ျမန္မာႏိုင္ငံ အေပၚ အေမရိကန္ အစိုးရရဲ႕ ႏိုင္ငံျခားေရး မူ၀ါဒ အေရးပါမႈ ေပ်ာက္ဆံုးေတာ့မွာလား


အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး ဂြၽန္ကယ္ရီအား ေမ ၆ ရက္က ၀ါရွင္တန္ဒီစီ၌ ေတြ႕ရစဥ္ (Photo: AFP)

ျမန္မာ့ ဒီမိုကေရစီေရးအတြက္ ႏွစ္ေပါင္းမ်ားစြာ ကူညီေထာက္ပံ့မႈ ေပးခဲ့တဲ့ အေမရိကန္ အစိုးရရဲ႕ ႏိုင္ငံျခားေရး မူ၀ါဒမွာ ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးကိုပဲ ေရွ႕တန္းတင္ ေျပာဆိုေနတာဟာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။

သမၼတ ဦးသိန္းစိန္ အစိုးရ သက္တမ္းမွာလည္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ဗ်ဴ႐ိုကရက္ တခ်ိဳ႕ဟာ ျမန္မာအစိုးရ အဖြဲ႕က လွည့္ျဖားတတ္တဲ့ ဗ်ဴ႐ိုကရက္ေတြနဲ႔ ေပါင္းၿပီး အေပးအယူ လုပ္ခဲ့ၾကလို႔ ျဖစ္ရပ္မွန္နဲ႔ လြဲေခ်ာ္တဲ့ ႏိုင္ငံျခားေရး မူ၀ါဒ ျဖစ္ခဲ့ပါတယ္။

ဒီလြဲေခ်ာ္မႈေတြထဲမွာ အျခား အေရးႀကီး ကိစၥေတြထက္ ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရး ေရွ႕တန္းတင္မႈက တစ္ခု အပါအ၀င္ ျဖစ္ခဲ့ပါတယ္။

အခုလည္း ျမန္မာႏိုင္ငံ အေပၚ ေျပာဆိုမႈေတြမွာ ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးကိုပဲ အေမရိကန္က ပံုႀကီးခ်ဲ႕ ေျပာေနပါတယ္။


■ တစ္ေက်ာ့ျပန္ မီးထိုးျခင္း

ဧၿပီ တတိယပတ္က အေမရိကန္ သံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္ တစ္ရပ္မွာ ‘႐ိုဟင္ဂ်ာ’ စကားရပ္ အသံုးျပဳခဲ့ရာက အစျပဳၿပီး ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရး ေခါင္းေထာင္ခဲ့ပါတယ္။

ရန္ကုန္မွာ ရွိတဲ့ ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္ သံ႐ံုးေရွ႕မွာ ဆႏၵ ထုတ္ေဖာ္တာ ျဖစ္ခဲ့သလို ျမန္မာ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ သတိေပးမႈလည္း ထြက္ေပၚခဲ့ပါတယ္။ ျဖစ္ခဲ့တဲ့ အေျခအေနေတြကို အဲဒီ အဆင့္မွာ ေျပၿငိမ္းေအာင္ လုပ္လို႔ ရေပမယ့္ ဒီလို မလုပ္ဘဲ တစ္ဆင့္ မီးျမႇင့္ခဲ့ၾကပါတယ္။

မၾကာေသးခင္ကမွ ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္ သံအမတ္သစ္ ျဖစ္လာတဲ့ စေကာ့မာစီရယ္က ႐ိုဟင္ဂ်ာ စကားရပ္ကို သက္ဆိုင္ရာ ကာယကံရွင္ေတြ ေခၚေစခ်င္တဲ့ အတိုင္း ဆက္သံုးမယ္လို႔ ေမ ၁၀ ရက္မွာ ေျပာခဲ့ပါတယ္။

သူေျပာတဲ့ အေၾကာင္းအရာမွာ ‘႐ိုဟင္ဂ်ာ’ ဆိုတဲ့ အသံုးအႏႈန္း တိုက္႐ိုက္ ပါ၀င္ျခင္း မရွိေပမယ့္ ရခိုင္ျပည္နယ္တြင္းမွာ ရွိတဲ့ မြတ္စလင္ လူနည္းစုေတြကို ႐ိုဟင္ဂ်ာလို႔ ဆက္လက္ ေခၚေ၀ၚ သံုးစြဲျခင္း ျပဳ၊ မျပဳ ႐ိုက္တာ သတင္းဌာနက ေမးတဲ့ အေပၚ ကာယကံရွင္ေတြ ေခၚေစခ်င္တဲ့ အတိုင္း ဆက္သံုးမယ္လို႔ သူက ေျပာခဲ့ပါတယ္။

ဒီမတိုင္ခင္ ေမ ၉ ရက္မွာ The New York Times သတင္းစာက သူတို႔ရဲ႕ အယ္ဒီတာ့ အာေဘာ္ကေန ႐ိုဟင္ဂ်ာ အေရးကိစၥနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို “သူရဲေဘာ ေၾကာင္သူ” လို႔ သံုးႏႈန္းၿပီး ျပင္းျပင္းထန္ထန္ ေ၀ဖန္လိုက္ပါတယ္။ ဒါကလည္း ႐ိုဟင္ဂ်ာ စကားရပ္ကို သံုးစြဲျခင္း မျပဳဖို႔ ျမန္မာႏိုင္ငံျခားေရး ၀န္ႀကီးဌာနက သတိေပးၿပီးခ်ိန္မွာ ဒါကို အေျချပဳၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ေ၀ဖန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ ေမ ၁၁ ရက္၊ အေမရိကန္ သံအမတ္ႀကီး စေကာ့မာစီရယ္နဲ႔ သူရဦးေရႊမန္းတို႔ ေတြ႕ဆံုခ်ိန္မွာ ျမန္မာျပည္သူေတြ လိုလား လက္ခံျခင္း မရွိတဲ့ စကားလံုး အသံုးအႏႈန္းေတြကို သတိျပဳ ေဆာင္ရြက္မယ္လို႔  စေကာ့မာစီရယ္က ေျပာခဲ့ပါတယ္။ ဒီေျပာၾကားခ်က္ဟာ သံတမန္ စကားအရ ေျပာတာ ျဖစ္ၿပီး သံုးစြဲျခင္း မျပဳဘူးလို႔ ေျပာခဲ့တာ မဟုတ္ပါဘူး။

ဒီေနာက္ပိုင္း ေမ ၁၂ ရက္က ျပဳလုပ္တဲ့ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန သတင္းစာ ရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Elizabeth Trudeau က သံအမတ္ႀကီး စေကာ့မာစီရယ္ ေျပာတဲ့ အတိုင္း ထပ္ေျပာခဲ့ပါတယ္။

“အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ တိုင္းျပည္ တစ္ျပည္မွာ ေနထိုင္သူေတြက ကိုယ့္ကိုယ္ကိုယ္ ဘယ္သူ ဘယ္၀ါ ျဖစ္ေၾကာင္း ရည္ညႊန္း ေျပာဆိုမႈေတြ အားလံုးကို အားေပးပါတယ္။ ႐ိုဟင္ဂ်ာလို႔ ကာယကံရွင္ေတြက သူတို႔ကိုယ္ သူတို႔ ေခၚတယ္ ဆိုရင္လည္း ကြၽန္မတို႔ အေနနဲ႔ ေလးစားရမွာပါ။ ဒီအတိုင္း ေခၚေ၀ၚ သံုးစြဲရမွာလည္း ျဖစ္ပါတယ္” လို႔ Elizabeth Trudeau က ေျပာခဲ့ေၾကာင္း VOA သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဒီအတိုင္းပဲ ႐ိုဟင္ဂ်ာ ဆိုတဲ့ အေခၚအေ၀ၚကို ကုလသမဂၢ အေနနဲ႔ ဆက္လက္ သံုးစြဲသြားမယ္လို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္႐ံုး ေျပာခြင့္ရ အမ်ိဳးသမီးက ေမ ၁၃ ရက္မွာ ေျပာၾကားေၾကာင္း VOA သတင္းဌာနမွာ ေဖာ္ျပခဲ့ပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံက လိုလားႏွစ္ၿခိဳက္ျခင္း မရွိတဲ့ အသံုးအႏႈန္း မသံုးဖို႔ သတိေပးထားတာကို တုံ႔ျပန္ခဲ့ၾကတဲ့ စကားေတြ ျဖစ္ပါတယ္။

ဒီေနရာမွာ ႐ိုဟင္ဂ်ာ၊ ဘဂၤါလီစတဲ့ အသံုးအႏႈန္းအတြက္ အျငင္းပြားေနတာ မဟုတ္ပါဘူး။ တိုင္းရင္းသားလူမ်ိဳး ၁၃၅ မ်ိဳးထဲမွာ လံုး၀ ပါ၀င္ျခင္း မရွိတဲ့ အျပင္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒနဲ႔ စိစစ္ႏိုင္ျခင္း မရွိေသး သူေတြကို လူမ်ိဳး တစ္မ်ိဳး ဖန္တီးၿပီး ျမန္မာႏိုင္ငံသားအျဖစ္ သြတ္သြင္းဖို႔ ႀကိဳးစားေနတာကို လက္မခံႏိုင္တဲ့အတြက္ ဆန္႔က်င္ေနၾကတာ ျဖစ္ပါတယ္။

ဥပေဒအရ စိစစ္ရျခင္း မရွိေသးတဲ့ (စိစစ္ဖို႔ လက္မခံတဲ့) ဘဂၤါလီ ႐ိုဟင္ဂ်ာေတြကို ႏိုင္ငံသား သြတ္သြင္းဖို႔ ဖိအားေပးျခင္း အႀကိမ္ႀကိမ္ ရွိခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာ တိုက္ဆိုင္မႈေတြ ရွိေနပါတယ္။

တိုက္ဆိုင္မႈေတြထဲမွာ ပထမ အခ်က္က ျမန္မာႏိုင္ငံ အေပၚ အေမရိကန္ရဲ႕ အေရးယူ ပိတ္ဆို႔မႈ သက္တမ္းကုန္မယ့္အခ်ိန္ ျဖစ္ေနပါတယ္။ ဒုတိယ အခ်က္က အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး ဂြၽန္ကယ္ရီရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္လည္း ျဖစ္ပါတယ္။


■ ဂြၽန္ကယ္ရီ၏ ျမန္မာ ခရီးစဥ္

ေမ ၂၂ ရက္ေန႔မွာ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး ဂြၽန္ကယ္ရီ ျမန္မာႏိုင္ငံကို လာမယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ေမ ၁၃ ရက္မွာ သတင္း ထုတ္ျပန္ပါတယ္။

သူ႔ရဲ႕ ခရီးစဥ္ဟာ ျမန္မာ အစိုးရကို အားေပးဖို႔၊ ဒီမိုကေရစီေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြ ထပ္ျဖစ္လာေအာင္ အေမရိကန္က ကူညီ ပံ့ပိုးေပးသြားမယ့္ အေၾကာင္း ျပသဖို႔ သြားေရာက္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဂြၽန္ကယ္ရီဟာ ၂၀၁၄ ခုႏွစ္က ျမန္မာႏိုင္ငံကို ေနာက္ဆံုး လာခဲ့ဖူးပါတယ္။ အခု ခရီးစဥ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရ လက္ထက္ ျမန္မာကို ပထမဆံုး လာတဲ့ ခရီးစဥ္ ျဖစ္ပါမယ္။

ဂြၽန္ကယ္ရီရဲ႕ ျမန္မာ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ဆက္ႏႊယ္မႈ ႏွစ္ရပ္ ရွိႏိုင္ပါတယ္။

ပထမ အခ်က္က ျမန္မာႏိုင္ငံ အေပၚ အေမရိကန္ရဲ႕ အေရးယူ ပိတ္ဆို႔မႈေတြဟာ ေမ ၂၀ မွာ သက္တမ္း ကုန္ဆံုးမွာ ျဖစ္ပါတယ္။ ဒါကို ႐ုပ္သိမ္းမွာ မဟုတ္ဘဲ သက္တမ္း ဆက္တိုးဖို႔ အေမရိကန္က ျပင္ဆင္ထား ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး အေမရိကန္ အစိုးရ အရာရွိေတြ ထုတ္ေျပာခဲ့ၿပီးပါၿပီ။

ဒုတိယ တစ္ခ်က္က ႐ုရွား-အာဆီယံ ေဆြးေႏြးပြဲနဲ႔ ဆက္ႏႊယ္မႈ ရွိႏိုင္ပါတယ္။ ဒီေဆြးေႏြးပြဲကို ႐ုရွားႏိုင္ငံမွာ ေမ ၁၉ ရက္နဲ႔ ၂၀ ရက္မွာ ျပဳလုပ္ပါလိမ့္မယ္။ ပံုမွန္အားျဖင့္ ေဆြးေႏြးပြဲကို သမၼတ ဦးထင္ေက်ာ္ေရာ၊ ႏိုင္ငံျခားေရး၀န္ႀကီး တာ၀န္ယူထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ေရာ ႏွစ္ဦးစလံုး တက္ရမွာ ျဖစ္ပါတယ္။ အဲဒီ ေဆြးေႏြးပြဲနဲ႔ ဆက္စပ္ၿပီး ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံ ဆက္ဆံေရး တိုးျမႇင့္မယ့္ အေၾကာင္းအခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ေမ ၉ ရက္ ျပည္ေထာင္စု လႊတ္ေတာ္မွာ ကာကြယ္ေရး ၀န္ႀကီးဌာန ဒုတိယ ၀န္ႀကီး ဗိုလ္ခ်ဳပ္ ျမင့္ႏြယ္ တင္ျပခဲ့တဲ့ “ျမန္မာ-႐ုရွား စစ္ဘက္ဆိုင္ရာ ပူးေပါင္း ဆက္ဆံေရး သေဘာတူညီမႈ စာခ်ဳပ္ လက္မွတ္ ေရးထိုးေရး” ကို လႊတ္ေတာ္က ကန္႔ကြက္သူ မရွိ သေဘာတူညီခဲ့ပါတယ္။

ဒါဟာ ျမန္မာအစိုးရသစ္ အတြက္ ထူးျခားမႈ တစ္ခု ျဖစ္ခဲ့ပါတယ္။ အစိုးရက အေမရိကန္ အပါအ၀င္ အေနာက္အုပ္စု ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး တိုးျမႇင့္ဖို႔ ျပင္ဆင္ ခ်ိန္မွာပဲ ဒီအုပ္စုေတြနဲ႔ သင့္ျမတ္ျခင္း မရွိဘဲ သေဘာထား တင္းမာတဲ့ ႐ုရွားနဲ႔ ဆက္ဆံေရး တိုးျမႇင့္ဖို႔ ေျခလွမ္း ျပင္ခ့ဲတာ ျဖစ္ပါတယ္။

သမိုင္းကို ျပန္ၾကည့္ရင္လည္း ျမန္မာဟာ ႐ုရွား၊ တ႐ုတ္ အစရွိတဲ့ ႏိုင္ငံေတြနဲ႔ နီးကပ္တဲ့ ဆက္ဆံေရး ရွိခဲ့ပါတယ္။ ဒါ့အျပင္ အရင္အစိုးရ အဆက္ဆက္ ကုလသမဂၢ လံုျခံဳေရး ေကာင္စီတြင္း အက်ပ္အတည္းေတြကို ေက်ာ္ျဖတ္ခ်ိန္မွာ ႐ုရွားနဲ႔ တ႐ုတ္က ကူညီခဲ့တဲ့ အစဥ္အလာ ရွိပါတယ္။

႐ုရွားနဲ႔ မေတြ႕ခင္မွာလည္း သမၼတ ဦးထင္ေက်ာ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီး ၀မ္ယီနဲ႔ ေတြ႕ဆံုခ့ဲၿပီး ျဖစ္ပါတယ္။ ၀မ္ယီဟာ NLD အစိုးရ လက္ထက္ ေနျပည္ေတာ္ကို အေစာဆံုး ေရာက္ရွိသူ ျဖစ္ခဲ့ပါတယ္။

၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ NLD ပါတီ အႏိုင္ရတုန္းကလည္း တ႐ုတ္က သ၀ဏ္လႊာကို အေစာဆံုး ပို႔ခဲ့ပါတယ္။ ေနာက္ပိုင္း အေျခအေနေတြ အရ စစ္အာဏာသိမ္း ေခါင္းေဆာင္ေတြနဲ႔ နီးကပ္တဲ့ ဆက္ဆံေရး ထားခဲ့ေပမယ့္ သူတို႔ရဲ႕ ႏိုင္ငံျခားေရး မူ၀ါဒကို တစ္သမတ္တည္း မထားခဲ့ပါဘူး။ ဒါကို ထင္ရွားေစတဲ့ အခ်က္ တစ္ခုက ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ မတိုင္ခင္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ေကာ္ေဇာနီ ခင္းၿပီး ႀကိဳဆို ခဲ့တာက ဥပမာ တစ္ခု ျဖစ္ပါတယ္။

ဧၿပီ ၆ ရက္မွာ ေနျပည္ေတာ္ကို လာခဲ့တဲ့ တ႐ုတ္ ႏိုင္ငံျခားေရး ၀န္ႀကီး ၀မ္ယီဟာ သမၼတ ဦးထင္ေက်ာ္၊ ေဒၚေအာင္ဆန္းစုၾကည္တို႔ အျပင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ပါ ေတြ႕ခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူ ပူးတြဲ သတင္းစာ ရွင္းလင္းပြဲ တစ္ရပ္ လုပ္ခဲ့ၿပီး ျမန္မာ အစိုးရသစ္ကို ဂုဏ္ျပဳဖို႔နဲ႔ ရင္းႏွီးမႈေတြ တည္ေဆာက္ဖို႔ လာခဲ့တယ္လို႔ ၀မ္ယီက ေျပာပါတယ္။

ေနာက္ၿပီး ျမန္မာႏိုင္ငံမွာ လုပ္ကိုင္ေနတဲ့ တ႐ုတ္ ကုမၸဏီေတြ အေနနဲ႔ ဥပေဒအတိုင္း လိုက္နာ ေဆာင္ရြက္ဖို႔၊ ေဒသခံေတြ အက်ိဳးရွိေအာင္ လုပ္ေဆာင္ဖို႔ သတိေပးခဲ့ပါတယ္။ ၀မ္ယီ ျပန္သြားၿပီး ေနာက္ပိုင္း တ႐ုတ္ ႏိုင္ငံမွာ လုပ္တဲ့ တ႐ုတ္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန သတင္းစာ ရွင္းလင္းပြဲေတြ မွာလည္း အရင္နဲ႔ မတူဘဲ တ႐ုတ္ ကုမၸဏီေတြ ျမန္မာႏိုင္ငံမွာ စည္းမ်ဥ္း စည္းကမ္းအတိုင္း လုပ္ကိုင္ၾကဖို႔ သတိေပး ေျပာၾကားတာေတြ ရွိခဲ့ပါတယ္။

ဒီအေျခအေနေတြေၾကာင့္ပဲ ဂြၽန္ကယ္ရီရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္ဟာ ျဖတ္သြား ျဖတ္လာ ပံုစံမ်ိဳးထက္ ပိုၿပီး ေလးနက္တဲ့ အသြင္ ေဆာင္ပါလိမ့္မယ္။ တစ္ခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံ အေပၚ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရး မူ၀ါဒ ျဖစ္တဲ့ တုတ္တစ္ဖက္၊ မုန္႔တစ္ဖက္ (carrot and stick) ပံုစံကို ဘယ္လို ေျပာင္းလဲမလဲ ဆိုတာ ၾကည့္ၾကရမွာပါ။
     

■ အေရးယူ ပိတ္ဆို႔မႈ ခ်ိန္ခြင္လွ်ာ

အေမရိကန္ရဲ႕ ျမန္မာအေပၚ အေရးယူ ပိတ္ဆို႔မႈဟာ ၁၉၉၇ ခုႏွစ္မွာ စတင္ ခဲ့ပါတယ္။ အရပ္သား တစ္ပိုင္း အစိုးရ တက္လာတဲ့ ၂၀၁၀ ျပည့္ႏွစ္မွာ ေျဖေလွ်ာ့မႈ တခ်ိဳ႕ လုပ္ခဲ့ေပမယ့္ ျမန္မာ အစိုးရ ဗ်ဴ႐ိုကရက္ေတြနဲ႔ အေပးအယူ ဆန္တဲ့ လုပ္ေဆာင္မႈ ျဖစ္ခဲ့ပါတယ္။

ျမန္မာ အစိုးရ ဗ်ဴ႐ိုကရက္ေတြ ဘက္က ေပးခဲ့တဲ့ ကတိက၀တ္ေတြ အေကာင္အထည္ မေပၚခ့ဲသလို အေမရိကန္ကလည္း စစ္မွန္တဲ့ တိုင္းရင္းသား လူမ်ိဳးစုေတြ အပါအ၀င္ ဖိႏွိပ္ခံ ျပည္သူေတြရဲ႕ အခန္းက႑ကို ေမွးမွိန္ထားခဲ့သလို မည္ကာ မတၱေလာက္ပဲ အေရးထားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ ေျဖေလွ်ာ့မႈက လူတစ္စု အတြက္ပဲ အက်ိဳး ျဖစ္ထြန္းခဲ့ပါတယ္။

တကယ္ေတာ့ အလံုးစံု စီးပြားေရး ပိတ္ဆို႔မႈေတြက ျမန္မာ ျပည္သူ လူထုအတြက္ အက်ိဳး မျဖစ္ေစခဲ့ပါဘူး။ ျပည္သူ လူထုကိုပဲ ၀န္ထုပ္၀န္ပိုး ျဖစ္ေစခဲ့ပါတယ္။ ဒီအခ်ိန္မွာ လူထုကို ဖိႏွိပ္မႈ လုပ္ခဲ့သူေတြ၊ သူတို႔နဲ႔ ဆက္စပ္တဲ့ ခ႐ိုနီ လုပ္ငန္းရွင္ေတြကို တိုက္႐ိုက္ ဦးတည္တဲ့ Smart Sanction ကို ပီျပင္ေအာင္ လုပ္သင့္ေပမယ့္ ဒီလို လုပ္ဖို႔ အားနည္း ခဲ့တာေတြ ရွိပါတယ္။

လက္ရွိ အခ်ိန္မွာ အေရးယူ ပိတ္ဆို႔မႈ အားလံုးကို ဖယ္ရွားေပးဖို႔ ျဖတ္လမ္း မရွိဘူးလို႔ စေကာ့မာစီရယ္က ေမ ၁၀ ရက္မွာ ေျပာခဲ့ပါတယ္။ ဒီမိုကေရစီ ေဖာ္ေဆာင္မႈ၊ လူ႔အခြင့္အေရး ေလးစား လိုက္နာမႈ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားနဲ႔ ပဋိပကၡေတြ ေလွ်ာ့ခ်ေပးႏိုင္တဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ဆက္လုပ္ဖို႔ တြန္းအားေပးတဲ့ ေနရာမွာ အေရးယူ ပိတ္ဆို႔မႈေတြကို ျပန္လည္ စိစစ္ေရး အတြက္ အေၾကာင္းအရာ ျဖစ္သင့္တယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။

ျမန္မာႏိုင္ငံ အေပၚ အေရးယူ ပိတ္ဆို႔မႈ ဆက္ထားသင့္၊ မသင့္ ဆိုၾကတဲ့ အခါ မတူညီတဲ့ ႐ႈေထာင့္ေတြ ရွိေနပါတယ္။

႐ိုက္တာ သတင္းဌာနက ေမ ၁၄ ရက္မွာ ေဖာ္ျပခဲ့တဲ့ သတင္း တစ္ရပ္မွာ ျမန္မာႏိုင္ငံ အေပၚ အေရးယူ ပိတ္ဆို႔မႈ သက္တမ္း တိုးျခင္းကို ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ခံခဲ့တယ္လို႔ အေမရိကန္ အစိုးရ တာ၀န္ရွိသူေတြက ေျပာေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အေရးယူ ပိတ္ဆို႔မႈ တခ်ိဳ႕ကို အေျပာင္းအလဲ လုပ္ၿပီး ဆက္ထားဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ခံခဲ့တယ္၊ ျမန္မာ့ စီးပြားေရး တစ္ခုလံုးကို ထိခိုက္မႈ မရွိေစတဲ့ ကုန္သြယ္မႈ ကန္႔သတ္ခ်က္ေတြကို ဘယ္လို ထားမလဲ၊ ဒါေပမဲ့ တပ္မေတာ္ပိုင္ (စီးပြားေရး) အဖြဲ႕အစည္းေတြ၊ သူတို႔နဲ႔ ဆက္ႏႊယ္သူေတြကို ဆက္ၿပီး ဖိအား ေပးထားဖို႔ ေဆြးေႏြးမႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ တပ္မေတာ္ရဲ႕ ႏိုင္ငံေရး အာဏာ ခြဲေ၀မႈကို ဆက္ၿပီး ဖိအားေပးဖို႔လည္း ရည္ရြယ္ထားတယ္လို႔ ေျပာခဲ့တာေတြ ရွိပါတယ္။

ဒါေပမဲ့ ႐ိုက္တာသတင္း ေဖာ္ျပခ်က္မွာပဲ ျမန္မာႏိုင္ငံ အေပၚ ၀ါရွင္တန္ရဲ႕ စိုးရိမ္မႈေတြ ရွိေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

၀ါရွင္တန္ အေနနဲ႔ ဗုဒၶဘာသာ၀င္ လူမ်ားစု ႀကီးစိုးထားတဲ့ လူ႔အခြင့္အေရး ဆိုင္ရာ ခ်ိဳးေဖာက္မႈ ဆိုင္ရာ ကိစၥရပ္ေတြ၊ အထူးသျဖင့္ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ အပါအ၀င္ လူနည္းစု တိုင္းရင္းသား၊ ဘာသာ၀င္ေတြ အေပၚ အၾကမ္းဖက္မႈ ရွိေနတာကို စိုးရိမ္မႈ ရွိေနတယ္လို႔ ဆိုပါတယ္။

ဒီအတိုင္းပဲ ျမန္မာႏိုင္ငံ အေပၚ အေရးယူ ပိတ္ဆို႔မႈ ဆက္ထားဖို႔ အေမရိကန္ ကြန္ဂရက္ရဲ႕ ေတာင္းဆိုမႈမွာလည္း ႐ိုဟင္ဂ်ာ အေရးကို ဥပမာေပး ေျပာခဲ့တာေတြ ရွိပါတယ္။ ဒီလို ေျပာတဲ့အခါ အခ်က္ သံုးခ်က္ကိုပဲ ကြန္ဂရက္က ေထာက္ျပပါတယ္။

ပထမ တစ္ခ်က္မွာ တပ္မေတာ္ ကတိုင္းရင္းသား ေဒသေတြမွာ တိုက္ပြဲေတြ ဆင္ႏႊဲေနတာကို ေျပာခဲ့ၿပီး ဒုတိယ အခ်က္မွာ လူနည္းစု ႐ိုဟင္ဂ်ာေတြ အေပၚ ခြဲျခားဆက္ဆံတာကို ေျပာခဲ့ပါတယ္။ တတိယ အခ်က္မွာေတာ့ တပ္မေတာ္က ႏိုင္ငံေရးမွာ ပါ၀င္ ပတ္သက္ေနတာကို ေထာက္ျပၿပီး ဒီသံုးခ်က္လံုးက စိုးရိမ္စရာ ရွိတယ္လို႔ သူတို႔ ဆိုပါတယ္။
   

■ ဘာေၾကာင့္ ထပ္တလဲလဲ သံုးေနလဲ
   
အေမရိကန္ အပါအ၀င္ အေနာက္ အုပ္စု၀င္ ႏိုင္ငံေတြက ႐ိုဟင္ဂ်ာကို ျမန္မာႏိုင္ငံရဲ႕ လူနည္းစု တိုင္းရင္းသား အျဖစ္ ထပ္တလဲလဲ ေျပာေနၾကပါတယ္။

႐ိုဟင္ဂ်ာ ဆိုတာ ျမန္မာတိုင္းရင္းသား လံုး၀ မဟုတ္ပါဘူး။ ဘဂၤါလီေတြကို ႏိုင္ငံသား ခြင့္ျပဳမယ္ ဆိုရင္လည္း ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒနဲ႔ပဲ ဆံုးျဖတ္ရမွာပါ။ ဒီအတြက္ ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ဘဂၤါလီ အေရအတြက္ ၈၀၀၀၀၀ ေက်ာ္မွာ ရာခိုင္ႏႈန္း ၇၀ ေလာက္က ႏိုင္ငံသား ျဖစ္ဖို႔ အခြင့္အေရး ရွိထားၿပီး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ျပင္ပမွာ ေရာက္ေနတဲ့ ၄ ဒသမ ၂ သန္းေသာ ဘဂၤါလီ ႐ိုဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံက လက္ခံဖို႔ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။

ျမန္မာ အစိုးရက ႐ိုဟင္ဂ်ာကို လက္မခံသလို ဒီစကားရပ္ သံုးစြဲမႈကိုလည္း ကန္႔ကြက္ ထားပါတယ္။

ေမ ၁၁ ရက္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္း ကိုယ္စားလွယ္ေတြ ေတြ႕ဆံုမႈမွာ ရခိုင္ျပည္နယ္ အေရးကို ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ သတိထားၾကဖို႔နဲ႔ အက်ပ္အတည္းေတြ အမ်ားႀကီး ရွိေနတဲ့ ျမန္မာႏိုင္ငံမွာ အေျခအေနေတြကို မွ်မွ်တတ ၾကည့္ျမင္တတ္ဖို႔ လိုေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

ဒီအတိုင္းပဲ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကလည္း ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ ဆိုတဲ့ လူမ်ိဳး မရွိဘူးလို႔ ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ႐ိုဟင္ဂ်ာဆိုတဲ့ လူမ်ိဳး မရွိပါဘူး။ လက္လည္း မခံပါဘူး။ ဘဂၤါလီ လူမ်ိဳးပဲ ရွိပါတယ္” လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေမ ၁၃ ရက္ မီဒီယာေတြနဲ႔ ေတြ႕ဆံုခ်ိန္မွာ ေျပာခဲ့တာပါ။

၁၉၅၅ ခုႏွစ္ ဦးႏု အစိုးရ မတိုင္မီ ရခိုင္သမိုင္း အေထာက္အထားမ်ား အရ ႐ိုဟင္ဂ်ာ လံုး၀ မရွိခဲ့ေပမယ့္ အခု ေနာက္ပိုင္းမွာ ဦးႏုရဲ႕ သမိုင္းမွားကို အေျခခံၿပီး ႐ိုဟင္ဂ်ာကို ျမန္မာ တိုင္းရင္းသား၊ ႏိုင္ငံသား အျဖစ္ လက္ခံဖို႔ ေျပာေနၾကတာ လက္ခံႏိုင္စရာ မရွိပါဘူး။

ဒီေျပာဆိုမႈဟာ အေမရိကန္နဲ႔  အေနာက္ယိမ္း အုပ္စုေတြက တစ္ဆင့္ ဆင္းသက္လာၿပီး ျမန္မာႏိုင္ငံကို ဖိအားေပးခ်င္တဲ့ အခါ လက္နက္အျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ အခု ဒီမိုကေရစီ အစိုးရ လက္ထက္မွာ ဒီနည္းလမ္းနဲ႔ ဖိအားေပးဖို႔ မျဖစ္သင့္ေတာ့ပါဘူး။

ဒီအတိုင္းပဲ ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးမွာ အေမရိကန္ အပါအ၀င္ အေနာက္အုပ္စုေတြရဲ႕ တြန္းအားေပးမႈအေပၚ ျမန္မာလူထု စိုးရိမ္ေနတာ အေၾကာင္းမဲ့ မဟုတ္ပါဘူး။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္း ရလဒ္ မတိုင္မီ ျမန္မာႏိုင္ငံရဲ႕ လူဦးေရ စာရင္းအရ ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာ ကိုးကြယ္သူ ရာခိုင္ႏႈန္း ၈၀ ရွိပါတယ္။ ပ႐ိုတက္စတင့္ ဘာသာ ကိုးကြယ္သူ ေျခာက္ရာခိုင္ႏႈန္း ရွိၿပီး အစၥလာမ္ ဘာသာ ကိုးကြယ္သူ ေလးရာခိုင္ႏႈန္း ရွိပါတယ္။ ကာသိုလစ္ ဘာသာ ကိုးကြယ္သူ ႏွစ္ရာခိုင္ႏႈန္း၊ ဟိႏၵဴဘာသာ ကိုးကြယ္သူ ႏွစ္ရာခိုင္ႏႈန္း ရွိပါတယ္။

ဒီထဲမွာ တိုးတက္မႈ အမ်ားဆံုး ျဖစ္လာတာက အစၥလာမ္ ဘာသာ၀င္ ျဖစ္ပါတယ္။ Burmese Muslim Association က လက္ရွိ အခ်ိန္ ျမန္မာ ႏိုင္ငံမွာ အစၥလာမ္ ဘာသာ၀င္ ရွစ္ရာခိုင္ႏႈန္းကေန ၁၂ ရာခိုင္ႏႈန္း အၾကား ရွိမယ္လို႔ ယံုၾကည္ ေနပါတယ္။ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္း ရလဒ္ အရလည္း ျမန္မာႏိုင္ငံမွာ အစၥလာမ္ ဘာသာ ကိုးကြယ္သူ ၁၀ ရာခိုင္ႏႈန္း အထက္ ရွိမယ္ဆိုတဲ့ ေရွ႕ေျပး သတင္းစကားေတြ ရထားပါတယ္။ တရား၀င္ စာရင္း ထြက္မလာ ေသးပါဘူး။

ေနာက္တစ္ခ်က္က ျမန္မာႏိုင္ငံမွာ ေနထိုင္ေနၾကတဲ့ အဓိက တိုင္းရင္းသား မ်ိဳးႏြယ္စု အေရအတြက္ ျဖစ္ပါတယ္။ ဗမာ တိုင္းရင္းသား အေရအတြက္ ၆၈ ရာခိုင္ႏႈန္း ရွိၿပီး ရွမ္းတိုင္းရင္းသား ကိုးရာခိုင္ႏႈန္း ရွိပါတယ္။ ကရင္ တိုင္းရင္းသား အေရအတြက္ ခုနစ္ ရာခိုင္ႏႈန္း ရွိၿပီး ရခိုင္ တိုင္းရင္းသား ၃ ဒသမ ၅ ရာခိုင္ႏႈန္း၊ မြန္တိုင္းရင္းသား ႏွစ္ရာခိုင္ႏႈန္း၊ ကခ်င္တိုင္းရင္းသား ၁ ဒသမ ၅ ရာခိုင္ႏႈန္း၊ ကယား တိုင္းရင္းသား ၀ ဒသမ ၇၅ ရာခိုင္ႏႈန္း ရွိပါတယ္။ ဒီထဲမွာ တ႐ုတ္အႏြယ္၀င္ ၂ ဒသမ ၅ ရာခိုင္ႏႈန္း ရွိၿပီး အိႏၵိယ အႏြယ္၀င္ ၁ ဒသမ ၂ ရာခိုင္ႏႈန္း၊ ၀၊ နာဂ၊ လားဟူ၊ လီဆူး၊ ပေလာင္ အစရွိတဲ့ တိုင္းရင္းသား အႏြယ္၀င္ ၄ ဒသမ ၅ ရာခိုင္ႏႈန္း ရွိပါတယ္။

ဒီအေရအတြက္ေတြကို ျပန္ၾကည့္တဲ့ အခါ အစၥလာမ္ ဘာသာ၀င္ အေရအတြက္ဟာ ရွမ္းတိုင္းရင္းသား၊ ရခိုင္တိုင္းရင္းသား၊ ကခ်င္တုိင္းရင္းသား အေရအတြက္ထက္ မ်ားၿပီး ဗမာတိုင္းရင္းသား အေရအတြက္ ၿပီးရင္ အမ်ားဆံုး ျဖစ္လာမယ့္ ပမာဏ ျဖစ္ပါတယ္။ ဒီအခ်က္ကလည္း ဗုဒၶ ဘာသာ၀င္ေတြ ႀကီးစိုးတဲ့ ျမန္မာႏိုင္ငံ အတြက္ စိုးရိမ္စရာ ျဖစ္ပါတယ္။

ရခိုင္ တိုင္းရင္းသားေတြ ဆိုတာကလည္း ဗုဒၶဘာသာကို ကိုးကြယ္သူ အမ်ားဆံုး ျဖစ္တာေၾကာင့္ ရခိုင္ျပည္နယ္တြင္း ျဖစ္ေနတဲ့ ဘဂၤါလီ ျပႆ နာအေပၚ စိုးရိမ္စိတ္ လြန္ကဲတာ သဘာ၀ က်ပါတယ္။

ဒီအေျခအေနမ်ိဳးမွာ အစၥလာမ္ ဘာသာကို ကိုးကြယ္သူေတြလည္း ျဖစ္၊ ကိုယ့္ႏိုင္ငံသားလည္း မဟုတ္ဘဲ လူဦးေရ တိုးပြားႏႈန္း မ်ားတဲ့ ဘဂၤါလီေတြကို ႐ိုဟင္ဂ်ာ အျဖစ္ ဥပေဒမဲ့ လက္ခံ ေပးလိုက္ရင္ ႏိုင္ငံရဲ႕ အမ်ိဳးသား အက်ိဳးစီးပြား၊ အမ်ိဳးသား လံုျခံဳေရးကိုပါ ထိပါးမယ့္ အေျခအေန ျဖစ္လာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ႐ိုဟင္ဂ်ာ ဘဂၤါလီ အေရး ေရွ႕တန္းတင္မႈေတြမွာ OIC လို ႏိုင္ငံတကာ အဖြဲ႕အစည္းေတြရဲ႕ ပါ၀င္ ပတ္သက္မႈ၊ ေဂ်ာ့ဆိုးေရာ့စ္လို ပုဂၢိဳလ္ေတြရဲ႕ ႀကိဳးကိုင္ ျခယ္လွယ္လိုမႈ၊ ဘယ္လို လူေတြက ဘယ္သူေတြဆီက အေထာက္အပံ့ေတြ ယူၿပီး လုပ္ေနသလဲ ဆိုတဲ့ ကိစၥ၊ ဒါေတြကို ျမန္မာ လူထုက သိေနပါၿပီ။

ဒီလို သိေနခ်ိန္မွာ ႐ိုဟင္ဂ်ာ အေရးကိုပဲ ထပ္တလဲလဲ ေရွ႕တန္း တင္ေနတာ အဆိုး ဘက္ကိုပဲ ဦးတည္ ေစခဲ့ပါတယ္။


