အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်း မီးပွိုင့် မှာ ဖြစ်သွားတဲ့မင်းမဲ့စရိုက်

မတင်တော့ဘူးလို့ မှန်းထားသော်လည်း မင်းမဲ့ စရိုက်ဆန်လွန်းနေတာကြောင့် ယနေ့ (11:45) a.m လောက်က အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်း မီးပွိုင့် မှာ ဖြစ်သွားတာကို မှတ်တမ်းတင်မိတာကို post တင်လိုက်ပါတယ်။
သူငယ်ချင်းတို့လိုင်းကားဆိုရင် တတ်နိုင်သလောက်လျော့လိုက်ကြဖို့ပါ။ ကားပေါ်မှာ သံတုတ် အရှည် (၃) ချောင်းတောင်ဆိုတော့ ရည်ရွယ်ချက်ရှိရှိဆောင်ထားတဲ့သဘောရှိပါတယ်။
(၃) ယောက်ပါတာ (၃)ယောက်လုံး သံတုတ်အရှည်တွေနဲ့ လိုက်ရိုက်တာတွေ့ရပါတယ်။တဖက်ကားသမားနဲ့ စပါယ်ယာတွေက လမ်းဒေါင့်မီးပွိုင့်နားက Church ခရိယာန်ဘုရား ကျောင်းထဲဝင်ပြေးကြတာတွေ့လိုက်ရပါတယ်။ထိတဲ့သူလဲရှိနိုင်ပါတယ်။ ကားပေါ်က မဆင်းဘဲ ဓါတ်ပုံရိုက်တာဆိုတော့ ကားနံပါတ် မပေါ်ဘူး ဒါနဲ့ နောက်ကလိုက်ပြီး ကား နံပါတ်ပေါ်အောင်
လိုက်ရိုက်လိုက်တယ်။ကားပေါ်မှာ မောင်မျိုး(တောင်ငူ) ပါ ပါတယ်။အားလုံး အဲဒီလို ကားမျိုးနဲ့ မတွေ့ကြပါစေနဲ့။
ဘေးရန်ကင်းကြပါစေ။ မည်သူ တစ်ဦးတစ်ယောက် ပျက်စီးရာ ပျက်စီးကြောင်းမရည်ရွယ်ပါ။


Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)