Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 16, 2016

လုပ္ႀကံသတင္းေၾကာင့္ စိတ္ညစ္ေနရတဲ့ ေျပတီဦးနဲ႕ အိျႏၵာေက်ာ္ဇင္


ေျပတီဦးနဲ႕ အိျႏၵာေက်ာ္ဇင္ ႏွစ္ဦးသေဘာတူ ကြာရွင္းဆိုတဲ့ သတင္းတစ္ခုေၾကာင့္ သူတို႕ႏွစ္ဦး စိတ္ညစ္ေနရတယ္လို႕ ဆုိပါတယ္။

ဒီေန႕မနက္မွာ လူမႈကြန္ယက္တစ္ခု ျဖစ္တဲ့ ေဖ့စ္ဘြတ္စာမ်က္နွာေပၚမွာ ေျပတီဦးနဲ႕ အိျႏၵာေက်ာ္ဇင္တို႕ ႏွစ္ဦးသေဘာတူ ကြာရွင္းဆိုတဲ့ သတင္းတစ္ခုဟာ သူတို႕ႏွစ္ဦးရဲ႕ ပရိသတ္ေတြကို ဂယက္ထေစခဲ့ပါတယ္။ Page တစ္ခုရဲ႕ လုပ္ၾကံသတင္းတစ္ခုေၾကာင့္ သူတို႕ဇနီးေမာင္ႏွံတို႕ဟာ လာသမွ် ဖုန္းေတြအားလံုးကို တစ္မနက္လံုး ေျဖရွင္းခဲ့ရတယ္လို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးထားပါတယ္။

"ေကာလဟာလ သတင္းတစ္ခုက ၿပီးေတာ့လဲၿပီး သြားမွာပါပဲ ဆိုၿပီး မေျဖရွင္းေတာ့ပ ဲဒီတိုင္းပဲ ေနေနတာပါ။ ဒါေပမဲ့ သတင္းကပိုပိုျပန္႔ၿပီး ေျဖရွင္းရတာေတြကလဲ ပိုမ်ားလာတဲ့အတြက္ အခုလို တင္လိုက္ရတာပါ။ ကြ်န္မတို႔ မိသားစု စည္းစည္းလံုးလံုး ေအးေအးခ်မ္းခ်မ္းပါပဲရွင္" လို႕ ဆိုပါတယ္။

ဒီသတင္းအမွားေၾကာင့္ စိုးရိမ္ၿပီး ေမးၾကတဲ့ ပရိသတ္ေတြ သူငယ္ခ်င္းေတြ မိတ္ေဆြေတြအားလံုးကိုလည္း ေက်းဇူးတင္ေၾကာင္း ဆိုထားပါေသးတယ္။

Source : ေျပတီဦးနဲ႕ အိျႏၵာေက်ာ္ဇင္ ေဖ့စ္ဘြတ္
..............
လုပ်ကြံသတင်းကြောင့် စိတ်ညစ်နေရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် နှစ်ဦးသဘောတူ ကွာရှင်းဆိုတဲ့ သတင်းတစ်ခုကြောင့် သူတို့နှစ်ဦး စိတ်ညစ်နေရတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်မှာ လူမှုကွန်ယက်တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ နှစ်ဦးသဘောတူ ကွာရှင်းဆိုတဲ့ သတင်းတစ်ခုဟာ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကို ဂယက်ထစေခဲ့ပါတယ်။ Page တစ်ခုရဲ့ လုပ်ကြံသတင်းတစ်ခုကြောင့် သူတို့ဇနီးမောင်နှံတို့ဟာ လာသမျှ ဖုန်းတွေအားလုံးကို တစ်မနက်လုံး ဖြေရှင်းခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

"ကောလဟာလ သတင်းတစ်ခုက ပြီးတော့လဲပြီး သွားမှာပါပဲ ဆိုပြီး မဖြေရှင်းတော့ပ ဲဒီတိုင်းပဲ နေနေတာပါ။ ဒါပေမဲ့ သတင်းကပိုပိုပြန့်ပြီး ဖြေရှင်းရတာတွေကလဲ ပိုများလာတဲ့အတွက် အခုလို တင်လိုက်ရတာပါ။ ကျွန်မတို့ မိသားစု စည်းစည်းလုံးလုံး အေးအေးချမ်းချမ်းပါပဲရှင်" လို့ ဆိုပါတယ်။

ဒီသတင်းအမှားကြောင့် စိုးရိမ်ပြီး မေးကြတဲ့ ပရိသတ်တွေ သူငယ်ချင်းတွေ မိတ်ဆွေတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆိုထားပါသေးတယ်။

Source : ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်

No comments:

Post a Comment