Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 16, 2016

နော်ဝေနိုင်ငံက ‪‎အောင်ဆန်းစုကြည်ပန်းခြံ‬ အဝင်မှာ ဧည့်မှတ်တမ်းစာအုပ်နှင့်အတူထားရှိမည့် ပြည်ပရောက် မြန်မာပညာရှင်တစ်ယောက်ရဲ့ ကြေးပန်းပုလက်ရာ

 အမေ.....
အမေ့ရဲ့ ဂုဏ်ရောင်ကို သဲတစ်မှုန်အစွမ်းအစနဲ့ ကျနော်နိုင်သလောက် ထုဆစ်ခဲ့ပါပြီ အမေ...။
အဘိုး ဗိုလ်မင်းရောင်ခေတ်ကို ကျနော်မမှီခဲ့ပါဘူး...
ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ကျနော် မမှီခဲ့ပါဘူး.....
ဒါပေမယ့် ရှည်လျှားလွန်းတဲ့ သံသရာ ဘဝတစ်ခုမှာ
အောင်ဆန်းစုကြည်ဆိုတဲ့ အမေ့ရဲ့ ခေတ်ကို ကျနော်မှီခဲ့ပါတယ် အမေ...
အမေ နဲ့ ဘဝတစ်ခုမှာ လူအဖြစ်နဲ့ လာပြီး ဆုံတွေ့ ခွင့်ရတာ ကျနော် ကျေနပ်ပါတယ် အမေရေ....
ကျနော် နိုင်သလောက် အနုပညာလေးနဲ့ အမေ့ပုံရိပ် ထုဆစ်နိုင်ခဲ့ပါပြီ အမေ..။
ခင်ဦး ဆိုတဲ့ ကျနော့်ဇာတိ မြို့ လေးအတွက်တော့ အမေ့ပန်းပုရုပ်နောက်မှာ
ပန်းပု
ငယ်ဇော်
ခင်ဦး....လို့  ရေးထိုးထားပေါ့...။
အမေနဲ့ မြို့ လေး ကျေနပ်နိုင်ပါစေ
credit ‪#‎ငယ်ဇော်‬(ခင်ဦး) Artist Nge Zaw



No comments:

Post a Comment