Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 6, 2016

သပိတ္ေမွာက္အလုပ္သမားေတြ ယာယီေနထုိင္စားေသာက္ေရး အစိုးရ စီစဥ္ေပးမည္

စစ္ကိုင္းကေန ေနျပည္ေတာ္ကို ဆႏၵျပခ်ီတက္ေနတဲ့ Myanmar Veneer သစ္ပါးလႊာစက္ရံုအလုပ္သမားေတြကို ေမလ ၆ ရက္ေန႔က ဝမ္းတြင္းၿမိဳ႕မွာ ေတြ႔ရစဥ္။ Photo: Hset Paing Toe/RFA
စစ္ကိုင္းကေန ေနျပည္ေတာ္ကို ခ်ီတက္ေနတဲ့ Myanmar Veneer သစ္ပါးလႊာစက္ရံုအလုပ္သမားေတြ အေရးအတြက္ အလုပ္သမားဝန္ႀကီး၊ အလုပ္သမားကိုယ္စားလွယ္နဲ႔ စက္ရံုကိုယ္စားလွယ္တို႔ ေဆြးေႏြးပြဲကို ဒီေန႔ ေန႔လည္ ၃ နာရီေလာက္က ေနျပည္ေတာ္မွာ စတင္ခဲ့ပါတယ္။

ပထမပိုင္းေဆြးေႏြးပြဲမွာ စက္ရံုပိုင္ရွင္က အလုပ္ထုတ္ထားတဲ့ အလုပ္သမားေတြထဲက တဝက္ေလာက္ကို အလုပ္ျပန္ခန္႔ၿပီး က်န္တဲ့တဝက္ကို ေလ်ာ္ေၾကးေပးမယ္ဆိုတဲ့ ကမ္းလွမ္းခ်က္ကို အလုပ္သမားဝန္ႀကီးဌာနကလည္း ေျပာဆုိတဲ့အတြက္ အဲ့ဒီအခ်က္ကို အလုပ္သမားေတြ တိုင္ပင္ဆုံးျဖတ္ၾကဖို႔ ေဆြးေႏြးပြဲတက္ေနတဲ့ အလုပ္သမားကိုယ္စားလွယ္ေတြက အေၾကာင္းၾကားခဲ့တယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္ေနသူတစ္ဦးျဖစ္တဲ့ ကိုႏွင္းေအာင္က RFA ကိုေျပာပါတယ္။

"ဝန္ႀကီးဌာနဘက္ကေျပာတာက တစ္ဝက္ကိုျပန္ခန္႔မယ္၊ တစ္ဝက္ကေတာ့ အလုပ္ထုတ္နစ္နာေၾကး ေပးၿပီးေတာ့ ထြက္ရမယ္ဆိုၿပီးေတာ့ ဝန္ႀကီးဌာနကေျပာတယ္ဗ်၊ က်ေနာ္တို႔အေနနဲ႔ အတည္မျပဳရေသးဘူး ေဆြးေႏြးရဦးမွာေပါ့၊ တိုင္းဝန္ႀကီးခ်ဳပ္ေျပာတဲ့စကားနဲ႔ တစ္ႏိုင္ငံလံုးက ဝန္ႀကီးခ်ဳပ္ေျပာတဲ့စကားနဲ႔ေတာ့ မတူဘူးေပါ့၊ သူတို႔ဆက္ၿပီးေတာ့ ေဆြးေႏြးဦးမယ္ဆိုၿပီးေတာ့၊ အခုေလာေလာဆယ္ အစည္းအေဝး တစ္ေခါက္ျပန္ဝင္သြား တယ္၊ ျပန္ထြက္လာလို႔ရွိရင္ ဖုန္းဆက္မယ္ဆိုၿပီး က်ေနာ္တို႔ကိုေျပာတယ္"

အစိုးရ၊ အလုပ္ရွင္နဲ႔ အလုပ္သမားေတြရဲ႕ သံုးပြင့္ဆိုင္တံခါးပိတ္ေဆြးေႏြးပြဲဟာ ညေန ၇ နာရီေက်ာ္အထိ မၿပီးေသးတဲ့ အတြက္ ေနာက္ဆက္တြဲရလာဒ္ကို သပိတ္ေမွာက္အလုပ္သမားေတြက ဝမ္းတြင္းၿမိဳ႕ကေန ေစာင့္ဆိုင္းခဲ့ၾကပါတယ္။

ေနာက္ဆံုးအေျခအေနအရ အလုပ္သမားအားလံုးကို အလုပ္ျပန္ခန္႔ဖို႔၊ မခန္႔ႏိုင္ရင္ အလုပ္သမားအားလံုး ႏႈတ္ထြက္ၿပီး၊ အလုပ္ရွင္ကိုအေရးယူေပးဖို႔ အလုပ္သမားကိုယ္စားလွယ္ေတြက ေတာင္းဆိုတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဒီေန႔ ေဆြးေႏြးပြဲကေန အေျဖမထြက္ပဲ အလုပ္သမားေတြရဲ႕ ေတာင္​းဆိုခ်က္​ကို ေနာက္​ ၅ ရက္​အၾကာ ဗုဒၶဟူးေန႔ မွာ ဆံုးျဖတ္​ခ်က္​​ေပးမယ္​လို႔ ဝန္​ႀကီးဌာနကေျပာဆိုၿပီး၊ ဒီၾကားကာလအတြင္း သပိတ္ေမွာက္ အလုပ္သမားေတြအေနနဲ႔ လက္​႐ွိ​ေရာက္ေနတဲ့ေနရာမွာ ရပ္​နားထားၿပီး စားစရိတ္​နဲ႔ ​ေနထုိင္ေရးကို အလုပ္သမားဝန္ႀကီးဌာနက တာဝန္​ယူ​ေပးမယ္​လို႔ ေျပာဆိုခဲ့ေၾကာင္း ကိုႏွင္းေအာင္ ကေျပာပါတယ္။

အလုပ္သမားေတြဘက္​က ၃ ရက္​အတြင္း ဆံုးျဖတ္ေပးဖို႔ ျပန္လည္တင္ျပထားတယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................................


စစ်ကိုင်းကနေ နေပြည်တော်ကို ဆန္ဒပြချီတက်နေတဲ့ Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေကို မေလ ၆ ရက်နေ့က ဝမ်းတွင်းမြို့မှာ တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်နေတဲ့ Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေ အရေးအတွက် အလုပ်သမားဝန်ကြီး၊ အလုပ်သမားကိုယ်စားလှယ်နဲ့ စက်ရုံကိုယ်စားလှယ်တို့ ဆွေးနွေးပွဲကို ဒီနေ့ နေ့လည် ၃ နာရီလောက်က နေပြည်တော်မှာ စတင်ခဲ့ပါတယ်။

ပထမပိုင်းဆွေးနွေးပွဲမှာ စက်ရုံပိုင်ရှင်က အလုပ်ထုတ်ထားတဲ့ အလုပ်သမားတွေထဲက တဝက်လောက်ကို အလုပ်ပြန်ခန့်ပြီး ကျန်တဲ့တဝက်ကို လျော်ကြေးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို အလုပ်သမားဝန်ကြီးဌာနကလည်း ပြောဆိုတဲ့အတွက် အဲ့ဒီအချက်ကို အလုပ်သမားတွေ တိုင်ပင်ဆုံးဖြတ်ကြဖို့ ဆွေးနွေးပွဲတက်နေတဲ့ အလုပ်သမားကိုယ်စားလှယ်တွေက အကြောင်းကြားခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်တဲ့ ကိုနှင်းအောင်က RFA ကိုပြောပါတယ်။

"ဝန်ကြီးဌာနဘက်ကပြောတာက တစ်ဝက်ကိုပြန်ခန့်မယ်၊ တစ်ဝက်ကတော့ အလုပ်ထုတ်နစ်နာကြေး ပေးပြီးတော့ ထွက်ရမယ်ဆိုပြီးတော့ ဝန်ကြီးဌာနကပြောတယ်ဗျ၊ ကျနော်တို့အနေနဲ့ အတည်မပြုရသေးဘူး ဆွေးနွေးရဦးမှာပေါ့၊ တိုင်းဝန်ကြီးချုပ်ပြောတဲ့စကားနဲ့ တစ်နိုင်ငံလုံးက ဝန်ကြီးချုပ်ပြောတဲ့စကားနဲ့တော့ မတူဘူးပေါ့၊ သူတို့ဆက်ပြီးတော့ ဆွေးနွေးဦးမယ်ဆိုပြီးတော့၊ အခုလောလောဆယ် အစည်းအဝေး တစ်ခေါက်ပြန်ဝင်သွား တယ်၊ ပြန်ထွက်လာလို့ရှိရင် ဖုန်းဆက်မယ်ဆိုပြီး ကျနော်တို့ကိုပြောတယ်"

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ သုံးပွင့်ဆိုင်တံခါးပိတ်ဆွေးနွေးပွဲဟာ ညနေ ရ နာရီကျော်အထိ မပြီးသေးတဲ့ အတွက် နောက်ဆက်တွဲရလာဒ်ကို သပိတ်မှောက်အလုပ်သမားတွေက ဝမ်းတွင်းမြို့ကနေ စောင့်ဆိုင်းခဲ့ကြပါတယ်။

နောက်ဆုံးအခြေအနေအရ အလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်ဖို့၊ မခန့်နိုင်ရင် အလုပ်သမားအားလုံး နှုတ်ထွက်ပြီး၊ အလုပ်ရှင်ကိုအရေးယူပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေက တောင်းဆိုတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲကနေ အဖြေမထွက်ပဲ အလုပ်သမားတွေရဲ့ တောင်​းဆိုချက်​ကို နောက်​ ၅ ရက်​အကြာ ဗုဒ္ဓဟူးနေ့ မှာ ဆုံးဖြတ်​ချက်​​ပေးမယ်​လို့ ဝန်​ကြီးဌာနကပြောဆိုပြီး၊ ဒီကြားကာလအတွင်း သပိတ်မှောက် အလုပ်သမားတွေအနေနဲ့ လက်​ရှိ​ရောက်နေတဲ့နေရာမှာ ရပ်​နားထားပြီး စားစရိတ်​နဲ့ ​နေထိုင်ရေးကို အလုပ်သမားဝန်ကြီးဌာနက တာဝန်​ယူ​ပေးမယ်​လို့ ပြောဆိုခဲ့ကြောင်း ကိုနှင်းအောင် ကပြောပါတယ်။

အလုပ်သမားတွေဘက်​က ၃ ရက်​အတွင်း ဆုံးဖြတ်ပေးဖို့ ပြန်လည်တင်ပြထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment