Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 24, 2016

ေလထီးခုန္ၿပီး လက္ထပ္ခြင့္ေတာင္းေသာ္လည္း မွန္းခ်က္မကိုက္ခဲ့သည့္ တ႐ုတ္အမ်ိဳးသား

ေလထီးခုန္ၿပီး လက္ထပ္ခြင့္ေတာင္းေသာ္လည္း မွန္းခ်က္မကိုက္ခဲ့သည့္ တ႐ုတ္အမ်ိဳးသား

On  Tue, 2016-05-24

တ႐ုတ္ႏုိင္ငံတြင္ အမ်ိဳးသားတစ္ဦးက ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းရန္ စြန္႔စြန္႔စားစား ေလထီးခုန္ခ်ၿပီး အဆန္းတၾကယ္ အားထုတ္ခဲ့ေသာ္လည္း စိတ္ပ်က္ဖြယ္ အေျခအေနျဖင့္သာ အဆံုးသတ္သြားခဲ့သည္။


ဟူေဘးရွိ ယီခ်န္းၿမိဳ႕တြင္ ေနထိုင္သည့္ အမ်ိဳးသားသည္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ၎၏ လက္ထပ္ခြင့္ေတာင္းမည့္ စိတ္ကူးစိတ္သန္းအတြက္ စိတ္လႈပ္ရွားစြာျဖင့္ ျပင္ဆင္ခဲ့သည္။ ၎သည္ ခ်စ္သူ မိန္းကေလးကို တစ္ေနရာတြင္ ခ်ိန္းဆိုၿပီးေနာက္ ထိုေနရာသို႔ ေလထီးျဖင့္ ဆင္းသက္လာကာ ႐ိုမန္တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းရန္ ရည္ရြယ္ခဲ့သည္။

သို႔ေသာ္ အေျခအေနမ်ားက အစီအစဉ္တိုင္း ျဖစ္မလာခဲ့ေခ်။ ေလထီးျဖင့္ ၎ဆင္းသက္လာစဉ္ ေလျပင္းတစ္ခ်က္ တိုက္ခတ္သြားရာ လိုရင္းမေရာက္ဘဲ လမ္းေၾကာင္းေျပာင္းၿပီး အဆိုပါ အမ်ိဳးသားသည္ သစ္ပင္တြင္ ေလထိႏွင့္ ၿငိေနခဲ့သည္။

ေလထီးႀကိဳးမ်ား ႐ႈပ္ကုန္သျဖင့္ ၎သည္ သစ္ခက္၊ သစ္ကိုင္းမ်ားတြင္ ႀကိဳးတုပ္သကဲ့သို႔ ျဖစ္ေနၿပီး လႈပ္ပင္ မလႈပ္ႏုိင္ေတာ့ေခ်။ ထို႔ေၾကာင့္ မီးသတ္ဝန္ထမ္းမ်ားက ကူညီၿပီး ၎ကို သစ္ပင္ေပၚမွ ျပန္ခ်ေပးခဲ့ရသည္။ အဆိုးထဲမွ အေကာင္းတစ္ခုမွ ၎သည္ ဒဏ္ရာမရခဲ့ဘဲ ေျမျပင္ေပၚတြင္ ခ်စ္သူကို ဆက္လက္၍ လက္ထပ္ခြင့္ ေတာင္းခဲ့သည္။

သို႔ေသာ္ အဆုိပါ အားထုတ္မႈသည္ လွလွပပ မျဖစ္ခဲ့ေခ်။ မိန္းကေလးက ၎၏ ခြင့္ပန္မႈကို ျငင္းပယ္သြားေသာေၾကာင့္ ျဖစ္သည္။ ထိုအမ်ိဳးသားကမူ စိတ္မေလွ်ာ့ေသးဘဲ ၎၏ ခ်စ္သူကို ေနာက္တစ္ႀကိမ္တြင္ ပိုမိုဆန္းျပားေသာ နည္းလမ္းျဖင့္ လက္ထပ္ခြင့္ေတာင္းရန္ အားခဲေနဆဲဟု သိရွိရသည္။

Ref: CCTV
http://www.7daydaily.com/story/65751

.............................................

လေထီးခုန်ပြီး လက်ထပ်ခွင့်တောင်းသော်လည်း မှန်းချက်မကိုက်ခဲ့သည့် တရုတ်အမျိုးသား

On  Tue, 2016-05-24

တရုတ်နိုင်ငံတွင် အမျိုးသားတစ်ဦးက ချစ်သူကို လက်ထပ်ခွင့်တောင်းရန် စွန့်စွန့်စားစား လေထီးခုန်ချပြီး အဆန်းတကြယ် အားထုတ်ခဲ့သော်လည်း စိတ်ပျက်ဖွယ် အခြေအနေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။


ဟူဘေးရှိ ယီချန်းမြို့တွင် နေထိုင်သည့် အမျိုးသားသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ၎င်း၏ လက်ထပ်ခွင့်တောင်းမည့် စိတ်ကူးစိတ်သန်းအတွက် စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်ခဲ့သည်။ ၎င်းသည် ချစ်သူ မိန်းကလေးကို တစ်နေရာတွင် ချိန်းဆိုပြီးနောက် ထိုနေရာသို့ လေထီးဖြင့် ဆင်းသက်လာကာ ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းရန် ရည်ရွယ်ခဲ့သည်။

သို့သော် အခြေအနေများက အစီအစဉ်တိုင်း ဖြစ်မလာခဲ့ချေ။ လေထီးဖြင့် ၎င်းဆင်းသက်လာစဉ် လေပြင်းတစ်ချက် တိုက်ခတ်သွားရာ လိုရင်းမရောက်ဘဲ လမ်းကြောင်းပြောင်းပြီး အဆိုပါ အမျိုးသားသည် သစ်ပင်တွင် လေထိနှင့် ငြိနေခဲ့သည်။

လေထီးကြိုးများ ရှုပ်ကုန်သဖြင့် ၎င်းသည် သစ်ခက်၊ သစ်ကိုင်းများတွင် ကြိုးတုပ်သကဲ့သို့ ဖြစ်နေပြီး လှုပ်ပင် မလှုပ်နိုင်တော့ချေ။ ထို့ကြောင့် မီးသတ်ဝန်ထမ်းများက ကူညီပြီး ၎င်းကို သစ်ပင်ပေါ်မှ ပြန်ချပေးခဲ့ရသည်။ အဆိုးထဲမှ အကောင်းတစ်ခုမှ ၎င်းသည် ဒဏ်ရာမရခဲ့ဘဲ မြေပြင်ပေါ်တွင် ချစ်သူကို ဆက်လက်၍ လက်ထပ်ခွင့် တောင်းခဲ့သည်။

သို့သော် အဆိုပါ အားထုတ်မှုသည် လှလှပပ မဖြစ်ခဲ့ချေ။ မိန်းကလေးက ၎င်း၏ ခွင့်ပန်မှုကို ငြင်းပယ်သွားသောကြောင့် ဖြစ်သည်။ ထိုအမျိုးသားကမူ စိတ်မလျှော့သေးဘဲ ၎င်း၏ ချစ်သူကို နောက်တစ်ကြိမ်တွင် ပိုမိုဆန်းပြားသော နည်းလမ်းဖြင့် လက်ထပ်ခွင့်တောင်းရန် အားခဲနေဆဲဟု သိရှိရသည်။

Ref: CCTV
http://www.7daydaily.com/story/65751

No comments:

Post a Comment