Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 24, 2016

Video Camera များ အကြောင်းလေ့လာခြင်း

အခုနောက်ပိုင်းမှာ တော်တော်များများရောထွေးလာတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Video Camera များနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Video Camera လို့ပြောလိုက်မယ်ဆိုတာနဲ့ မတူညီတဲ့ Function မတူညီတဲ့ Budget မတူညီတဲ့ဖွဲ့စည်းပုံများကိုတွေ့ရမှာပါ။ DSLR video revolution ဖြစ်ခဲ့ပြီးနောက်မှာ DSLR Killer ဆိုပြီး Product Manufacturer တွေဟာ Large Chip Sensor တွေနဲ့ ထုတ်လုပ်လာကြတဲ့အချိန်မှာ အများအမြင်မှာ ပိုပိုပြီး ရှုပ်ထွေးလာပါတယ်။ တစ်ကယ်တော့ ဒီ DSLR တွေနဲ့ Large Sensor Video Camera တွေဟာ ရှိနေတဲ့ Video Camera တွေနဲ့ အသုံးပြုပုံရည်ရွယ်ချက်ခြင်းမတူပါ။ ဒီအကြောင်းအရာကို သေချာရှင်းပြဖို့အတွက် Video Camera အမျိုးအစားတွေကို သိဖို့လိုပါတယ်။ ပထမဆုံး Video Camera အမျိုးအစားကတော့ Handycam လို့အများသိကြတဲ့ Consumer Camera လေးတွေပါ။ ဒီ Camera လေးတွေကိုတော့ အကုန်လုံးလဲသိကြပါတယ်။ သူတို့က Personal အသုံးပြုဖို့သာဖြစ်ပြီး Professional ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတဲ့ Camera တွေမဟုတ်ပါဘူး။ ဈေးနှုန်းအရလဲ တစ်ခြား Video Camera တွေလောက်ဈေးမရှိတာတွေ့ရမှာပါ။ များသောအားဖြင့် Sensor Size အသေးများသာသုံးကြပြီး Setting Control များမှာလဲ Automatic များသာ ဖြစ်တာများပါတယ်။ နောက်ပြီး ဒီ Handycam တွေဟာ Fix Lens တွေပါ။ ဖြုတ် တပ်လုပ်လို့မရပါဘူး။ (Sony မှာတော့ Interchangeable Lens Handycam ရှိပါတယ်)။ အခုနောက်ပိုင်းမှာတော့ Sony ကနေ ဒီ Handycam အမျိုးအစားကိုပဲ 4K resolution နဲ့ Sensor Size ကို 1 inch size အထိ ထည့်သွင်းထုတ်လုပ်လာတာတွေ့ရပါတယ်။ ဒီလို နည်းပညာဖွံဖြိုးတိုးတတ်မှုတွေကပဲ Camera အမျိုးအစား တစ်ခုနဲ့တစ်ခုကြားကို ရွေးချယ်ရ နှိုင်းယှဉ်ရခက်သွားစေပါတယ်။ သူ့မှာ Lens Ring ပါလာပြီး Focus,Zoom အကုန်လုံးကို Ring နဲ့ လုပ်လို့ရပါတယ်။ အဲ့လိုမျိုးမဟုတ်ပဲ Basic Function လောက်ပဲပါတဲ့ Handycam တွေလဲ အများကြီးပါပဲ။ ဒီ Handycam တွေဟာ ဈေးသက်သာပြီးပေါ့ပါးတဲ့ တစ်ကိုယ်ရေသုံးကင်မရာပါလို့ အသေပြောလို့မရတဲ့ နည်းပညာခေတ်တစ်ခုရောက်သွားပြီဖြစ်ပါတယ်။ အခုပြောသွားတဲ့ Sony Handycam AX100 ဆိုလျှင် $ 1699 လောက်ရှိတဲ့အတွက် Semi Pro DSLR တစ်လုံးတန်ကြေးလောက်ရှိပါတယ်။ Function ပိုင်းတွေ ပိုကောင်းနိုင်သလောက် DSLR ကိုယှဉ်မရတဲ့ အားနည်းချက်တွေလဲရှိပါတယ်။ ဆိုတော့ ယခုလက်ရှိနည်းပညာခေတ်မှာ Handycam ဆိုတိုင်း မကောင်းဘူး Pro Use သုံးလို့မရဘူးပြောမရတော့ပါ။ Handycam ဆိုပေမယ့် 4K ရနေတာမျိုး Sensor Size ကြီးနေတာမျိုး Pro Use Function တေါပါနေတာမျိုး Lens အဖြုတ်အတပ်ရနေတာမျိုးတွေ ရှိလာတဲ့အတွက်ပါ။ ကိုယ်သုံးမယ့်ပေါ်ပဲ မူတည်ကာ ရွေးချယ်ရမှာပါ။ ဒါကတော့ Handycam လေးတွေ အကြောင်းပါ။

Handycam အပြီးနောက်ထပ်တစ်မျိုးကတော့ ENG type Camera လို့ခေါ်တဲ့ Electronic News Gathering လို့ခေါ်တဲ့ Broadcasting သုံး ပုခုံးထမ်း Camera တွေပါ။ ဒီ ပုခုံးထမ်း camera တွေကိုမှာ Pro-Sumer နဲ့ Professional ဆိုပြီး သူ့ဈေးနှုန်းသူ့ Function အရကွဲပြားပါတယ်။ ဒီ ENG type တွေနဲ့ Digital Cinema Camera တွေနဲ့ နှိုင်းယှဉ်ပြီးပြောကြမေးကြတဲ့အခါ တော်တော်လေး ဖြေရခက်ပါတယ်။ ဒီ ENG camera တွေဟာ အဓိကအားဖြင့် သတင်းနှင့်မှတ်တမ်းရိုက်ကူးရေးများအတွက် Focus ထားထုတ်လုပ်ထားတဲ့ Camera တွေပါ။ Sensor Size အနေအထားရလဲ သေးငယ်ကြပါတယ်။ ဒီဈေးကြီးတဲ့ camera တွေဟာ sensor size သေးတယ်ဆိုတော့ ကျွန်တော်တို့က 70D ပဲ ကိုင်မှာပေါ့ဆိုပြီး ကျွန်တော့်ကို လာပြောတာကြုံဖူးပါတယ်။ တစ်ကယ်တော့ ဒီ Camera တွေဟာ သတင်းနှင့်မှတ်တမ်း Camera တွေဖြစ်တဲ့အတွက် အရာအားလုံးဟာ Focus မိဖို့က Sensor Size သေးငယ်မှဖြစ်ပါမယ်။ နောက်ပြီး ENG Camera တွေဟာ ပုခုံးထမ်းဖို့ Design လုပ်ထားတာဖြစ်ပြီး တစ်ယောက်ထဲ ကိုင်တွယ်အသုံးပြုဖို့လွယ်ကူအောင် တည်ဆောက်ထားကြပါတယ်။ ဒီ ENG type တွေဟာ Follow Focus လဲ မလိုပါဘူး။ Rig တွေဆင်စရာလဲမလိုပါဘူး။ ဒီ ENG Camera တွေဟာ Manual Control များ ရရှိကြပြီး Fixed Lens များ ရှိသလို Interchangeable lens များလဲရှိပါတယ်။ ENG type camera များဟာ SDI , XLR input စတဲ့ Professional connector များလဲပါပါတယ်။ အများအားဖြင့်တော့ Motor Zoom Lens များပါရှိကြပါတယ်။ ဒီ ENG Type မှာလဲ Pro Sumer ကနေ Professional level အလိုက် ဈေးနှုန်းအမျိုးမျိုးကွဲပြားကြပါတယ်။ Sensor Size များလဲ အမျိုးမျိုးကွဲပြားပါတယ်။

