာချိုင်အာဏာပိုင်များက ၎င်းတို့ရွေးချယ်ထားသော မြန်မာလုပ်သား ၂၀၀ခန့်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့ပြီး ထောင်နှင့်ချီသောမြန်မာလုပ်သားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ခန်းမအတွင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။
သတင်း-ငြိမ်းချမ်း
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
Reviewed by MP4 YoU
on
June 25, 2016
Rating: 5
Reviewed by MP4 YoU
on
June 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment