Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 14, 2016

ဆက်ဆံချိန်မှာ မ၀င်တာ (ဒေါက်တာစိုးလွင်)(၁၈နှစ်အထက် ဆေးစာ)


ဆရာ
ဆရာ့ကို မေးချင်တာလေးရှိလို့ပါ။ သမီးအသက်က ၂၂နှစ်ပါ။ သမီး ဆရာ့ကို Facebook က မေးတုန်းကတော့ သမီးမှာ ချစ်သူရှိပါတယ်။ အဲတုန်းကဖြစ်တဲ့ အခက်အခဲကိုပဲ ထပ်မေးမလို့ပါ။ သမီးချစ်သူက သမီးထက် ၂နှစ်ကြီးပါတယ်။ သမီးတို့ ၂နှစ်ခွဲလောက် တွဲခဲ့ကြပါတယ်။ သမီးတို့ တွဲတဲ့ကာလ ၂နှစ်မပြည့်ခင်မှာ အခန်းလေးတွေနဲ့ ရုပ်ရှင်ကြည့်လို့ရတဲ့နေရာမှာ ပထမဆုံး သွားကြည့်ဖြစ်ရင်းနဲ့ လွန်မလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။ အကြောင်းက သမီးမခံနိုင်လို့ပါ။ အရမ်းနာပါတယ်။ နေရာကလည်း အခန်းနဲ့ TV ပေးထားပါတယ်။ ဆိုဖာထိုင်ခုံလည်း ပေးထားပါတယ်။ နေရာက အဆင်ပြေပါတယ်။ နောက်တစ်ခုက မိန်းကလေးတွေ စိတ်ကြွလာရင် ထွက်တဲ့အချွဲလေးတွေလည်း ထွက်ပါတယ်။ ဒါပေမဲ့ ထည့်လို့လည်းမ၀င်ပါဘူး။ အရမ်းလည်းနာပါတယ်။ အဲဒါနဲ့ပဲ အစမို့လို့ပါလို့တွေးပြီး သူလည်း လက်လျှော့လိုက်ပါတယ်။ စာရှည်မှာစိုးလို့ သမီး ကျော်ပြောလိုက်ပါ့မယ်။ အဲလိုပါပဲ ဆရာ အဲဒီကို ၄ခါလောက် ထပ်သွားဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါမှ မ၀င်ခဲ့ပါဘူး။ လက်တစ်ချောင်းပဲ ထည့်လို့ခံနိုင်ပါတယ်။ လက်နှစ်ချောင်းထည့်ရင်လည်း အရမ်းစပ်ပါတယ်။ သမီးချစ်သူက ကြိုးစားပြီးထည့်ရင်လည်း အရမ်းနာပါတယ်။ အဲလိုနာတဲ့ဟာဖြစ်သွားရင် သမီးက ထွက်နေတဲ့အချွဲလေးတွေကလည်း နာလို့ပဲထင်တယ် စိတ်ကလည်းနာတော့ အချွဲလေးတွေက မထွက်တော့ပါဘူး။ တံတွေးနဲ့ထည့်ရင်လည်း အရမ်းနာပါတယ်။ အဲဒါ အဲလိုပဲနာတာခံပြီး ရအောင်ထည့်ရတာလား သိချင်ပါတယ်။ စပ်လည်းစပ်တယ်၊ နာလည်းအရမ်းနာပါတယ်။ သူကတော့ နည်းနည်းအနာခံဖို့ ပြောပါတယ်။ ဒါပေမဲ့ နည်းနည်းပဲနာတာမဟုတ်ဘူး၊ အများကြီးနာပါတယ်။ ဘာလို့ အဲလိုနာတာလဲ ဆရာ။ နောက်ကျရင်ကော အဲလိုပဲ နာနေမှာလား ဆရာ။ အခုတော့ သမီးက သူနဲ့လမ်းခွဲလိုက်ပါပြီ။ သူက ဗုဒ္ဓဘာသာ၊ သမီးက ခရစ်ယာန်ပါ။ သူနဲ့က ဘာသာမတူလို့ သူ့အိမ်က သမီးကို သဘောမတူလို့ပါ ဆရာ။ ဒါပေမဲ့ အဲလောက်အထိ ဖြစ်ခဲ့လို့လည်း နောင်တမရပါဘူး။ သူက သမီး ပထမဦးနဲ့ အရမ်းချစ်ပြီး လက်ထပ်ဖို့ထိလည်း စဉ်းစားထားခဲ့တဲ့သူမို့ သူ့ကို အပြစ်မတင်ပါဘူး။ သူ့ကို အရမ်းချစ်လို့ ဖြစ်ခဲ့တာအတွက် နောင်တလည်းမရပါဘူး။ ၀မ်းလည်းမနည်းပါဘူး ဆရာ။ သမီးချစ်တဲ့သူနဲ့ ဒီလောက်အထိဖြစ်ခဲ့လို့ ဆရာ သမီးကို အထင်သေးရင် သေးမှာပါ။ သူ့အတွက် ပေးဆပ်လိုက်ရလို့လည်း ဘယ်တော့မှ သမီးဝမ်းမနည်းပါဘူး။ သူနဲ့ ပြတ်သွားခဲ့ပြီးပေမယ့် အဲဒါလေးကိုတော့ သိချင်လို့ ထပ်မေးတာပါ။ တကယ်လို့ ဆရာ တခြားလူတွေရဲ့စာက အရေးကြီးနေရင် သူတို့ကို အရင်ပြန်ပေးလိုက်ပါ။ သမီးက ရပါတယ်။ အလုပ်များတဲ့ကြားက စာလေးဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ် ဆရာ။ တကယ်လို့ ဆရာ့ဆီမှာ လာပြဖို့လိုအပ်ရင် လာပြမှာပါ။
15.5.16 Sunday 10;33 PM
Dr.Soe Lwin-

အပျိုစင်လေးတွေရဲ့ မွေးလမ်းကြောင်းမှာ “အပျိုမြှေး” ဆိုတဲ့ အမြှေးလေးနဲ့ ပိတ်ဖုံးထားတယ်။ အများစုကတော့ အမြှေးက ပါးပါးလေး။ ပထမဆုံး ချစ်တဲ့နေ့မှာ ထိုးသွင်းရင်း အမြှေးလေး စုတ်ပြဲသွားတတ်တယ်။ တချို့ အမြှေးက သိပ်ထူလွန်းနေတာမျိုး ရှားရှားပါးပါး ရှိတတ်တယ်။ အဲဒီအခါကျ သမီး အခုဖြစ်သလို အခက်အခဲရှိတတ်တယ်။
နောက်တစ်ခုဖြစ်နိုင်တာကတော့ သမီးက စိတ်သိပ်လှုပ်ရှားနေမယ်၊ မသိစိတ်ထဲက ဒါမျိုးကို သိပ်ကြောက်နေမယ်ဆိုရင် ကိုယ်က တမင်လုပ်တာမဟုတ်ဘဲ မွေးလမ်းကြောင်းကြွက်သားတွေကို ကျုံ့ထားမိတတ်တယ်။ vaginismus လို့ခေါ်တယ်။ ကြွက်သားတွေက အတင်းရှုံ့ထား ကျုံ့ထားတော့ အပေါက်က ကျဉ်းကျဉ်းလေးဖြစ်သွားပြီး ဘာကိုမှ ၀င်ခွင့်မပြုတော့ဘူး။ အတင်းကြိုးစားရင် အရမ်းနာကျင်မယ်။ အိုဂျီနဲ့ သေချာပြပြီး စမ်းသပ်စစ်ဆေးကြည့်ရင် ကောင်းမယ်။

Dr.Soe Lwin

No comments:

Post a Comment