News Shooting
နောက်တစ်မျိုးကတော့ Large Sensor Camera တွေဖြစ်တဲ့ DSLR တွေနဲ့ Digital Cinema Camera ခေါ်ခေါ် Digital Movie Camera ပဲခေါ်ခေါ် စတဲ့ sensor size ကြီးမားတဲ့ Camera တွေပါ။ ဒီ Camera တွေအကြောင်းမပြောခင် အရင်တုန်းက ဒီ Camera တွေမပေါ်ခင်တုန်းက ရုပ်ရှင်အမြင်ရုပ်ထွက်ကို ဖန်တီးယူကြပုံကိုပြောချင်ပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင် Film ရဲ့ Characteristic ဖြစ်တဲ့ Depth of Field ကျဉ်းကျဉ်းရရှိဖို့အတွက် DOF adaptor တွေခံသုံးတာတွေ 24fps ရတဲ့ Camera တွေကို Color Grading နည်းပညာနဲ့ Film Look ရရှိဖို့လုပ်ကြတာတွေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

DOF adaptor

ဒါပေမယ့် ဒီ Large Sensor Camera တွေလို Cinematic Quality ကို အပြည့်အ၀မရနိုင်ပဲ အားမရဖြစ်နေချိန်မှာ Ground Breaking ဖြစ်ခဲ့တာက DSLR တွေပါ။ Photographic 35mm sensor ကို Video Function ရရှိသွားတဲ့အခါ Cinematic Quality ကို ဈေးသက်သာစွာ အလွယ်တကူဖန်တီးယူလာနိုင်ကြပါတယ်။ တစ်ဖက်မှာလဲ Sony F3, F55,FS 700,F5,FS 7 စတဲ့ Cinema Camera တွေ ရှိသလို Canon ရဲ့ C100, C300, C500 စတဲ့ camera များ Black Magic Company ရဲ့ Black Magic Production Camera 4K, Pocket Camera,Ursa, Ursa Mini စတဲ့ ဈေးနှုန်းသက်သာတဲ့ Digital Cinema Camera များကလဲ အပြိုင်အဆိုင်ထွက်ပေါ်လျက်ရှိပါတယ်။

ဒီ Camera တွေဟာ Cinematic Production လို့ခေါ်တဲ့ ရုပ်ရှင်အမြင် ရုပ်ထွက်ကိုပေးနိုင်တဲ့ camera များဖြစ်ကြပါတယ်။ ဒီ Camera တွေဟာ ENG type camera တွေထက် sensor size များစွာကြီးကြပြီး ဒီ sensor size ကြောင့်ပဲ Cinematic Visual ကို ပေးစွမ်းနိုင်တာပါ။ ENG type တွေနဲ့ ပြောင်းပြန် တစ်ယောက်ထဲ Operate လုပ်လို့ အဆင်ပြေလှတဲ့ Camera တွေမဟုတ်ပါဘူး။ News Reporting , Broadcasting Work တွေဟာ Camera Person ဟာ တစ်ယောက်တည်းဆောင်ရွက်ဖို့ လုပ်ထားပေမယ့် Cinema Production မှာတော့ Focus အတွက် Follow Focus ရှိရပါတယ်။ Camera Assistant ရှိရပါတယ်။ Cinema Workflow ကို ညက်ညောအောင်ဆောင်ရွက်ပေးကြမယ့် Gaffer, Grip စတဲ့လူပေါင်းများစွာနဲ့ ဆောင်ရွက်ဖို့ Design လုပ်ထားတဲ့ Camera တွေပါ။

နောက် Digital Cinema Camera တွေရဲ့ ခြားနားချက်တစ်ခုကတော့ ENG type camera တွေဟာ ရိုက်လာ Edit ဆက် ချက်ချင်းပြန်လွှင့်ဖို့လုပ်ထားတဲ့ Camera တွေပါ။ ဒါ့ကြောင့် Minimum Data နဲ့ အလုပ်လုပ်လို့ရပါတယ်။ Dynamic range တွေ ကောင်းမွန်ဖို့ Data Store လုပ်နိုင်ဖို့က အဓိကအချက်တွေမဟုတ်ပါ။ Digital Cinema Camera တွေအတွက်ကတော့ ရိုက်လာတဲ့ ရုပ်ဟာ ဒီတိုင်းသုံးဖို့မဟုတ်ပါဘူး။ ရုပ်ရှင်ဖြစ်သည့်အလျောက် ရုပ်ရှင်ရဲ့ အမျိုးအစား Theme ပေါ်လိုက်ပြီး Color တွေပြောင်းလဲရပါတယ်။ Color ပြောင်းလဲခြင်းအားလျော်စွာ Skin Tone တွေ Selective Color Adjustment လုပ်ဖို့ Recording Format တွေဟာ Image Data များစွာကို Store လုပ်နိုင်ဖို့လိုပါတယ်။ ဒီလိုလုပ်နိုင်မှပဲ ရုပ်ရှင်အတွက်လိုအပ်တဲ့ Post Production Work တွေဆောင်ရွက်နိုင်မှာပါ။ နောက်ပြီး ဒီ Camera တွေနဲ့ အလုပ်လုပ်ဖို့ Rig တွေ Follow Focus တွေလိုအပ်ပါတယ်။ ဒါမှသာ Follow Focus လုပ်တဲ့အခါ Filter တွေသုံးတဲ့အခါလွယ်ကူမှာပါ။ ဒီလိုကွာခြားလှတဲ့ ENG နဲ့ Cinema Workflow နှစ်ခုကို ရှုပ်လာစေတာကတော့ အပေါ်ကပြောခဲ့တဲ့ နည်းပညာပြောင်းလဲတိုးတတ်မှုကြောင့်ပါပဲ။ အရင်က Large Sensor တွေဆို DSLR လောက်သာရှိခဲ့လို့ ပြသနာမရှိပေမယ့် အခု High End DSLR ဈေးနှုန်းနဲ့ Digital Cinema camera တွေထွက်လာတဲ့အခါ ENG ၀ယ်ရမလား DSLR ၀ယ်ရမလား ဒါမှမဟုတ်ခုနကပြောခဲ့တဲ့ Cinema Camera တွေဝယ်ရမလားဆိုတဲ့မေးခွန်းတွေအများအပြားတွေ့လာရပါတယ်။ ဒါကတော့ ကိုယ်လုပ်တဲ့အလုပ်အပေါ်မူတည်ပါတယ်။ မှတ်တမ်းရိုက်ကူးသူများအတွက် Black Magic Production camera က ဘယ်လိုမှအဆင်မပြေနိုင်သလို MTV ရိုက်ကူးသူကို Sony MC2000 သုံးလို့မဖြစ်ပါဘူး။ သို့ပေမယ့်လည်း နောက်ပိုင်းမှာ Cinematic Wedding လို့ခေါ်တဲ့ Wedding Video အမျိုးအစားများထွန်းကားလာမယ်ဆိုရင် International မှာတွေ့နေသလိုမျိး Wedding တွေကို Canon C100,C300 စတာတွေ Sony FS5 စတဲ့ Camera တွေသုံးစွဲမလာနိုင်ဘူးလို့လဲပြောမရပါဘူး။ DSLR တွေကတော့ သူ့ Limitation ကို သိရင်တော့ မှတ်တမ်းပိုင်း ကို (Long take တွေမဟုတ်ရင်) သုံးလို့ရတဲ့အထဲပါပါတယ်။ ဒီလောက်ဆို ဘယ် Camera type ဟာ ဘယ်လိုအနေအထားအတွက် Large Sensor တွေက ဘာအတွက်သုံးတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိလောက်ပါပြီ။ DSLR တွေကတော့ Sensor ကြီးတာက အားသာချက်ဖြစ်ကာ Short Film , MTV စတဲ့ Cinematic Production တွေမှာ သုံးနေကြပေမယ့် သူ့ရဲ့ Recording format နဲ့ Assisting Functions တွေဟာ Digital Cinema Camera တွေလောက်တော့ အဆင်မပြေနိုင်ပါဘူး။

Net Guide Journal Article Issue - 32

No comments:

Post a Comment