Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 6, 2016

စစ္ကိုင္း အလုပ္သမားမ်ား ခ်ီတက္ ဆႏၵျပမႈ ယာယီ ရပ္ဆိုင္း

စစ္ကိုင္းတိုင္း ပတၱျမားစက္မႈဇုန္ Myanmar Veener Plywood Private Co Ltd သစ္အေခ်ာထည္စက္႐ံုမွ အလုပ္သမားမ်ား ဆႏၵျပေနစဥ္။
စစ္ကိုင္းကေန ေနျပည္ေတာ္ကို ခ်ီတက္ဆႏၵျပေနတဲ့ အလုပ္သမားသမားေတြဟာ အစိုးရနဲ႔ ညိႇႏိႈင္းမႈ ရလဒ္အရ သူတို႔ဆႏၵျပခ်ီတက္မႈကို ၅ ရက္ ရပ္နားလိုက္ပါတယ္။ စစ္ကိုင္းတိုင္း သစ္အေခ်ာထည္စက္ရံုကေန အလုပ္ထုတ္ခံရတဲ့ အလုပ္သမား တရာေက်ာ္ဟာ ေနျပည္ေတာ္ကို ခ်ီတက္ဆႏၵျပေနရာ တပတ္ခန္႔အၾကာ၊ အလုပ္သမားေခါင္းေဆာင္ေတြနဲ႔ အစိုးရ ျပည္ေထာင္စု၀န္ႀကီးတို႔ ဒီကေန႔ ေနျပည္ေတာ္မွာ ညိႇႏိႈင္းေဆြးေႏြးခဲ့ၾကတာပါ။ စံုစမ္းေမးျမန္းထားတဲ့ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

စစ္ကိုင္းတုိင္းသစ္ အေခ်ာထည္စက္ရံုက အလုပ္သမား ၁၀၀ေက်ာ္ ဟာ စက္ရံုကေန အလုပ္ထုတ္ပစ္ခဲ့ျပီး ၂လႀကာတဲ့အထိ အလုပ္သမား ဝန္ႀကီးဌာနနဲ႔ အလုပ္ရွင္ဘက္က ေျဖရွင္းေပးမႈမရွိဘူးဆုိကာ ေနျပည္ေတာ္သမတရံုးကုိခ်ိတက္ျပီးေနာက္ ဒီကေန႔ ေမလ ၆ရက္ေန႔မွာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး နဲ ့ ျပည္သူအင္အား ဝန္ႀကီးဌာနကတာ၀န္ရွိသူေတြက အလုပ္သမား ေခါင္းေဆာင္ေတြ ကို ေခၚယူေတြ႔ဆံုခဲ့ရာမွာ အလုပ္သမားေတြဘက္ က အခ်က္ ၃ခ်က္ ေတာင္းဆိုခဲ့ပါတယ္။

ဒီေတာင္းဆိုမႈေတြထဲက ၂ ခ်က္ကိုေတာ့ ၅ရက္အတြင္း အလုပ္ရွင္နဲ႔ ညိႇႏိႈင္းေပးဖို႔ အလုပ္သမား၀န္ႀကီးဌာနက ကတိေပးခဲ့တာေႀကာင့္ ေဆြးေႏြးေနတဲ့ ၅ရက္မွာ အလုပ္သမားသပိတ္ ရပ္နားထားမွာျဖစ္တယ္လုိ့ အလုပ္သမားေခါင္းေဆာင္ ကုိႏွင္းေအာင္ကေျပာပါတယ္။

" လုပ္ငန္းခြင္ ရပိုင္ခြင့္နဲ႔ ၾကားကာလ နစ္နာေၾကးရရွိေရး ေနာက္ၿပီးေတာ့ ဥပေဒ ခ်ိဳးေဖာက္တဲ့ ဥပေဒကို ဘယ္လိုအေရးယူေပးမလဲ။ အခ်က္နဲ႔ပါ ခင္ဗ်။ အလုပ္ျပန္လည္ ရရွိေရးေပါ့။ အလုပ္ျပန္လည္ရရွိေရးနဲ႔ ၾကားကာလ နစ္နာေၾကးရရွိေရး ။ သူတို႔ အလုပ္ရွင္ အလုပ္ထုတ္လုိက္သည့္ ေန႔မွ စၿပီး ေနာက္ဆံုးေန႔ရက္ အထိေပါ့။ ေနာက္ဆံုးေန႔ရက္ ၾကာခဲ့တဲ့ အခ်ိန္အထိ ၾကားကာလ နစ္နာေၾကးကို ေျပာတာေပါ့။ အလုပ္ရွင္က အလုပ္သမားေတြကို ဥပေဒမဲ့ အလုပ္ထုတ္လုိက္တဲ့ဟာကို ဥပေဒေၾကာင္းအရ ဒီဝန္ႀကီးဌာနက ဘယ္လိုအေရးယူေပးမလဲဆိုတဲ့ ေတာင္းဆိုခ်က္ပါခင္ဗ်။ အားလံုးေပါင္း သံုးခ်က္ထဲပါ ခင္ဗ်။

အခု ေတာင္းဆိုခ်က္ေတြကို အလုပ္ရွင္ကို တရားဥပေဒေၾကာင္းအရ တရားစြဲဖို႔ အခ်ိန္ကာလတခု သူတို႔ကိုေပးပါ။ သူတို႔အဆင့္ဆင့္ျပန္လည္စိစစ္ၿပီးေတာ့ အေရးယူေပးမယ္ ဆိုၿပီး ေျပာလာပါတယ္။  က်န္တဲ့ႏွစ္ခ်က္ကေတာ့ ၾကားကာလ နစ္နာေၾကးနဲ႔ လုပ္ငန္းခြင္ျပန္လည္ရရွိေရးကေတာ့ ငါးရက္ေစာင့္ပါ အလုပ္ရွင္နဲ႔သူတို႔ ညိႇိမယ္လို႔ ေျပာပါတယ္။ ၅ ရက္ ကာလအတြင္းမွာ က်ေနာ္တို႔ သပိတ္ကို လက္ရွိ ဒီေနရာမွာပဲ ရပ္နားထားမယ္။ ဒီမွာ စားဖို႔နဲ႔ ေနဖို႔ ထိုင္ဖို႔ အားလံုးအတြက္ကို ဝန္ႀကီးဌာနက တာဝန္ယူမယ္လို႔ေျပာပါတယ္။ လက္ရွိ က်ေနာ္တို႔ သေဘာတူညီ ထားတာကေတာ့ ဘုန္းႀကီးေက်ာင္းမွာ စားဖို႔ ေနဖို႔အတြက္ အကုန္စီစဥ္ေပးမယ္ဆိုၿပီး ဝန္ႀကီးဌာနဘက္က သေဘာတူထားတယ္။ "

ဧျပီလကုန္ကစျပီး တပတ္ခန္႔ ၾကာတဲ့အထိ စစ္ကိုင္းတုိင္းကေန မႏၱေလးတိုင္း ေနျပည္ေတာ္ကို ခ်ီတက္ေနတဲ့ အလုပ္သမားသပိတ္ကုိ လမ္းခရီးမွာေတာ့ အာဏာပိုင္ေတြဘက္က တာဆီးပိတ္ပင္ခဲ့ေပမဲ့ ဆက္လက္ ခ်ိီတက္ေနခဲ့တာပါ။

လမ္းခရီးမွာ အလုပ္သမားေတြ ၀င္ေရာက္တည္းခိုတဲ့ ဘုန္းႀကီးေက်ာင္းေတြမွာလည္း လက္မခံဖုိ႔ အတြက္ ဖိအားေပးမူေတြရိွခဲ့ပါတယ္။ သစ္အေခ်ာထည္စက္ရံုက အလုပ္သမားေတြဟာ အလုပ္ထုတ္ခံရျပီး ၂လႀကာတဲ့ အထိ စက္႐ံုေရွ႕မွာ သပိတ္ေမွာက္ ဆႏၵျပေနၾကတာပါ။ သူတို႔ကုိ အလုပ္ရွင္ဘက္ကေကာ၊ အလုပ္သမားဝန္ႀကီးဌာနဘက္ကပါ ေျဖရွင္းေပးမႈ မရွိဘူးဆိုျပီး အခုလိုခ်ီတက္ လမ္းေလ်ာက္ျပီး ဆႏၵထုတ္ေဖာ္ရတာျဖစ္တယ္လို့ဆိုပါတယ္။

သူတို ့ဦးတည္ခ်က္ကေတာ့ ေနျပည္ေတာ္မွာရွိတဲ့ သမၼတရံုးကို ဦးတည္ခ်ီတက္ေနတာျဖစ္ျပီး အစိုးရသစ္ကို ဆန္႔က်င္တာမဟုတ္ပဲ သူတို့ျပႆနာေတြကို တရားမ်ွတစြာ ေျဖရွင္းေပးဖုိ႔ ေတာင္းဆုိဖို႔သာျဖစ္တယ္လုိ့ ေျပာဆုိၾကပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................................


စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ်။
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ အလုပ်သမားသမားတွေဟာ အစိုးရနဲ့ ညှိနှိုင်းမှု ရလဒ်အရ သူတို့ဆန္ဒပြချီတက်မှုကို ၅ ရက် ရပ်နားလိုက်ပါတယ်။ စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တရာကျော်ဟာ နေပြည်တော်ကို ချီတက်ဆန္ဒပြနေရာ တပတ်ခန့်အကြာ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အစိုးရ ပြည်ထောင်စုဝန်ကြီးတို့ ဒီကနေ့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းသစ် အချောထည်စက်ရုံက အလုပ်သမား ၁၀၀ကျော် ဟာ စက်ရုံကနေ အလုပ်ထုတ်ပစ်ခဲ့ပြီး ၂လကြာတဲ့အထိ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်ရှင်ဘက်က ဖြေရှင်းပေးမှုမရှိဘူးဆိုကာ နေပြည်တော်သမတရုံးကိုချိတက်ပြီးနောက် ဒီကနေ့ မေလ ၆ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ ့ ပြည်သူအင်အား ဝန်ကြီးဌာနကတာဝန်ရှိသူတွေက အလုပ်သမား ခေါင်းဆောင်တွေ ကို ခေါ်ယူတွေ့ဆုံခဲ့ရာမှာ အလုပ်သမားတွေဘက် က အချက် ၃ချက် တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုတွေထဲက ၂ ချက်ကိုတော့ ၅ရက်အတွင်း အလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ကတိပေးခဲ့တာကြောင့် ဆွေးနွေးနေတဲ့ ၅ရက်မှာ အလုပ်သမားသပိတ် ရပ်နားထားမှာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်ကပြောပါတယ်။

" လုပ်ငန်းခွင် ရပိုင်ခွင့်နဲ့ ကြားကာလ နစ်နာကြေးရရှိရေး နောက်ပြီးတော့ ဥပဒေ ချိုးဖောက်တဲ့ ဥပဒေကို ဘယ်လိုအရေးယူပေးမလဲ။ အချက်နဲ့ပါ ခင်ဗျ။ အလုပ်ပြန်လည် ရရှိရေးပေါ့။ အလုပ်ပြန်လည်ရရှိရေးနဲ့ ကြားကာလ နစ်နာကြေးရရှိရေး ။ သူတို့ အလုပ်ရှင် အလုပ်ထုတ်လိုက်သည့် နေ့မှ စပြီး နောက်ဆုံးနေ့ရက် အထိပေါ့။ နောက်ဆုံးနေ့ရက် ကြာခဲ့တဲ့ အချိန်အထိ ကြားကာလ နစ်နာကြေးကို ပြောတာပေါ့။ အလုပ်ရှင်က အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်လိုက်တဲ့ဟာကို ဥပဒေကြောင်းအရ ဒီဝန်ကြီးဌာနက ဘယ်လိုအရေးယူပေးမလဲဆိုတဲ့ တောင်းဆိုချက်ပါခင်ဗျ။ အားလုံးပေါင်း သုံးချက်ထဲပါ ခင်ဗျ။

အခု တောင်းဆိုချက်တွေကို အလုပ်ရှင်ကို တရားဥပဒေကြောင်းအရ တရားစွဲဖို့ အချိန်ကာလတခု သူတို့ကိုပေးပါ။ သူတို့အဆင့်ဆင့်ပြန်လည်စိစစ်ပြီးတော့ အရေးယူပေးမယ် ဆိုပြီး ပြောလာပါတယ်။  ကျန်တဲ့နှစ်ချက်ကတော့ ကြားကာလ နစ်နာကြေးနဲ့ လုပ်ငန်းခွင်ပြန်လည်ရရှိရေးကတော့ ငါးရက်စောင့်ပါ အလုပ်ရှင်နဲ့သူတို့ ညှိိမယ်လို့ ပြောပါတယ်။ ၅ ရက် ကာလအတွင်းမှာ ကျနော်တို့ သပိတ်ကို လက်ရှိ ဒီနေရာမှာပဲ ရပ်နားထားမယ်။ ဒီမှာ စားဖို့နဲ့ နေဖို့ ထိုင်ဖို့ အားလုံးအတွက်ကို ဝန်ကြီးဌာနက တာဝန်ယူမယ်လို့ပြောပါတယ်။ လက်ရှိ ကျနော်တို့ သဘောတူညီ ထားတာကတော့ ဘုန်းကြီးကျောင်းမှာ စားဖို့ နေဖို့အတွက် အကုန်စီစဉ်ပေးမယ်ဆိုပြီး ဝန်ကြီးဌာနဘက်က သဘောတူထားတယ်။ "

ဧပြီလကုန်ကစပြီး တပတ်ခန့် ကြာတဲ့အထိ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်း နေပြည်တော်ကို ချီတက်နေတဲ့ အလုပ်သမားသပိတ်ကို လမ်းခရီးမှာတော့ အာဏာပိုင်တွေဘက်က တာဆီးပိတ်ပင်ခဲ့ပေမဲ့ ဆက်လက် ချိီတက်နေခဲ့တာပါ။

လမ်းခရီးမှာ အလုပ်သမားတွေ ၀င်ရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံဖို့ အတွက် ဖိအားပေးမူတွေရှိခဲ့ပါတယ်။ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး ၂လကြာတဲ့ အထိ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေကြတာပါ။ သူတို့ကို အလုပ်ရှင်ဘက်ကကော၊ အလုပ်သမားဝန်ကြီးဌာနဘက်ကပါ ဖြေရှင်းပေးမှု မရှိဘူးဆိုပြီး အခုလိုချီတက် လမ်းလျောက်ပြီး ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆိုပါတယ်။

သူတို ့ဦးတည်ချက်ကတော့ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ဦးတည်ချီတက်နေတာဖြစ်ပြီး အစိုးရသစ်ကို ဆန့်ကျင်တာမဟုတ်ပဲ သူတို့ပြဿနာတွေကို တရားမျှတစွာ ဖြေရှင်းပေးဖို့ တောင်းဆိုဖို့သာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment