လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ တာ၀န္ေပးအပ္မႈ ကုလမွာ ျမန္မာေ၀ဖန္


ဂ်နီဗာမွာ က်င္းပေနတဲ့ ၃၂ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ျမန္မာအစိုးရ ကိုယ္စားလွယ္ ေဒၚသက္သင္ဇာထြန္း ေဆြးေႏြးစဥ္။
ႏိုင္ငံအလိုက္ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ေတြကို တာ၀န္ေပးျခင္းအားျဖင့္ ျပႆနာေတြပိုၿပီးႀကီးထြားေစႏိုင္ၿပီး နားလည္မႈလဲႊမွားတာေတြကို ျဖစ္ေစႏိုင္တယ္လို႔ ဂ်ီနီဗာမွာက်င္းပေနတဲ့ ကုလ လူ႔အခြင့္အေရးညီလာခံမွာ ျမန္မာအစိုးရကိုယ္စားလွယ္က မေန႔က ေျပာၾကားလိုက္ပါတယ္။

ဒါေပမဲ့လည္း ျမန္မာႏိုင္ငံလို လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြရွိေနတဲ့ႏိုင္ငံမ်ဳိးမွာေတာ့ ကုလသမဂၢကတာ၀န္ေပးခန္႔အပ္တဲ့အထူးကိုယ္စားလွယ္ေတြ ဆက္ၿပီးလိုအပ္ေနေသးေၾကာင္း ျမန္မာလူထုအေျချပဳအဖဲြ႕ေတြဘက္ကေျပာပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုကိုတင္ျပမွာပါ။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာက်င္းပေနတဲ့ (၃၂) ႀကိမ္ေျမာက္လူ႔အခြင့္အေရးညီလာခံမွာ မေန႔က Belarus ႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႕အခြင့္အေရးအထူးကုိယ္စားလွယ္ Mr. Miklos Haraszti က သူရဲ႕အစီရင္ခံစာတင္သြင္းရာမွာ ျမန္မာကိုယ္စားလွယ္အဖဲြ႔က သူတို႔ရဲ႕သေဘာထားကို တုန္႔ျပန္ေျပာဆိုခဲ့တာပါ။ အထူးသျဖင့္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကေန လူ႔အခြင့္အေရး ဆိုင္ရာ အထူးကိုယ္စားလွယ္ေတြခန္႔အပ္ထားတာနဲ႔ပတ္သက္လို႔ ျပႆနာေတြပိုၿပီးႀကီးထြားလာေစေၾကာင္း ျမန္မာအစိုးရကိုယ္စားလွယ္ ေဒၚသက္သင္ဇာထြန္းက အခုလို ေျပာၾကားခဲ့ပါတယ္။

"က်မတို႔ ကိုယ္စားလွယ္အဖဲြ႔ရဲ႕ အျမင္ကေတာ့ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ ႏိုင္ငံအလိုက္ လူ႔အခြင့္အေရးစံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ဖို႔ အထူးကိုယ္စားလွယ္ေတြကို တာ၀န္ေပးျခင္းဟာ အျပဳသေဘာေဆာင္မယ့္အစား အက်ဳိးယုတ္ေစႏိုင္ၿပီး ထိပ္တိုက္ရင္ဆိုင္မႈေတြ၊ အျမင္ကဲြျပားမႈေတြ၊ သေဘာထားမတူတာေတြ နားလည္မႈလဲႊမွားတာေတြကို ျဖစ္ေစႏိုင္တယ္လို႔ ယူဆပါတယ္။ အထူးကုိယ္စားလွယ္ေတြအေနနဲ႔ သဟဇာတရွိေစမယ့္ အေျခအေနမ်ဳိးကို ဖန္တီးေပးၿပီး စစ္မွန္တဲ့အေျခအတင္ေဆြးေႏြးမႈမ်ဳိးျဖစ္ေအာင္ ေဆာင္ရြက္ေပးဖို႔တာ၀န္ရွိသလို သက္ဆိုင္ရာႏိုင္ငံနဲ႔ အထူးကိုယ္စားလွယ္ၾကား ထိေရာက္တဲ့ပူးေပါင္းေဆာင္ရြက္မႈမ်ဳိးကို ရရွိေစဖို႔လဲ လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ားအားျဖင့္ အထူးကိုယ္စားလွယ္ေတြအေနနဲ႔ အခုလို ထားရွိတဲ့ ဦးတည္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ျခင္းမရွိတာေတြ႕ရပါတယ္။"

ကုလသမဂၢအထူးကိုယ္စားလွယ္ေတြကို လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြအမ်ားဆံုးရွိေနတဲ့ႏိုင္ငံေတြအတြက္ သီးသန္႔ခန္႔အပ္တာျဖစ္ၿပီး ဒီအတြက္လည္း လူ႕အခြင့္အေရးေကာင္စီညီလာခံမွာ အဖဲြ႔၀င္ႏိုင္ငံေတြရဲ႕သေဘာတူညီခ်က္ခံယူရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံလို လူ႔အခြင့္အေရးအေျခအေနေတြဆိုးရြားေနဆဲႏိုင္ငံအတြက္ အထူးကိုယ္စားလွယ္ရွိဖို႔ လိုအပ္ေနဆဲျဖစ္တယ္လို႔ GPS စစ္မွန္ေသာျပည္သူ႔ေက်းကြ်န္အဖဲြ႕ ညြန္ၾကားေရးမွဴး ကိုသြင္လင္းေအာင္ကေျပာပါတယ္။

"UN ရဲ႕လုပ္ေဆာင္မႈထဲက တစိတ္တပိုင္းျဖစ္တဲ့အတြက္ သူတို႔ကေတာ့ ပိုၿပီးတင္တယ္ဆိုတာမ်ဳိးရွိမွာမဟုတ္ဘူး။ သူတို႔ျမင္တာကို ျမင္တဲ့အတိုင္း တင္တာပါ။ ဒီမတိုင္ခင္ အရင္တုန္းကလဲ အထူးကိုယ္စားလွယ္ေတြနဲ႔ ေတာက္ေလွ်ာက္ ဆက္ဆံခဲ့ၿပီး သူတို႔အစီရင္ခံစာေတြကို က်ေနာ္တို႔ ေတြ႕ေနတာပဲ။ ျဖစ္တဲ့အေျခအေနေတြအတိုင္းပဲ တင္ျပေနတာဆိုေတာ့ ျပႆနာကိုဆိုးလာမယ္လိုေတာ့ မျမင္ပါဘူး။ သူတို႔ေျပာတဲ့ အထူးကိုယ္စားလွယ္ထားတဲ့အတြက္ ေကာင္းက်ဴိးမျဖစ္ဘူးေပါ့ေနာ္၊ ဆိုးက်ဴိးေတြျဖစ္ႏိုင္တယ္ဆိုတာ ဘယ္သူ႔အေပၚမွာ ဆိုးက်ဴိးျဖစ္မွာလဲဆိုတာ သူတို႔ကို ေမးခြန္းထုတ္ဖို႔ပဲရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူ႔အခြင့္အေရးေကာင္စီက ျပည္သူေတြအေပၚမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြအရမ္းဆိုးရြားေနလို႔ အထူးသံတမန္ကိုထားတာပါ။ အထူးသံတမန္ထားတဲ့အတြက္ က်ေနာ္ယံုၾကည္တာကေတာ့ တကယ့္ျပည္သူလူထုအေပၚမွာေတာ့ ေကာင္းက်ဳိးပဲရွိမယ္၊ ဆိုးက်ဴိးဆိုတာကေတာ့ ခ်ဳိးေဖာက္သူေတြဘက္က အျမင္ပဲျဖစ္ပါလိမ့္မယ္။"

မေန႔က လူ႔အခြင့္အေရးညီလာခံမွာေတာ့ လူ႔အခြင့္အေရးအထူးကုိယ္စားလွယ္ေတြကိုခန္႔အပ္မယ့္အစား UPR ေခၚ တႏိုင္ငံခ်င္းစီအလိုက္ လူ႔အခြင့္အေရးျပန္လည္သံုးသပ္တဲ့ လုပ္ငန္းစဥ္ဟာ ပိုၿပီးသင့္ေတာ္တဲ့စနစ္ျဖစ္တယ္လို႔ ျမန္မာအစိုးရဘက္ကျမင္ေၾကာင္း ေဒၚသက္သင္ဇာထြန္းက ေျပာၾကားခဲ့ပါတယ္။

"က်မတို႔အေနနဲ႔ UPR ေခၚ တႏိုင္ငံခ်င္းစီအလိုက္ လူ႔အခြင့္အေရးပံုမွန္ျပန္လည္သံုးသပ္တဲ့ လုပ္ငန္းစဥ္ဟာ ျပည္တြင္းမွာရင္ဆိုင္ေနရတဲ့ လူ႔အခြင့္အေရးအကဲစမ္းမႈေတြကို ႏိုင္ငံတကာရဲ႕ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ေျဖရွင္းရာမွာ ႏိုင္ငံတိုင္းအတြက္သင့္ေတာ္တဲ့ စနစ္တရပ္ျဖစ္တယ္လို႔ ယူဆပါတယ္။ က်မတို႔ကိုယ္စားလွယ္အဖဲြ႔အေနနဲ႔ အေလးအနက္ေျပာလိုတာကေတာ့ လူ႔အခြင့္အေရးကို လူသားအားလံုးအတြက္ ေထာက္ခံအားေပးရာမွာနဲ႔ ကာကြယ္ေစာင့္ေရွာက္ဖို႔ ေဖၚေဆာင္မႈဟာ အားလံုးအတြက္ တေျပးညီရွိဖို႔လိုအပ္ၿပီး ဓမၼဓိဌာန္က်မႈအေပၚမွာ အၿမဲပဲ အေျခခံရမွာျဖစ္ပါတယ္။ သီးျခားေရြးထုတ္တာ၊ တသတ္မတ္တည္းလိုက္နာေဆာင္ရြက္ျခင္းမရွိတာ၊ ႏိုင္ငံေရးအေၾကာင္းေတြအေပၚမွာ အေျခခံတာေတြမျဖစ္သင့္ပါဘူး။"

အခုလို UPR ဆိုတဲ့ လုပ္ငန္းစဥ္နဲ႔ပတ္သက္လို႔ လူထုအေျချပဳအဖဲြ႕ေတြရဲ႕ သေဘာထားကို ကုိသြင္လင္းေအာင္က အခုလိုေျပာပါတယ္။

"UPR ကႏိုင္ငံတိုင္းက လုပ္ရတဲ့ကိစၥေလ။ ႏိုင္ငံတခုတည္းကို ဆိုးတယ္ဆိုၿပီး သတ္မွတ္ၿပီးလုပ္တဲ့ဟာမဟုတ္ဘူး။ ျမန္မာႏိုင္ငံမွာေတာ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြဟာ အားလံုးလဲသိၾကတဲ့အတိုင္း အရမ္းဆိုးရြားတဲ့အေျခအေနျဖစ္ေနေတာ့ အဲဒီလို အထူးကိုယ္စားလွယ္ခန္႔အပ္ထားတာ ပိုၿပီးျဖစ္သင့္တယ္ထင္တယ္။ ေနာက္တခုက UPR မွာကျငင္းလို႔ရတယ္။ အထူးသျဖင့္ လူ႔အခြင့္အေရးမဟာမင္းႀကီးရံုး ျမန္မာျပည္မွာဖြင့္ဖို႔ က်ေနာ္တို႔က ေတာက္ေလွ်ာက္ေျပာခဲ့တာ။ အရင္တုန္းက သမၼတဦးသိန္းစိန္ကိုယ္တိုင္ သမၼတ အိုဘားမားလာတုန္းက အဲဒီလိုလုပ္ေပးမယ္ဆိုတာ ကတိေပးခဲ့တယ္။ အဲေတာ့ UPR က်ေတာ့လုပ္ေတာ့လုပ္သင့္တယ္။ ဒါေပမဲ့ အထူးကိုယ္စားလွယ္ထားတဲ့အဆင့္ေလာက္ထိေတာ့ အားကိုးလို႔ရတဲ့ဟာမဟုတ္ဘူး။ ဒါကိုေတာ့ ရွင္းရွင္းလင္းလင္းက်ေနာ္တို႔ျမင္ပါတယ္။"

ျမန္မာႏိုင္ငံအတြက္ လက္ရွိအထူးကိုယ္စားလွယ္ Ms. Yanghee Lee ကို ၂၀၁၄ခုနွစ္ မတ္လမွာ ရာထူးတာ၀န္မေပးအပ္ခင္မွာ ကုလသမဂၢလူ႔အခြင့္အေရးမဟာမင္းႀကီးက စတင္အဆိုျပဳခဲ့ၿပီးေနာက္ ၂၅ႀကိမ္ေျမာက္ လူ႔အခြင့္အေရးညီလာခံမွာ အဖဲြ႕၀င္ႏုိင္ငံေတြရဲ႕ အမ်ားသေဘာတူညီခ်က္နဲ႔ ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။

၁၉၈၈ခုနွစ္ ၾသဂုတ္လမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဆိုးရြားတဲ့ လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ေတြကို ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကေန၁၉၉၂ခုနွစ္က စတင္ခန္႔အပ္တာ၀န္ေပးခဲ့တာျဖစ္ပါတယ္။ ပထမဦးဆံုး အထူးကိုယ္စားလွယ္ကေတာ့ Mr. Yozo Yokota ျဖစ္ၿပီး ၁၉၉၂ခုႏွစ္က ၁၉၉၆ခုနွစ္ထိ၊ သူရဲ႕ေနာက္မွာ Mr. Rajsoomer Lallah က ၁၉၉၆ခုႏွစ္ကေန ၂၀၀၀ျပည့္နွစ္ထိ ထမ္းေဆာင္ခဲ့ၿပီးေနာက္ Mr. Paulo Pinheiro ကေတာ့ ၂၀၀၀ ျပည့္နွစ္ကေန ၂၀၀၈ခုနွစ္ထိေဆာင္ရြက္ခဲ့ၿပီး Mr. Tomas Quintana ကေတာ့ ၂၀၀၈ခုနွစ္ကေန ၂၀၁၄ခုနွစ္အထိ ျမန္မာႏိုင္ငံဆိုင္ရာ ကုလလူ႕အခြင့္အေရးအထူးကိုယ္စားလွယ္အျဖစ္ ထမ္းေဆာင္ခဲ့ပါတယ္။ ဒီအထူးကိုယ္စားလွယ္ေတြအေနနဲ႔ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနေတြကို စံုစမ္းစစ္ေဆးၿပီး ႏွစ္စဥ္ ကုလသမဂၢအေထြေထြညီလာခံနဲ႔ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ အစီရင္ခံစာတင္သြင္းရတာျဖစ္ပါတယ္။

 အင္ၾကင္းႏိုင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............


ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
နိုင်ငံအလိုက် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေကို တာဝန်ပေးခြင်းအားဖြင့် ပြဿနာတွေပိုပြီးကြီးထွားစေနိုင်ပြီး နားလည်မှုလွှဲမှားတာတွေကို ဖြစ်စေနိုင်တယ်လို့ ဂျီနီဗာမှာကျင်းပနေတဲ့ ကုလ လူ့အခွင့်အရေးညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်က မနေ့က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံလို လူ့အခွင့်အရေးချိူးဖောက်မှုတွေရှိနေတဲ့နိုင်ငံမျိုးမှာတော့ ကုလသမဂ္ဂကတာဝန်ပေးခန့်အပ်တဲ့အထူးကိုယ်စားလှယ်တွေ ဆက်ပြီးလိုအပ်နေသေးကြောင်း မြန်မာလူထုအခြေပြုအဖွဲ့တွေဘက်ကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာကျင်းပနေတဲ့ (၃၂) ကြိမ်မြောက်လူ့အခွင့်အရေးညီလာခံမှာ မနေ့က Belarus နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Miklos Haraszti က သူရဲ့အစီရင်ခံစာတင်သွင်းရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့က သူတို့ရဲ့သဘောထားကို တုန့်ပြန်ပြောဆိုခဲ့တာပါ။ အထူးသဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်တွေခန့်အပ်ထားတာနဲ့ပတ်သက်လို့ ပြဿနာတွေပိုပြီးကြီးထွားလာစေကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက အခုလို ပြောကြားခဲ့ပါတယ်။

"ကျမတို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အမြင်ကတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အထူးကိုယ်စားလှယ်တွေကို တာဝန်ပေးခြင်းဟာ အပြုသဘောဆောင်မယ့်အစား အကျိုးယုတ်စေနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ အမြင်ကွဲပြားမှုတွေ၊ သဘောထားမတူတာတွေ နားလည်မှုလွှဲမှားတာတွေကို ဖြစ်စေနိုင်တယ်လို့ ယူဆပါတယ်။ အထူးကိုယ်စားလှယ်တွေအနေနဲ့ သဟဇာတရှိစေမယ့် အခြေအနေမျိုးကို ဖန်တီးပေးပြီး စစ်မှန်တဲ့အခြေအတင်ဆွေးနွေးမှုမျိုးဖြစ်အောင် ဆောင်ရွက်ပေးဖို့တာဝန်ရှိသလို သက်ဆိုင်ရာနိုင်ငံနဲ့ အထူးကိုယ်စားလှယ်ကြား ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးကို ရရှိစေဖို့လဲ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် အထူးကိုယ်စားလှယ်တွေအနေနဲ့ အခုလို ထားရှိတဲ့ ဦးတည်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတာတွေ့ရပါတယ်။"

ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအများဆုံးရှိနေတဲ့နိုင်ငံတွေအတွက် သီးသန့်ခန့်အပ်တာဖြစ်ပြီး ဒီအတွက်လည်း လူ့အခွင့်အရေးကောင်စီညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောတူညီချက်ခံယူရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားနေဆဲနိုင်ငံအတွက် အထူးကိုယ်စားလှယ်ရှိဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ GPS စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ ညွန်ကြားရေးမှူး ကိုသွင်လင်းအောင်ကပြောပါတယ်။

"UN ရဲ့လုပ်ဆောင်မှုထဲက တစိတ်တပိုင်းဖြစ်တဲ့အတွက် သူတို့ကတော့ ပိုပြီးတင်တယ်ဆိုတာမျိုးရှိမှာမဟုတ်ဘူး။ သူတို့မြင်တာကို မြင်တဲ့အတိုင်း တင်တာပါ။ ဒီမတိုင်ခင် အရင်တုန်းကလဲ အထူးကိုယ်စားလှယ်တွေနဲ့ တောက်လျှောက် ဆက်ဆံခဲ့ပြီး သူတို့အစီရင်ခံစာတွေကို ကျနော်တို့ တွေ့နေတာပဲ။ ဖြစ်တဲ့အခြေအနေတွေအတိုင်းပဲ တင်ပြနေတာဆိုတော့ ပြဿနာကိုဆိုးလာမယ်လိုတော့ မမြင်ပါဘူး။ သူတို့ပြောတဲ့ အထူးကိုယ်စားလှယ်ထားတဲ့အတွက် ကောင်းကျိူးမဖြစ်ဘူးပေါ့နော်၊ ဆိုးကျိူးတွေဖြစ်နိုင်တယ်ဆိုတာ ဘယ်သူ့အပေါ်မှာ ဆိုးကျိူးဖြစ်မှာလဲဆိုတာ သူတို့ကို မေးခွန်းထုတ်ဖို့ပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကောင်စီက ပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအရမ်းဆိုးရွားနေလို့ အထူးသံတမန်ကိုထားတာပါ။ အထူးသံတမန်ထားတဲ့အတွက် ကျနော်ယုံကြည်တာကတော့ တကယ့်ပြည်သူလူထုအပေါ်မှာတော့ ကောင်းကျိုးပဲရှိမယ်၊ ဆိုးကျိူးဆိုတာကတော့ ချိုးဖောက်သူတွေဘက်က အမြင်ပဲဖြစ်ပါလိမ့်မယ်။"

မနေ့က လူ့အခွင့်အရေးညီလာခံမှာတော့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေကိုခန့်အပ်မယ့်အစား UPR ခေါ် တနိုင်ငံချင်းစီအလိုက် လူ့အခွင့်အရေးပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်ဟာ ပိုပြီးသင့်တော်တဲ့စနစ်ဖြစ်တယ်လို့ မြန်မာအစိုးရဘက်ကမြင်ကြောင်း ဒေါ်သက်သင်ဇာထွန်းက ပြောကြားခဲ့ပါတယ်။

