CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, June 17, 2016
ႏႈတ္ခမ္းနီဆိုးတာက မွတ္ဥာဏ္ကို ထိခုိက္ေစႏုိင္
ႏႈတ္ခမ္းနီ အမ်ိဳးအစားေပါင္း ၂၂ မ်ိဳးကို မၾကာခင္က ျပဳလုပ္တဲ့ ေလ့လာမႈ အရ သူတို႔ထဲမွ ၅၅ ရာခိုင္ႏႈန္းဟာ စိတ္က်န္းမာေရး အေျခအေနကို ထိခိုက္ေစႏိုင္တဲ့ ခဲပစၥည္းေတြ အနည္းငယ္ ပါဝင္ေန တယ္လို႔ သိရပါတယ္။ အဲဒီထဲမွာ ႏႈတ္ခမ္းနီထုတ္ကုန္ ၁၂ ခုမွ ႏွစ္ခုရဲ႕ နမူနာကို စမ္းသပ္ စစ္ေဆးရာမွာ အဆိပ္သင့္ေစတဲ့ ခဲပစၥည္းဟာ ၃.၂၂ parts per million ထိ အျမင့္ဆံုးပါဝင္ေနတာကို ေတြ႕ရွိခဲ့တယ္လို႔ Daily Mail မွာ ေဖာ္ျပ ထားပါတယ္။
ခဲဓာတ္ကို ပမာဏအနည္းငယ္နဲ႔ ထိ ေတြ႕မႈရွိရင္ေတာင္ က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ႏိုင္ၿပီး စိတ္ က်န္းမာေရးအတြက္ ထိခိုက္မႈရွိတယ္လို႔ ေဘာစတြန္မွ ခဲအဆိပ္သင့္ မႈကာကြယ္ေရးအစီအစဥ္ မွ ေဆးပညာဆိုင္ရာ ဒါ႐ိုက္တာ ေဒါက္တာေရွာင္က ေျပာပါတယ္။
ခဲဆိပ္ပမာဏ အနည္းငယ္နဲ႔ ထိေတြ႕ရင္ေတာင္ ဥာဏ္ရည္ဥာဏ္ေသြး၊ အျပဳအမူနဲ႔ သင္ယူႏိုင္ စြမ္းရည္ေတြ ထိခိုက္ႏိုင္တယ္လို႔ သူကဆိုပါတယ္။ ခဲဆိပ္သင့္မွာ ကိုေၾကာက္ရင္ ႏႈတ္ ခမ္းနီတစ္မ်ိဳးတည္းသာ မကပါဘူး။ ကေလးေတြ ေနထိုင္ရာအရပ္ကိုလည္း ဂ႐ုစိုက္ရပါမယ္။ အမိႈက္ပံုနားက ေနရာမွာ ေနတာ၊ အိမ္သုတ္ေဆးမွ အၾကြင္းအက်န္ အမႈန္႔ေတြကိုမ်ိဳခ်မိတာ ေတြမျဖစ္ေအာင္ ေရွာင္ၾကဥ္ရပါမယ္။ ႏႈတ္ခမ္းနီတိုင္းမွာ ေတာ့ ရည္ရြယ္ခ်က္နဲ႔ ခဲကိုထည့္သြင္း ထားတာမဟုတ္ေပမယ့္ အေရာင္ေတြ ဟာ သတၲဳဓာတ္ကို အေျခခံတာမို႔ ေရ၊ ေလနဲ႔ ေျမမွာ သဘာဝအတိုင္း ပါဝင္တဲ့ ခဲပမာဏအနည္းငယ္ေတာ့ ပါဝင္တတ္ပါတယ္။
( Beauty Syh )
#health.thithtoolwin.com
#သစ္ထူးလြင္(က်န္းမာေရး)
Ref : DailyMail
..........
နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှု အရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေးရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံးပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။
ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေးအစီအစဉ် မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။
ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဉာဏ်ရည်ဉာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။ အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကိုမျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီတိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။
( Beauty Syh )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : DailyMail
ႏႈတ္ခမ္းနီဆိုးတာက မွတ္ဥာဏ္ကို ထိခုိက္ေစႏုိင္
Reviewed by MP4 YoU
on
June 17, 2016
Rating: 5
Reviewed by MP4 YoU
on
June 17, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment