Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 16, 2016

တင်ငုတ်ပြင်ရွာဦးကျောင်းက ပျောက်ဆုံးသွားတဲ့ ဆင်းတုတော် ၆ ဆူနဲ့ အတူ ဘုရားသူခိုးတွေ့မိပြီး


မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တင်ငုတ်ပြင်အုပ်စု တင်ငုတ်ပြင်ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းအတွင်း တည်ထား ကိုးကွယ်တော်မူသော ဘုရားဆင်းတုတော် ၈ ဆူ ပျောက်ဆုံး သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။


20.5.2016 ရက်နေ့တွင် ဆင်းတုတော် ၆ ဆူ တင်ဆောင်ထားသော စူပါကာစတန် အညိုရောင် ကားအား တရားခံ များအတူ မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်စိုးခိုင် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကျော်ဇေယျနှင့် တပ်ဖွဲ့ဝင်များ မနားမနေ ကြိုးစားမှု့ဖြင့် လက်ရဖမ်းဆီးခဲ့ပါသည်။


16.6.2016 ရက်နေ့တွင် ရေပြာနယ်မြေ ရဲစခန်းမှူး ရဲအုပ်စိုးခိုင် နှင့်အဖွဲ့မှ တင်ငုတ်ပြင်ကျေးရွာ ရွာဦးကျောင်း ဆရာတော် ဦးသီလင်္ဝသ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်နှင့် ရွာသူ /သား များထံ ပြန်လည်ပေးအပ် အပ်နှံခဲ့ပါသည်။


မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အမှတ်( ၂ )နယ်မြေ တိုင်းဒေသကြီးအမတ် ဒေါ်မြင့်စန်း ကလည်း ရေပြာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်စိုးခိုင်နှင့် တပ်ဖွဲ့ဝင်များအား ကျေးဇူးတင် ဝမ်းမြှောက် ဂုဏ်ယူ ကြောင်း ပြောကြားခဲ့သည်။

``ယောရှမ်းမြေ´´ ထိုက်ကြီး

No comments:

Post a Comment