Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 30, 2016

ျမန္မာမွာ တိုးခ်ဲ႔ ပ်ံသန္းဖို႔ ေလေၾကာင္းလိုင္းေတြ စီစဥ္


(Credit: ABC licensed) 
ျမန္မာအစိုးရက ​၂၀၁၆ ​ခုႏွစ္ ​ဒီဇင္ဘာလကစၿပီး ​အေရွ႕ေတာင္အာရွ ​အာဆီယံအသင္းဝင္ ​ႏိုင္ငံ ​အားလုံးကို ​ဆိုက္ေရာက္ဗီဇာေပးမယ္လို႔ ​ေၾကညာၿပီးတဲ့ေနာက္ ​ျမန္မာႏိုင္ငံကို ​ေလယာဥ္ေတြ ​ပိုေျပးဆြဲဖို႔ ​ေလေၾကာင္းလိုင္းေတြက ​စီစဥ္ေနၾကပါတယ္။

အာဆီယံ ​အသင္းဝင္ႏိုင္ငံေတြကို ​ျမန္မာႏိုင္ငံထဲ ​လြတ္လြတ္လပ္လပ္ ​ေပးဝင္ရင္ ​လာေရာက္လည္ပတ္သူေတြ ​မ်ားမယ္လို႔ ​ယူဆၾကတဲ့တြက္ ​Myanmar ​Airways ​International, ​Bangkok ​Airways, ​Nok ​Air ​နဲ႔ ​AirAsia ​တို႔က ​ျမန္မာႏိုင္ငံေလေၾကာင္း ​လမ္းစဥ္ေတြကို ​တိုးခ်ဲ႔ဖို႔ ​စီစဥ္ေနတာလို႔ ​သိရပါတယ္။ ​

ရန္ကုန္ႏိုင္ငံ ​တကာ ​ေလဆိပ္ကိုလည္း ​ေဒၚလာ ​သန္းေပါင္း ​၆၆၀ ​ကုန္က်ခံၿပီး ​တိုးခ်ဲ႕ထားတဲ့အတြက္ ​ခရီးသည္ေတြ၊ ​ေလယာဥ္ေတြ ​ပိုမို ​ဆိုက္ေရာက္ႏိုင္မွာ ​ျဖစ္လို႔ ​AirAsia ​က ​တစ္ပတ္ကို ​အႀကိမ္ ​၅၀ ​ပ်ံသန္းသြားလာဖို႔ ​စီစဥ္ေနပါတယ္။ ​

Nok ​Air ​ေလေၾကာင္းလိုင္းကလည္း ​ထိုင္းႏိုင္ငံ ​မဲေဆာက္ၿမိဳ႕ကေန ​ေမာ္လၿမိဳင္ၿမိဳ႕ကို ​ပ်ံသန္းမႈ ​စတင္လိုက္သလို ​Bangkok ​Airwarys ​ကလည္း ​ပုဂံ၊ ​ေညာင္ဦးနဲ႔ ​ၿမိတ္ၿမိဳကေတြအထိ ​ပ်ံသန္းခြင့္ရဖို႔ ​ေလွ်ာက္ထားပါတယ္။ ​

Myanmar ​Airways ​International ​ကေတာ့ ​စကၤာပူ-ရန္ကုန္အၾကား ​ေျပးဆြဲတဲ့ ​ခရီးစဥ္ေတြ ​တိုးျမင့္ဖို႔ ​စီစဥ္ေနတဲ့အေၾကာင္း ​Air ​Transport ​World ​မွာ ​ေဖာ္ျပထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
..........

(Credit: ABC licensed)
မြန်မာအစိုးရက ​၂၀၁၆ ​ခုနှစ် ​ဒီဇင်ဘာလကစပြီး ​အရှေ့တောင်အာရှ ​အာဆီယံအသင်းဝင် ​နိုင်ငံ ​အားလုံးကို ​ဆိုက်ရောက်ဗီဇာပေးမယ်လို့ ​ကြေညာပြီးတဲ့နောက် ​မြန်မာနိုင်ငံကို ​လေယာဉ်တွေ ​ပိုပြေးဆွဲဖို့ ​လေကြောင်းလိုင်းတွေက ​စီစဉ်နေကြပါတယ်။

အာဆီယံ ​အသင်းဝင်နိုင်ငံတွေကို ​မြန်မာနိုင်ငံထဲ ​လွတ်လွတ်လပ်လပ် ​ပေးဝင်ရင် ​လာရောက်လည်ပတ်သူတွေ ​များမယ်လို့ ​ယူဆကြတဲ့တွက် ​Myanmar ​Airways ​International, ​Bangkok ​Airways, ​Nok ​Air ​နဲ့ ​AirAsia ​တို့က ​မြန်မာနိုင်ငံလေကြောင်း ​လမ်းစဉ်တွေကို ​တိုးချဲ့ဖို့ ​စီစဉ်နေတာလို့ ​သိရပါတယ်။ ​

ရန်ကုန်နိုင်ငံ ​တကာ ​လေဆိပ်ကိုလည်း ​ဒေါ်လာ ​သန်းပေါင်း ​၆၆၀ ​ကုန်ကျခံပြီး ​တိုးချဲ့ထားတဲ့အတွက် ​ခရီးသည်တွေ၊ ​လေယာဉ်တွေ ​ပိုမို ​ဆိုက်ရောက်နိုင်မှာ ​ဖြစ်လို့ ​AirAsia ​က ​တစ်ပတ်ကို ​အကြိမ် ​၅၀ ​ပျံသန်းသွားလာဖို့ ​စီစဉ်နေပါတယ်။ ​

Nok ​Air ​လေကြောင်းလိုင်းကလည်း ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့ကနေ ​မော်လမြိုင်မြို့ကို ​ပျံသန်းမှု ​စတင်လိုက်သလို ​Bangkok ​Airwarys ​ကလည်း ​ပုဂံ၊ ​ညောင်ဦးနဲ့ ​မြိတ်မြိုကတွေအထိ ​ပျံသန်းခွင့်ရဖို့ ​လျှောက်ထားပါတယ်။ ​

Myanmar ​Airways ​International ​ကတော့ ​စင်္ကာပူ-ရန်ကုန်အကြား ​ပြေးဆွဲတဲ့ ​ခရီးစဉ်တွေ ​တိုးမြင့်ဖို့ ​စီစဉ်နေတဲ့အကြောင်း ​Air ​Transport ​World ​မှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment