Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 3, 2016

ဧည့္စာရင္းတိုင္ဖို႔ လိုဦးမလား

 ဧည့္စာရင္း ပယ္ဖ်က္မွုကို အမ်ိဳးသားလႊတ္ေတာ္ အတည္ျပဳ
ရပ္ကြက္သို႔မဟုတ္ ေက်းရြာ အုပ္ခ်ဳပ္ေရး ဥပေဒထဲက ဧည့္စာရင္းတိုင္ၾကားရမယ္ ဆိုတဲ့ ပုဒ္မ ၁၃ (ဆ) ကိုပယ္ဖ်က္ဖို႔ ျပင္ဆင္ခ်က္ကို အမ်ိဳးသားလႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။

ဧည့္စာရင္း မတိုင္ရင္ အုပ္ခ်ဳပ္ေရးမွူးက အေရးယူလို႔ ရတယ္ဆိုတဲ့ ဥပေဒဟာ အုပ္ခ်ဳပ္ေရးမွူး အတြက္ လိုသလို သုံးလို႔ရမယ့္ လက္နက္ တခု တပ္ဆင္ထား သလို ျဖစ္ေနတယ္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီဝင္ပဲခူးတိုင္း ေဒသႀကီး အမ်ိဳးသားလႊတ္ ေတာ္ ကိုယ္စားလွယ္ ဦးမင္းဦးက ဘီဘီစီကို ေျပာပါတယ္။

တပ္မေတာ္သား ကိုယ္စားလွယ္ ေတြကေတာ့ ဒီပုဒ္မကို ပယ္ဖ်က္လိုက္မယ္ ဆိုရင္ တရားဥပေဒ စိုးမိုးေရးနဲ႔ လုံျခဳံေရးကို ထိခိုက္မွာစိုးတဲ့ အတြက္ မပယ္ဖ်က္ဖို႔ ကန္႔ကြက္ခဲ့ပါတယ္။

ဧည့္စာရင္း စစ္ေဆးမွုကို ေထာက္လွမ္းေရး အဆက္ဆက္က ရပ္ကြက္အတြင္း လူဝင္ လူထြက္ စစ္ေဆးတဲ့ နည္းလမ္း တခုအေနနဲ႔ အစဥ္တစိုက္ က်င့္သုံးခဲ့တာ ျဖစ္ပါတယ္။

ဧည့္စာရင္း ဥပေဒအရ မိဘအိမ္ အလည္ျပန္တာကိုေတာင္ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွူးထံ အသိေပးတိုင္ၾကားဖို႔ လိုသလို ညဥ့္နက္သန္းေခါင္ အခ်ိန္မေရြး အိမ္တိုင္းအိမ္တိုင္းကို တံခါးေခါက္ စစ္ေဆးခြင့္လည္း ရွိပါတယ္။ ဧည့္စာရင္း စစ္ေဆးမွု အေၾကာင္းျပဳၿပီး အိပ္ခန္းထဲအထိေတာင္ ဝင္ေရာက္စစ္ေဆးနိုင္တဲ့ အတြက္ ဒီဥပေဒဟာ လူတဦးခ်င္းစီရဲ့ ပုဂၢလိက လြတ္လပ္ခြင့္ကို ထိပါးေႏွာင့္ယွက္ရာ ေရာက္တယ္လို႔ လူ႔အခြင့္ အေရး ရွုေထာင့္ကေန ေဝဖန္မွုေတြလည္း ရွိပါတယ္။

လႊတ္ေတာ္အတြင္း မဲခြဲရာမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ကန္႔ကြက္ၾကေပမယ့္လည္း ပယ္ဖ်က္လိုသူေတြက မဲအသာရခဲ့လို႔ ပယ္ဖ်က္ေရး အတည္ျဖစ္သြားခဲ့ပါတယ္။ ဒီဥေပဒပယ္ဖ်က္မွုကို ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးမဲခြဲရဦးမွာ ျဖစ္ၿပီး လႊတ္ေတာ္ႏွစ္ရပ္က အတည္ျပဳၿပီးရင္ သမၼတ လက္မွတ္ ေရးထိုးၿပီးမွ အတည္ျဖစ္ပါမယ္။

ဒါဟာ ရက္ကြက္နဲ႔ ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒကို တတိယအႀကိမ္ ျပင္ဆင္တာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............

 ဧည့်စာရင်း ပယ်ဖျက်မှုကို အမျိုးသားလွှတ်တော် အတည်ပြု
ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေထဲက ဧည့်စာရင်းတိုင်ကြားရမယ် ဆိုတဲ့ ပုဒ်မ ၁၃ (ဆ) ကိုပယ်ဖျက်ဖို့ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဧည့်စာရင်း မတိုင်ရင် အုပ်ချုပ်ရေးမှူးက အရေးယူလို့ ရတယ်ဆိုတဲ့ ဥပဒေဟာ အုပ်ချုပ်ရေးမှူး အတွက် လိုသလို သုံးလို့ရမယ့် လက်နက် တခု တပ်ဆင်ထား သလို ဖြစ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ပဲခူးတိုင်း ဒေသကြီး အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးမင်းဦးက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် တွေကတော့ ဒီပုဒ်မကို ပယ်ဖျက်လိုက်မယ် ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာစိုးတဲ့ အတွက် မပယ်ဖျက်ဖို့ ကန့်ကွက်ခဲ့ပါတယ်။

ဧည့်စာရင်း စစ်ဆေးမှုကို ထောက်လှမ်းရေး အဆက်ဆက်က ရပ်ကွက်အတွင်း လူဝင် လူထွက် စစ်ဆေးတဲ့ နည်းလမ်း တခုအနေနဲ့ အစဉ်တစိုက် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဧည့်စာရင်း ဥပဒေအရ မိဘအိမ် အလည်ပြန်တာကိုတောင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြားဖို့ လိုသလို ညဉ့်နက်သန်းခေါင် အချိန်မရွေး အိမ်တိုင်းအိမ်တိုင်းကို တံခါးခေါက် စစ်ဆေးခွင့်လည်း ရှိပါတယ်။ ဧည့်စာရင်း စစ်ဆေးမှု အကြောင်းပြုပြီး အိပ်ခန်းထဲအထိတောင် ဝင်ရောက်စစ်ဆေးနိုင်တဲ့ အတွက် ဒီဥပဒေဟာ လူတဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်ရာ ရောက်တယ်လို့ လူ့အခွင့် အရေး ရှုထောင့်ကနေ ဝေဖန်မှုတွေလည်း ရှိပါတယ်။

လွှတ်တော်အတွင်း မဲခွဲရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပေမယ့်လည်း ပယ်ဖျက်လိုသူတွေက မဲအသာရခဲ့လို့ ပယ်ဖျက်ရေး အတည်ဖြစ်သွားခဲ့ပါတယ်။ ဒီဥပေဒပယ်ဖျက်မှုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမဲခွဲရဦးမှာ ဖြစ်ပြီး လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးရင် သမ္မတ လက်မှတ် ရေးထိုးပြီးမှ အတည်ဖြစ်ပါမယ်။

ဒါဟာ ရက်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment