Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 15, 2016
ဖတ်ကိုဖတ်ရမယ်။
📖📖📖📖📖
============================
======================
=======================
============================
ZN.H
Issariya Ven
..............
နိုင်ငံသားတိုင်းဖတ်သင့်တယ်။
ဖတ်ကိုဖတ်ရမယ်။
📖📖📖📖📖
ရခိုင်ပြည်နယ်အရေးနဲ့ ကဒ်ရောင်စုံပြဿ နာ ...
(ဒါကိုသိမှ အစိုးရသစ်ကို ဝေဖန်ပါ)
============================
ရခိုင်ပြည်နယ်မှာ အစိုးရက အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေတဲ့ အပေါ်မှာ နားမလည်တဲ့သူ အများအပြား တွေ့နေရပါတယ်။ နားမလည်တဲ့သူတွေထဲမှာ NLD အစိုးရသစ်ကို ဝေဖန်တိုက်ခိုက်နေသူတွေရော အစိုးရသစ်ကို ထောက်ခံသူတွေပါ အများအပြားရှိပါတယ်။ ထို့အပြင် ဒေသခံ ရခိုင်လူမျိုးတွေဟာလည်း ဒီကဒ်တွေရဲ့ သက်ရောက်မှု တန်ဖိုးကို မသိနားမလည်ကြပဲ စိုးရိမ်နေတာ တွေ့ရပါတယ်။
အစိုးရသစ်ကို ကန့်ကွက်တဲ့သူတွေကလည်း အစိမ်းရောင်ကဒ် ထုတ်ပေးလိုက်ရင် ချက်ချင်းပဲ နိုင်ငံသားဖြစ်သွားတော့မလို ရေးနေကြသလို အစိုးရသစ်ကို ထောက်ခံသူတွေမှာလဲ ဒီကဒ်တွေရဲ့ အကြောင်းကို ဂဃဏန သေချာနားမလည်တဲ့အတွက် အချက်အလက်ကျကျ ပြန်မချေပနိုင်ကြပါဘူး။
ဒီ့အတွက် နားမလည်တဲ့ သူတွေကိုလည်း အပြစ်တင်လို့တော့မရပါဘူး။
ကဒ်တွေကလည်း အဖြူ ၊ အစိမ်း၊ ပန်းရောင် ဆိုပြီး အမျိုးမျိုး
ဖြစ်နေတော့ နားမလည်တဲ့သူအတွက်တော့ မျက်စိလည်စရာပါ။
ဒီကဒ်တွေရဲ့ အကြောင်းကို အများနားလည်အောင် ရှင်းပေးပါ့မယ်။
မြန်မာနိုင်ငံမှာ လဝက က ထုတ်ပေးတဲ့ ကဒ်က အဖြူ ၊ အစိမ်း၊ ပန်းရောင်ဆိုပြီး (၃) မျိုးရှိပါတယ်။
၁။ White card ခေါ် အဖြူ ရောင်ကဒ်
======================
White card ခေါ် အဖြူ ရောင်ကဒ် ဆိုတာ လဝက အခေါ် ယာယီသက်သေခံ လက်မှတ်ဖြစ်ပါတယ်။ သက်သေခံကဒ်ပြား တစ်ခုခု မပေးနိုင်ခင်မှာ အမည်၊ နေရပ် သိနိုင်ရန် ယာယီကိုင်ဆောင်ခွင့် ပေးထားတဲ့ အထောက်အထား လက်မှတ်သာ ဖြစ်ပါတယ်။
White card ခေါ် အဖြူ ရောင်ကဒ်တွေကို ၂၀၁၀
ရွေးကောက်ပွဲ မတိုင်ခင်မှာ ရခိုင်ပြည်နယ်ရှိ မည်သည့်သက်သေခံ ကဒ်ပြားမှ မရှိသော ဘင်္ဂလီတွေကို ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီကို မဲပေးပါ့မယ်ဆိုတဲ့ အာမခံချက်နဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်လက်ထက်မှာ white card ပေါင်း
၄၃၀၀၀၀ ကျော်ထုတ်ပေးခဲ့ပါတယ်။
ကြံ့ဖွတ်ပါတီ အနိုင်ရပြီးနောက်မှာ ၂၀၁၅ အထိ ဘင်္ဂလီတွေကို ဆက်လက်ထုတ်ပေးခဲ့တဲ့ စာရင်းအရ ရခိုင်ပြည်နယ်တွင် White card ကိုင်ဆောင်သူဦးရေ ၆၀၀၀၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။ အဆိုပါ White card တွေဟာ ၂၀၁၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် ဧပြီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အတွင်း ပြန်အပ်ဖို့ အစိုးရသစ်လက်ထက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။ ယနေ့ အချိန်အထိ white card ပေါင်း ၄ သိန်းကျော်သာ လာအပ်ရပါသေးတယ်။
