Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 23, 2016

မဟာခ်ိဳင္မွာ ရြာတဲ့မိုး

 
မဟာခ်ိဳင္မွာ ရြာတဲ့မိုး
==============
အိမ္ျပန္ခ်င္ေသာ္လည္း
အိမ္ျပန္လို႔ မျဖစ္ေသးသူေတြပါ အေမ။

ညီွစို႔စို႔ ငါးစိမ္းတန္း
အလုပ္ကၾကမ္း၊ ဘ၀ေတြ ၾကမ္းနဲ႔
မ်က္ႏွာေလးေတြ ေအာက္ခ်
ေရႊဆိုၿပီး အ၀ါေရာင္ေလးေတာင္
မသမ္းရတဲ့ဘ၀...
တစ္ခါ...တစ္ခါေတာ့
ရြာကိုလြမ္းလို႔ ငိုမိပါတယ္အေမ။

ပဲြစားကညစ္
သံ႐ံုးက ထစ္
အလုပ္႐ွင္က မခ်စ္ရင္
သားတို႔သမီးတို႔ဘ၀
ေသာင္ျပင္လႊတ္တဲ့
ေရႊဟသၤာေလးေတြလို
ဘယ္သူ႔အားကိုးရမလဲ...အေမ။

တစ္သန္းခဲြဆိုတာ
ၿမိဳ႕တည္လို႔ရတယ္...တဲ့
ဒါေပမယ့္
ဧရာ၀တီနဲ႔ မဲေခါင္
မုန္႔ဟင္းခါးနဲ႔ ေကြ႔တယို
ကတၱီပါနဲ႔ ဆင္ၾကယ္
အလဲအလွယ္လုပ္ၿပီးမွ
ေနာင္တမရခ်င္ေသးတာ....
ထမင္းသံုးနပ္မွန္မွန္နဲ႔
အိမ္အျပန္ကို လက္ခ်ိဳးေရ
ဘတ္ေငြဆိုတာ....အဆသံုးဆယ္ပါ အေမ။

ဒီလို...ဒီလိုနဲ႔
တစ္သက္နဲ႔ တစ္ကိုယ္
ေစာင္းငဲ့လို႔ပင္ မၾကည့္ၾကတဲ့
ရင္ခြင္ေပ်ာက္ဘ၀ေတြဆီ
အေမ...အေရာက္လာမတဲ့
အိပ္မက္လား....တကယ္လား
မိုးမလင္းခင္က ေစာင့္ခဲ့ရ
စိမ္းျပာျပာေကာင္းကင္
ဖ်တ္ခနဲအၾကည့္မွာတင္
ဆိုမိတယ္....အေမ
ကြၽန္ေတာ္တို႔ရဲ႕ ကမၻာမေၾက...
အေမ....ၾကားရဲ႕လား?

အျပင္ကလူေတြ ေပးမ၀င္ရင္
အျပင္ကို ထြက္ေတြ႕မွာေပါ့တဲ့
အေမ့စကား
ကမၻာတည္သြားျပန္ၿပီေလ။

အေမ့မ်က္ႏွာ တစ္စကၠန္႔ေတြ႔ရ
အေမ့စကား တစ္ခြန္းၾကားရ
သည္ခဏေလးဟာ
ပတ္စပို႔ရတာထက္ ေပ်ာ္ပါတယ္
လူခ်င္းမေတြ႔ရ....ႏႈတ္မဆက္ရလို႔
အေမစိတ္မညစ္ပါနဲ႔
အေ၀းေရာက္သားသမီးေတြက
မိဘနဲ႔ေဆြမ်ိဳး....
ပိုခ်စ္တတ္ပါတယ္ အေမ။

အဲ့ဒီေန႔က
ဒီသားသမီးေတြရဲ႕အပူမီး
ကိုယ္တိုင္ယူၿပီး ပစ္လုိက္သလို...
အို.....
မဟာခ်ိဳင္မွာ မိုးေတြရြာလိုက္တာ...အေမ။ ။

