Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 22, 2016

ကျိုက်ထီးရိုးသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွားအမျိုးသမီး ၄င်း၏မိန်းမကိုယ်အတွင်း ကွန်ဒုံးရောက်ရှိမှု ရဲစခန်းတွင် အမှုဖွင့်ထား


“ဒီအမှုက တရားရုံးရောက်ဖို့ မရောက်ဖို့ ဆိုတာကတော့ ပြောလို့မရသေးဘူး။ မရောက်ဖို့ကတော့ များသွားပါပြီ။ ပြောမယ်ဆိုရင် အမှုပိတ်သိမ်းရမယ့် သဘောပေါ့” - ကင်ပွန်း ချောင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူရ

Submitted by Zay Thu on Wed, 06/15/2016 - 15:36

ကျိုက်ထီးရိုးသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွား ကိုရီးယား အမျိုးသမီး တစ်ဦးသည် ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ၄င်း၏မိန်းမကိုယ်အတွင်း ကွန်ဒုံးရောက်ရှိမှုနှင့် ပတ်သက်၍ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းနယ်မြေ ရဲစခန်းတွင် (ပ)၃၅/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ချက်များကို ကင်ပွန်းချောင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူရနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် တင်ပြလိုက်ပါသည်။



မေး။ ဆရာတို့ အနေနဲ့ ကိုရီးယား အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဆေးစာပို့ထားတယ်ဆိုတော့ အဖြေ ရပြီလား။

ဖြေ။ မှုခင်းဆေးစာကတော့ရပြီ။ ဒီကိစ္စမှာ လတ်တလော ထိုးသွင်းဒဏ်ရာ မရှိဘူးပေါ့ဗျာ။ သုတ်ရည်သုက်ပိုးတွေ့ရှိခြင်း မရှိဘူးပေါ့။ လတ်တလော ကာမဆက်ဆံထားခြင်းကို ဆေးပညာအရ ယခင် နာရီလက်တံ ဘယ်လောက် ဘယ်လောက်မှာတော့ ဒဏ်ရာဟောင်းရှိတာပေါ့။ ကျန်တဲ့ အသေးစိတ်ကတော့ ပြောလို့မရဘူး။

မေး။ ဆရာတို့ အနေနဲ့ အမှုတွဲ ဘယ်တော့လောက်တင်မလဲ။

ဖြေ။ ကျွန်တော်တို့က သုံးသပ်ချက်တွေရော၊ ဆေးစာတစ်ခုတည်းတင် မဟုတ်ပါဘူး။ ကျန်တဲ့ ဓာတုဗေဒ၀န်ရုံးကို မေးထားတာ တွေရှိတယ်။ ဓာတုဗေဒ၀န်းရုံး ပို့ထားတာ မကြာသေးဘူး။ ရှေ့ အပတ်ထဲဆို ရမှာပါ။ အဲ့ဒီအဖြေ တွေရတော့မှ ဒီကအခင်းဖြစ်ရပ် စစ်ဆေးချက်တွေနဲ့ သုံးသပ်ပြီး ကျွန်တော်တို့ အမှုတွဲတင်မှာပါ။ ဥပဒေရုံးကို ဒါတွေတွေ့ရှိတယ်၊ ဒီလိုစစ်ဆေးပေါ်ပေါက်တယ်ဆိုပြီး ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအရ ဥပဒေရုံးကို တင်မှာပါ။

မေး။ ဆရာတို့အနေနဲ့ ဒီအမှုနဲ့ ပတ်သက်လို့ ဟိုတယ်ဝန်ထမ်းတွေကို စစ်တယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါ။

ဖြေ။ အဲ့ဒါကတော့ မှုခင်းတစ်ခုဖြစ်ပြီဆိုရင် သူနဲ့ဆက်စပ်တဲ့သူကို မေးရ၊ စစ်ဆေးရတယ်။ စစ်ဆေးရတဲ့အပိုင်းမှာ ဒါတွေက ချက်ချင်းလုပ်ရတဲ့ အပိုင်းတွေမို့ ချက်ချင်းလုပ်ထားတာပေါ့။ ကျွန်တော်တို့ အခုသူနဲ့ ထိတွေ့ထားတဲ့ ဟိုတယ်ဝန်ထမ်းတွေပေါ့။ ဆေးပညာအရ စစ်ရမယ်ဆိုတာ ရက်ကြာသွားရင် အဖြေကောင်းကောင်း မရတာရှိတယ်လေ။ အဲ့ဒါကြောင့် ချက်ချင်းလုပ်ရတဲ့ အပိုင်းတွေမှာ ချက်ချင်းလုပ်ရတာ။ ဒီအမှုရဲ့ အဖြေက ဘာမှန်းမသိသေးတော့ မှုခင်းဆရာဝန်တွေ ဓာတုဗေဒ၀န်က ပညာရှင်တွေနဲ့ ပေါင်းစပ်ပြီး ထပ်ပြီးဆောင်ရွက်တဲ့ အပိုင်းပေါ့။ စစ်ဆေးတာတို့ ဘာတို့က ဆက်စပ်တဲ့ ဟာတွေကို ကြိုတင်လုပ်ထားရတာ။ ဟိုတယ်ဝန်ထမ်း ငါးယောက်ကို စစ်ထားတယ်။

မေး။ ကိုရီးယား အမျိုးသမီး အနေနဲ့ကလည်း မြန်မာပြည်ထဲ မရောက်ခင် ထိုင်းမှာသူ့ရဲ့ချစ်သူနဲ့ အတူနေခဲ့တယ်လို့ ၀န်ခံတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တရားသူကြီးရှေ့မှာ သူကိုယ်တိုင် ထိုင်းမှာသူ့ရဲ့ချစ်သူနဲ့ အတူနေခဲ့ တယ်ဆိုတာ ထွက်ဆိုသွားတာပါ။

မေး။ ဆရာတို့ အနေနဲ့ ဆေးစာအရ လက်တလော ကာမဆက်ဆံထားခြင်း မရှိဘူးဆိုတော့ အမှု စစ်ဆေးချက် မပေါ်ပေါက်ခဲ့လို့ရှိရင် နစ်နာမှုအတွက် ပြန်လည် တရားစွဲဆိုသွားဖို့ရှိလား။

ဖြေ။ အဲ့ဒါကျတော့ ကျယ်ပြန့်သွားပြီ။ သူ့ရဲ့ရည်ရွယ်ချက် ရှိသေးတာကိုး။ ပြီးတော့ ဒါကမှားယွင်းတတ်တဲ့ ကိစ္စတွေပေါ့။ ထိုင်းမှာ သူ့ချစ်သူနဲ့ အတူနေခဲ့တယ်။ နေခဲ့တဲ့ အနေအထားကိုလည်း သူ မထွက်ဆိုရင်ရတယ်လေ။ အမှုတစ်ခုကို သူကနေ ကျွန်တော်တို့တိုင်းပြည် သိက္ခာကျစေချင်လို့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခရီးသွား လုပ်ငန်းကို ထိခိုက်စေချင်လို့ဆိုလို့ရှိရင် သူအဲ့ဒါတွေကို တရားရုံးမှာ မထွက်ဆိုလို့ရတယ်။ သူ့လမ်းကြောင်းကို သူပြောတာပဲ စစ်နိုင်တယ်။ ကျွန်တော်တို့ အဲ့ဒီလောက်ထိ မစစ်နိုင်ဘူး။ လွဲမှားမှုတွေလည်း ဖြစ်နိုင်တာပေါ့။ လွဲမှားမှုက သဘောရိုးနဲ့လွဲမှုပေါ့။ ဟိုမှာဆက်ဆံခဲ့တာ မှန်တယ်။ ဆက်ဆံတဲ့ အနေအထားမှာ ကွန်ဒုံးသုံးတယ်ပြောတယ်။ အဲ့ဒီကွန်ဒုံး အပြင်ပြန်ရောက်လား မရောက်လားသူ မသိဘူး။ သတိမထားမိတဲ့ အပိုင်းလေးတွေ ရှိနိုင်တာပေါ့။ ဒါမျိုးတွေကျ ဆေးပညာအရပဲ ပြောနိုင်မယ်လေ။

မေး။ ဒီအမှုနဲ့ပတ်သက်ပြီး  တရားရုံးဘယ်တော့လောက် ဆွဲတင်နိုင်မလဲ။ လက်ရှိစစ်ဆေးချက် တွေအရ သုံးသပ်ပေးပါ။

ဖြေ။  ဒီအမှုက တရားရုံးရောက်ဖို့ မရောက်ဖို့ဆိုတာကတော့ ပြောလို့မရသေးဘူး။  ရောက်ဖို့ကတော့ များသွားပါပြီ။ အမှုတစ်ခု တရားရုံးကိုရောက်ဖို့ဆိုတာ ကျွန်တော်တို့ရဲကနေ အမှုတည်ဆောက်ရတယ်။ အမှုတည်ဆောက်ပြီးလို့ရှိရင် ဒီအမှုကို ဘာပုဒ်မနဲ့ တရားစွဲတင်သင့်တယ်။ ဒီအမှုဟာ မှားယွင်းနေ တယ်၊ လီဆယ်ပြီးတိုင်တန်းတယ်။ ပိတ်သိမ်းနည်း ခြောက်နည်းရှိတာပေါ့။ ကျွန်တော်တို့ အဲ့ဒါတွေနဲ့ တရားစွဲတင်နိုင်တဲ့ဟာဆို တရားစွဲတင်တယ်။ တရားစွဲတင်နိုင်ဖို့ အနေအထားမရှိဘူးဆိုရင် တရား စွဲတင်နိုင်မှုမရှိတဲ့ အနေအထားအတိုင်း အမှုပိတ်သိမ်းဖို့ ဥပဒေရုံးကိုတင်ရတယ်။ ဥပဒေရုံးကို တင်လိုက်လို့ရှိရင် ဥပဒေအရာရှိ တွေကလည်း ဒီအမှုကိုလေ့လာပြီးတော့ ဟုတ်တယ်။ ဒီအမှုကတော့ မှားယွင်းမှု၊ ဒီအမှုကတော့ လီဆည်မှု၊ ဒီအမှုကတော့ လွှဲပြောင်းမှု၊ ဒီအမှုကတော့ စုံထောက်မှုအပိုင်း ဒါမျိုးတွေနဲ့ ပိတ်သိမ်းရတာရှိတယ်။ အခင်းဖြစ်ရပ်အနေအထားရ တရားရုံးကို မရောက်လောက်ဘူးလို့ ကျွန်တော်တို့က ထင်တာပေါ့။ ပြောမယ်ဆိုရင် အမှုပိတ်သိမ်းရမယ့်သဘောပေါ့။
Tomorrow

No comments:

Post a Comment