Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 4, 2016
သင်္ဃန်းဝတ်တစ်ဦးနဲ့ အမျိုးသမီးငယ်တစ်ဦးလက်ချင်းတွဲပလူးသွားနေတဲ့ ကိစ္စ
မမ
Pyinmana, Myanmar
https://www.facebook.com/may.thwe/posts/10209789925574551
........
ဒီနေ့ (၀၄.၀၆.၂၀၁၆) ညနေ (၅)နာရီ မိနစ် (၄၀) ခန့် ။
နေပြည်တော်ရေပန်းဥယာဉ်ထဲက public toilet ထဲက ထွက်အလာ ... ဓါတ်ပုံထဲကသင်္ဃန်းဝတ်နဲ့ လက်ချင်းတွဲပလူးသွားနေတဲ့ အမျိုးသမီးငယ်ကို တွေ ့လိုက်ရတဲ့အချိန် မျက်စိထဲ ပြာထွက်သွားတယ်။ အိတ်ထဲက ဖုန်းကို ကမန်းကတန်းထုတ်ပြီး မှတ်တမ်းရယူဖို့ ဓါတ်ပုံ ၂ပုံ ရိုက်လိုက်တယ်။
ဓါတ်ပုံရိုက်ပြီးပေမယ့် စိတ်ထဲအတော် မကျေမနပ်ဖြစ်နေတာကြောင့် သူတို့နောက်ကို ချက်ချင်းလိုက်သွားတယ် ။ အတူပါလာတဲ့ "ကောင်း"က လှမ်းတားပေမယ့် စိတ်ကမရတော့ဘူး။
သူတို့နားမရောက်ခင် စက္ကန် ့ပိုင်းအတွင်း အသည်းအသန်စဉ်းစားရတယ် ... ငါဘယ်လိုပြောမလည်း ဘယ်လိုရင်ဆိုင်မလည်း ဘယ်လိုသတိပေးစကားပြောမလည်း ... သူတို့တုံ့ပြန်မှုဘယ်လိုဖြစ်နိုင်မလည်း စသဖြင့် စဉ်းစားပြီး ..
အနားရောက်တော့ မိန်းခလေးကိုပဲ စခေါ်လိုက်ပါတယ် ... "ညီမ ... ဘယ်လိုတော်စပ်ကြလည်းတော့မသိဘူး အမြင်ကတော့မသင့်တော်ဘူး"
ခလေးမနဲ့ သင်္ဃန်းဝတ်က မထင်မှတ်ထားတဲ့အပြုအမူမို့ထင်ပါ့ အူကြောင်ကြောင်လို ဘုကလန့်လိုပြန်ကြည့်တယ် ။ (ခလေးမရုပ်ရည်က မဆိုးပါဘူး သင်္ဃန်းဝတ်ကသာ မျက်နှာမှာ ဘုတွေနဲ့ပါ ။ )
ကျမ လက်အုပ်ချီလိုက်ပါတယ် (သံတမန်နည်းလမ်းဆိုပါတော့) ... "ကျမ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ... ဒီလိုလက်တွဲပြီး ပလူးသွားနေတာ အများအမြင်မှာ လုံးဝမတင့်တယ်ပါဘူး ။ ဆင်ခြင်ကြပါ။" လို့ ပြောလိုက်တော့ .... သင်္ဃန်းဝတ်က ဘုကြည့်ကြည့်ပါတယ် ... ဒါပေမယ့် ဘာတခွန်းမှပြန်မပြောကြပဲ ..
ကျေးဇူးရှင် ၂ ယောက်က လက်တွဲကို တင်းတင်းဆုပ်ပြီး ထွက်သွားကြလေရဲ ့ ....
ကျမ တစ်ဦးတစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့အတိုင်းအတာအရ လုပ်ခဲ့တယ်ပဲ သဘောထားပါတယ်။ ဒီလိုပဲ မိမိပတ်ဝန်းကျင်မှာ မြင်တွေ ့ခဲ့ရင် အမုန်းမပွားတဲ့နည်းနဲ့ သတိပေးနိုင်ကြစေဖို့ မျှော်လင့်မိပါရဲ ့။
ဒီပို့စ်နဲ့ပက်သက်ပြီး ကျမ တာဝန်ယူပါတယ် ။ ကျမကိုယ်တိုင်ရိုက်ယူလာပြီး ကိုယ်တိုင်ကြုံတွေ ့လာတာဖြစ်ကြောင်း တာဝန်ယူပါတယ် ။
မမ
(ချောင်းရိုက်ခံရမလား ပေါ်တင်ရိုက်ခံရမလား နီးလာပြီ
May Thwe added 2 new photos — at ရေပန်းဥယာဉ်at Nay Pyi Taw.
Pyinmana, Myanmar ·
No comments:
Post a Comment