Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 8, 2016

ပိဿာချိန် ၅၀ ခန့်ရှိ ငါးရွေးအမတစ်ကောင် ဧရာဝတီမြစ်အတွင်းမှ ဖမ်းဆီးရမိ

မကွေး၊ မေ ၇ - မကွေးမြို့နယ်
ထုံးပေါက်တောကျေးရွာအုပ်စု သ ဖန်း ဆိပ်ကျေး ရွာအနီးရှိ ဧရာဝတီ မြစ်အတွင်းမှ အလေးချိန် ပိဿာ ၅၀ ခန့်ရှိ ငါးရွေးငါးတစ်ကောင်အား မေ ၆ ရက် မွန်းလွဲပိုင်းက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသောငါး မှာ အလျားငါးပေ၊ လုံးပတ်သုံးပေ ခြောက် လက်မနှင့် အလေးချိန် ပိဿာ ၅၀ ခန့်ရှိ ငါးရွေး အမ တစ် ကောင်ဖြစ်ကြောင်း ၊ သဖန်းဆိပ် ကျေးရွာနေတံငါသည် ဦးလှိုင်ဦး သည်
မေ ၆ ရက် နံနက် ၅ နာရီ ခွဲခန့်က ဧရာဝတီမြစ် အတွင်း ငါး ဖမ်းပိုက်ထောင်ထားခဲ့ပြီးနောက် ငါး ဖမ်းပိုက်အားပြန်လည်ဖော်စဉ် အ ဆိုပါငါးမှာ ပိုက်ကွန်ထဲတွင် ပါလာ ခဲ့ခြင်းဖြစ်ပြီး ယင်းငါးကြီးအား သဖန်းဆိပ်ကျေးရွာ ဧရာဝတီမြစ် ကမ်းစပ်၌ ကြိုးဖြင့်ချည်နှောင် ထိန်း သိမ်းထားရှိခဲ့ကြောင်း သိရသည်။
ထိုငါးရွေးငါးမကြီးအား ငါးပိုင် ရှင်ဦးလှိုင်ဦးက ဘုရားငါးဟုယူ ဆ သောကြောင့် မေ ၇ ရက် နံနက် ၁၀ နာရီတွင် ၎င်းင်း၏နေအိမ်၌ သံဃာတော်များအား ဆွမ်းဆက် ကပ်လှူဒါန်းပြီး ထိုငါးရွေးငါးမကြီး အား ရွှေရည်ငွေရည်လောင်း၍ ဧရာဝတီမြစ်အတွင်းသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
‪Democracytoday‬



No comments:

Post a Comment