မိုးနီလြင္
23rd June 2016 အမွတ္တရ
.........
မဟာချိုင်မှာ ရွာတဲ့မိုး
==============
အိမ်ပြန်ချင်သော်လည်း
အိမ်ပြန်လို့ မဖြစ်သေးသူတွေပါ အမေ။

ညှီစို့စို့ ငါးစိမ်းတန်း
အလုပ်ကကြမ်း၊ ဘဝတွေ ကြမ်းနဲ့
မျက်နှာလေးတွေ အောက်ချ
ရွှေဆိုပြီး အဝါရောင်လေးတောင်
မသမ်းရတဲ့ဘဝ...
တစ်ခါ...တစ်ခါတော့
ရွာကိုလွမ်းလို့ ငိုမိပါတယ်အမေ။

ပွဲစားကညစ်
သံရုံးက ထစ်
အလုပ်ရှင်က မချစ်ရင်
သားတို့သမီးတို့ဘဝ
သောင်ပြင်လွှတ်တဲ့
ရွှေဟင်္သာလေးတွေလို
ဘယ်သူ့အားကိုးရမလဲ...အမေ။

တစ်သန်းခွဲဆိုတာ
မြို့တည်လို့ရတယ်...တဲ့
ဒါပေမယ့်
ဧရာဝတီနဲ့ မဲခေါင်
မုန့်ဟင်းခါးနဲ့ ကွေ့တယို
ကတ္တီပါနဲ့ ဆင်ကြယ်
အလဲအလှယ်လုပ်ပြီးမှ
နောင်တမရချင်သေးတာ....
ထမင်းသုံးနပ်မှန်မှန်နဲ့
အိမ်အပြန်ကို လက်ချိုးရေ
ဘတ်ငွေဆိုတာ....အဆသုံးဆယ်ပါ အမေ။

ဒီလို...ဒီလိုနဲ့
တစ်သက်နဲ့ တစ်ကိုယ်
စောင်းငဲ့လို့ပင် မကြည့်ကြတဲ့
ရင်ခွင်ပျောက်ဘဝတွေဆီ
အမေ...အရောက်လာမတဲ့
အိပ်မက်လား....တကယ်လား
မိုးမလင်းခင်က စောင့်ခဲ့ရ
စိမ်းပြာပြာကောင်းကင်
ဖျတ်ခနဲအကြည့်မှာတင်
ဆိုမိတယ်....အမေ
ကျွန်တော်တို့ရဲ့ ကမ္ဘာမကြေ...
အမေ....ကြားရဲ့လား?

အပြင်ကလူတွေ ပေးမဝင်ရင်
အပြင်ကို ထွက်တွေ့မှာပေါ့တဲ့
အမေ့စကား
ကမ္ဘာတည်သွားပြန်ပြီလေ။

အမေ့မျက်နှာ တစ်စက္ကန့်တွေ့ရ
အမေ့စကား တစ်ခွန်းကြားရ
သည်ခဏလေးဟာ
ပတ်စပို့ရတာထက် ပျော်ပါတယ်
လူချင်းမတွေ့ရ....နှုတ်မဆက်ရလို့
အမေစိတ်မညစ်ပါနဲ့
အဝေးရောက်သားသမီးတွေက
မိဘနဲ့ဆွေမျိုး....
ပိုချစ်တတ်ပါတယ် အမေ။

အဲ့ဒီနေ့က
ဒီသားသမီးတွေရဲ့အပူမီး
ကိုယ်တိုင်ယူပြီး ပစ်လိုက်သလို...
အို.....
မဟာချိုင်မှာ မိုးတွေရွာလိုက်တာ...အမေ။ ။

မိုးနီလွင်
23rd June 2016 အမှတ်တရ

No comments:

Post a Comment