ရန်ကုန်တိုင်းလွှတ်တော်မှာ အများပြည်သူပိုင်နေရာ အဆိုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲ

ဒီဗွီဘီ

ရန်ကုန်တိုင်းလွတ်တော်မှာ အများပြည်သူပိုင်နေရာတွေကို အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အဆိုကို တင်သွင်းရာမှာ ကိုယ်စားလှယ် ၁၄ ဦးထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုး က အခုကိစ္စ တွဟာ စည်ပင် တခုထဲလုပ်ဆောင်နိုင်တာ မဟုတ်ဘဲ တရားရုံးတွေရဲ့ဆုံးဖြတ်ချက်တွေလည်း လိုအပ်တာကြောင့် အတည်မပြုဘဲ အဆိုကို မှတ်တမ်းအဖြစ်ဘဲ ထားရှိပေးဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလို ဖြေကြားချက်ကို အဆိုရှင် အမတ် ဦးနေဘုန်းလတ်က လက်မခံဘဲ အခု ကိစ္စဟာပြည်သူတွေ အတွက် အရေးကြီးတာကြောင့် သေချာပေါက်အတည်ပြုပေးဖို့ ဥက္ကဋ္ဌ ကို ပြန်လည်တင်ပြခဲ့တယ်။ မြို့တော်ဝန်ကလည်း အတည်ပြု လို့ မရကြောင်း ပြန်လည်တင်ပြခဲ့တယ်။

ဥက္ကဌ က အခုကိစ္စ ကိုထောက်ခံတဲ့သူတွေ မတ်တပ်ရပ်ပါလို့ပြောတဲ့ အခါ မှာ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် ကိုယ်စားလှယ်အားလုံးနီးပါး မတ်တပ်ရပ်ခဲ့ပါတယ်။ မထောက်ခံတဲ့ သူ မတ်တပ်ရပါဆိုတဲ့အခါမှာ မြို့တော်ဝန်တဦးထဲသာ မတ်တပ်ရပ်ပြီး ဘာကြောင့် အဆိုကို အတည်ပြု မဆုံးဖြတ်သင့်သလဲအဆိုကို ထပ်မံပြောဆိုပါတယ်။ အခုလို အငြင်းအခုံတွေ ဖြစ်ပြီးနောက်မှာ လွှတ်တော်ဥက္ကဌက လွှတ်တော် ကို အခု ၁၅ မိနစ် နားထားပါတယ်။
DVB TV News
.............

ရန်ကုုန်တိုုင်းလွှတ်တော်မှာ အများပြည်သူပိုုင်နေရာ အဆိုုနဲ ့ပတ်သက်ပြီး သဘောထားကွဲလွဲ
ဒီဗွီဘီ

ရန်ကုုန်တိုုင်းလွတ်တော်မှာ အများပြည်သူပိုုင်နေရာတွေကိုု အများပြည်သူပြန်လည်ပိုုင်ဆိုုင်နိုုင်ဖိုု ့အဆိုုကိုု တင်သွင်းရာမှာ ကိုုယ်စားလှယ် ၁၄ ဦးထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုုန်မြို ့တော်ဝန်ဦးမောင်မောင်စိုုး က အခုုကိစ္စ တွဟာ စည်ပင် တခုုထဲလုုပ်ဆောင်နိုုင်တာ မဟုုတ်ဘဲ တရားရုုံးတွေရဲ့ဆုံုးဖြတ်ချက်တွေလည်း လိုုအပ်တာကြောင့် အတည်မပြုဘဲ အဆိုုကိုု မှတ်တမ်းအဖြစ်ဘဲ ထားရှိပေးဖိုု ့ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုုလိုု ဖြေကြားချက်ကိုု အဆိုုရှင် အမတ် ဦးနေဘုုန်းလတ်က လက်မခံဘဲ အခုု ကိစ္စဟာပြည်သူတွေ အတွက် အရေးကြီးတာကြောင့် သေချာပေါက်အတည်ပြုပေးဖိုု့ ဥက္ကဋ္ဌ ကိုု ပြန်လည်တင်ပြခဲ့တယ်။ မြို့တော်ဝန်ကလည်း အတည်ပြု လုုိ့ မရကြောင်း ပြန်လည်တင်ပြခဲ့တယ်။

ဥက္ကဌ က အခုုကိစ္စ ကိုုထောက်ခံတဲ့သူတွေ မတ်တပ်ရပ်ပါလုုိ့ပြောတဲ့ အခါ မှာ တပ်မတော်သားကိုုယ်စားလှယ်တွေ အပါအဝင် ကိုုယ်စားလှယ်အားလုံုးနီးပါး မတ်တပ်ရပ်ခဲ့ပါတယ်။ မထောက်ခံတဲ့ သူ မတ်တပ်ရပါဆိုုတဲ့အခါမှာ မြို့တော်ဝန်တဦးထဲသာ မတ်တပ်ရပ်ပြီး ဘာကြောင့် အဆိုုကိုု အတည်ပြု မဆုံုးဖြတ်သင့်သလဲအဆိုုကိုု ထပ်မံပြောဆိုုပါတယ်။ အခုုလိုု အငြင်းအခုံုတွေ ဖြစ်ပြီးနောက်မှာ လွှတ်တော်ဥက္ကဌက လွှတ်တော် ကိုု အခုု ၁၅ မိနစ် နားထားပါတယ်။
DVB TV News
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)