၂။ Green card ခေါ် အစိမ်းရောင်ကဒ်
=======================
Green card ဆိုတာကတော့ လဝက အခေါ် နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြားလို့ ခေါ်ပါတယ်။ White card ပြန်လာအပ်တဲ့သူတွေက်ို အဲ့ဒီ့အချိန်မှာ စလစ်လေးတွေ ပေးထားခဲ့ပါတယ်။ ထိုစလစ် ပြနိုင်တဲ့သူတွေကို Green card တွေပြန်ထုတ်ပေးနေတာသာ ဖြစ်ပါတယ်။
အစိမ်းရောင်ကဒ်ပြားသစ် ရှိမှသာ နိုင်ငံသားလျှောက်ထားနိုင်ပြီး ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ စိစစ်ချက်အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက်အပေါ်မူတည်ပြီး ဥပဒေအရ ခံစားခွင့်ရမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ စီမံချက်အရ ဇွန်လဆန်းကစပြီး White card ပြန်လာအပ်ထားသူတွေကို
Green card တွေ ပြန်ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ Green card ထုတ်ပေးတဲ့ အစီအစဉ် ပြီးတာနဲ့ ထိုသူတွေကို ၁၉၈၂ ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ လွယ်လွယ်နဲ့ နိုင်ငံသားဖြစ်ခွင့် မရနိုင်ပါဘူး။ အစစ်အဆေးခံမဲ့သူဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲက အနဲဆုံး ဘာသာစကားတစ်ခုကို တက်ကျွမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် စစ်ဆေးရေးလုပ်ငန်းဟာ ရခိုင်ပြည်နယ်အတွက်ရော မြန်မာနိုင်ငံအတွက်ပါ အရေးအကြီးဆုံး လုပ်ငန်းဖြစ်ပါတယ်။
ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်မှာ
တစ်ကြိမ် Green card တွေကို ထုတ်ပေးခဲ့ဖူးပါတယ်။
၃။ ပန်းရောင်ကဒ် ခေါ် နိုင်ငံသားမှတ်ပုံတင်ကဒ်
============================
ပန်းရောင်ကဒ်ဆိုတာကတော့ မြန်မာနိုင်ငံသားတိုင်း သိပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဖြစ်တဲ့ ကျနော်တို့ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ် ပဲဖြစ်ပါတယ်။ ပန်းရောင်ကဒ် ရှိမှသာ နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝ ရရှိမှာပဲ ဖြစ်ပါတယ်။
ဦးသိန်းစိန် သမ္မတ သက်တမ်းအတွင်းမှာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ ပွင့်လင်းမြင်သာမှု မရှိပဲ Green card ထုတ်ပေးထားသူ ဘင်္ဂလီ ၃၀၀၀၀ ကျော်ကို နိုင်ငံသားမှတ်ပုံတင်ကဒ် ပန်းရောင်ကဒ်ထုတ်ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။
ဒါတွေသိပြီးမှ NLD အစိုးရရဲ့ ရခိုင်ပြည်နယ်အတွက် လက်ရှိ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ချက်တွေကို ဆက်ပြီး ဝေဖန်ကြပါလို့ အကြံပေးလိုက်ပါတယ်။
NLD အစိုးရကြောင့် ကုလားတွေ နိုင်ငံသားဖြစ်ကုန်မယ်ဆိုတဲ့ မည်သည့် မျိုးချစ်မဆို ယျဉ်ကျေးစွာ ဝင်ဆွေးနွေးနိုင်ပါသည်။
ZN.H
Issariya Ven
No comments:
Post a Comment