"ကျမတို့အနေနဲ့ UPR ခေါ် တနိုင်ငံချင်းစီအလိုက် လူ့အခွင့်အရေးပုံမှန်ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်ဟာ ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးအကဲစမ်းမှုတွေကို နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းရာမှာ နိုင်ငံတိုင်းအတွက်သင့်တော်တဲ့ စနစ်တရပ်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျမတို့ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အလေးအနက်ပြောလိုတာကတော့ လူ့အခွင့်အရေးကို လူသားအားလုံးအတွက် ထောက်ခံအားပေးရာမှာနဲ့ ကာကွယ်စောင့်ရှောက်ဖို့ ဖေါ်ဆောင်မှုဟာ အားလုံးအတွက် တပြေးညီရှိဖို့လိုအပ်ပြီး ဓမ္မဓိဌာန်ကျမှုအပေါ်မှာ အမြဲပဲ အခြေခံရမှာဖြစ်ပါတယ်။ သီးခြားရွေးထုတ်တာ၊ တသတ်မတ်တည်းလိုက်နာဆောင်ရွက်ခြင်းမရှိတာ၊ နိုင်ငံရေးအကြောင်းတွေအပေါ်မှာ အခြေခံတာတွေမဖြစ်သင့်ပါဘူး။"

အခုလို UPR ဆိုတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လူထုအခြေပြုအဖွဲ့တွေရဲ့ သဘောထားကို ကိုသွင်လင်းအောင်က အခုလိုပြောပါတယ်။

"UPR ကနိုင်ငံတိုင်းက လုပ်ရတဲ့ကိစ္စလေ။ နိုင်ငံတခုတည်းကို ဆိုးတယ်ဆိုပြီး သတ်မှတ်ပြီးလုပ်တဲ့ဟာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အားလုံးလဲသိကြတဲ့အတိုင်း အရမ်းဆိုးရွားတဲ့အခြေအနေဖြစ်နေတော့ အဲဒီလို အထူးကိုယ်စားလှယ်ခန့်အပ်ထားတာ ပိုပြီးဖြစ်သင့်တယ်ထင်တယ်။ နောက်တခုက UPR မှာကငြင်းလို့ရတယ်။ အထူးသဖြင့် လူ့အခွင့်အရေးမဟာမင်းကြီးရုံး မြန်မာပြည်မှာဖွင့်ဖို့ ကျနော်တို့က တောက်လျှောက်ပြောခဲ့တာ။ အရင်တုန်းက သမ္မတဦးသိန်းစိန်ကိုယ်တိုင် သမ္မတ အိုဘားမားလာတုန်းက အဲဒီလိုလုပ်ပေးမယ်ဆိုတာ ကတိပေးခဲ့တယ်။ အဲတော့ UPR ကျတော့လုပ်တော့လုပ်သင့်တယ်။ ဒါပေမဲ့ အထူးကိုယ်စားလှယ်ထားတဲ့အဆင့်လောက်ထိတော့ အားကိုးလို့ရတဲ့ဟာမဟုတ်ဘူး။ ဒါကိုတော့ ရှင်းရှင်းလင်းလင်းကျနော်တို့မြင်ပါတယ်။"

မြန်မာနိုင်ငံအတွက် လက်ရှိအထူးကိုယ်စားလှယ် Ms. Yanghee Lee ကို ၂၀၁၄ခုနှစ် မတ်လမှာ ရာထူးတာဝန်မပေးအပ်ခင်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက စတင်အဆိုပြုခဲ့ပြီးနောက် ၂၅ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အများသဘောတူညီချက်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

၁၉၈၈ခုနှစ် သြဂုတ်လမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ၁၉၉၂ခုနှစ်က စတင်ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံး အထူးကိုယ်စားလှယ်ကတော့ Mr. Yozo Yokota ဖြစ်ပြီး ၁၉၉၂ခုနှစ်က ၁၉၉၆ခုနှစ်ထိ၊ သူရဲ့နောက်မှာ Mr. Rajsoomer Lallah က ၁၉၉၆ခုနှစ်ကနေ ၂၀၀၀ပြည့်နှစ်ထိ ထမ်းဆောင်ခဲ့ပြီးနောက် Mr. Paulo Pinheiro ကတော့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ခုနှစ်ထိဆောင်ရွက်ခဲ့ပြီး Mr. Tomas Quintana ကတော့ ၂၀၀၈ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ဒီအထူးကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးပြီး နှစ်စဉ် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံစာတင်သွင်းရတာဖြစ်ပါတယ်။

 အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)