■ ခြဲျခား ရႈျမင္ႏိုင္ဖို႔ လိုတယ္

႐ိုဟင္ဂ်ာ ဘဂၤါလီ အေရးဟာ နယ္ျခား လူ၀င္မႈ ႀကီးၾကပ္ေရး ျပႆ နာသာ ျဖစ္ပါတယ္။ လူ၀င္မႈ ႀကီးၾကပ္ေရးနဲ႔ နယ္ျခား ျပႆနာ ဆိုတာ ႏိုင္ငံတိုင္းမွာ ရွိပါတယ္။ အိႏၵိယမွာ ရွိသလို တ႐ုတ္မွာလည္း ရွိပါတယ္။ ဥေရာပ ႏိုင္ငံေတြလည္း လူ၀င္မႈ ႀကီးၾကပ္ေရး ျပႆနာေတြနဲ႔ နယ္ျခား လံုျခံဳမႈ ဆိုင္ရာ ျပႆနာ ရင္ဆိုင္ေနရပါတယ္။ အေမရိကန္မွာလည္း ဒီ ျပႆနာ ရွိေနတာပါပဲ။

ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးကိစၥဟာ ျမန္မာႏိုင္ငံရဲ႕ လူ၀င္မႈ ႀကီးၾကပ္ေရး ျပႆနာ ျဖစ္ပါတယ္။ ဒါကို ေျဖရွင္းဖို႔ ျမန္မာႏိုင္ငံမွာတင္ တာ၀န္ရွိတာ မဟုတ္ဘဲ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာလည္း တာ၀န္ ရွိပါတယ္။ ျမန္မာ ႏိုင္ငံသား ျဖစ္ဖို႔ဆိုရင္ ျမန္မာႏိုင္ငံတြင္း ေရာက္ေနသူေတြကို ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒနဲ႔ စိစစ္ရင္ အေျဖေပၚပါၿပီ။

ဒါကို လက္မခံဘဲ ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးကို အေၾကာင္းျပၿပီး ျမန္မာႏိုင္ငံမွာ မြတ္စလင္ေတြ ဖိႏွိပ္ ခံေနရတယ္လို႔ ေျပာတာ သဘာ၀ မက်ပါဘူး။ ဘဂၤါလီ ႐ိုဟင္ဂ်ာေတြနဲ႔ ျမန္မာႏိုင္ငံ တြင္းမွာ ေနထိုင္ေနၾကတဲ့ မြတ္စလင္ေတြ မတူသလို သီးျခား ႐ႈျမင္ရမွာပါ။ လူ႔အခြင့္အေရး ဆိုင္ရာ ကိစၥေတြကို ေျပာရင္လည္း ဒီအတိုင္းပဲ ခြဲျခား ရႈျမင္ရမွာ ျဖစ္ပါတယ္။

အကယ္၍ ျမန္မာႏိုင္ငံမွာ မြတ္စလင္ ျဖစ္ေစ၊ အျခား ဘာသာ၀င္ တစ္ခု ျဖစ္ေစ ခြဲျခား ဆက္ဆံ ခံေနရမႈ ရွိတယ္ဆိုရင္ ဒါေတြကို ေျပာလို႔ ရပါတယ္။ ဒါေပမဲ့ ဒါေတြကို ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးနဲ႔ ေရာေထြးလို႔ မရပါဘူး။

လူမ်ိဳးအရ ျဖစ္ေစ၊ ဘာသာအရ ျဖစ္ေစ ခြဲျခား ဆက္ဆံမႈ (racism) ကို လက္မခံပါဘူး။ ဒါေပမဲ့ ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးကို လက္မခံဘဲ ဆန္႔က်င္တဲ့ အတြက္ မြတ္စလင္ ဆန္႔က်င္ေရး ဒါမွမဟုတ္ လူမ်ိဳးေရး ခြဲျခား ဆက္ဆံမႈ (racism) လုပ္ေနတယ္ လို႔လည္း စြပ္စြဲလို႔ မရပါဘူး။ ဒီအတိုင္းပဲ racist ဆိုတာ မြတ္စလင္ေတြကို တိုက္ခိုက္ေနမွ ျဖစ္တာမ်ိဳး မဟုတ္ဘဲ လူနည္းစု တိုင္းရင္းသားေတြ၊ အသိ မၾကြယ္တဲ့ သာမန္လူေတြကို ႏွိမ္ခ်၊ တိုက္ခိုက္ ေနတာေတြဟာလည္း racist ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ တိုင္းရင္းသား လူနည္းစု ဆိုတာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္း စတာနဲ႔ ဆက္ႏႊယ္ေနသူေတြပဲ ျဖစ္ပါတယ္။ အခု အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ ေျပာဆိုမႈေတြဟာ တိုင္းရင္းသား အစစ္အမွန္ေတြရဲ႕ အခန္း က႑ ေမွးမွိန္ေနၿပီး ျမန္မာႏိုင္ငံမွာ လံုး၀ မရွိတဲ့ ဘဂၤါလီ ႐ိုဟင္ဂ်ာေတြကိုပဲ တိုင္းရင္းသား လူနည္းစုလို႔ သတ္မွတ္ထားသလို ျဖစ္ေနပါတယ္။ ဒါဟာ လြဲမွားတဲ့ ခ်ဥ္းကပ္မႈ ျဖစ္ေစၿပီး မွ်တမႈ မရွိတဲ့ ပံုစံ ျဖစ္ေစပါတယ္။ ဒါကိုပဲ ဆက္ၿပီး ေဖာ္ေဆာင္ေနမယ္ ဆိုရင္ racist ကို ဆန္႔က်င္တယ္လို႔ ေျပာတဲ့ သူေတြ ကိုယ္တိုင္ racist လုပ္ေနတဲ့ သေဘာပဲ ျဖစ္ပါလိမ့္မယ္။
   
ဒါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ တိုင္းရင္းသား လူနည္းစုေတြ ဖိႏွိပ္ခံရတာကို ေျပာရင္ ႏွစ္ ၆၀ ၾကာ ျပည္တြင္းစစ္ ဒဏ္ကို ခါးစည္း ခံခဲ့ရတဲ့ တိုင္းရင္းသားေတြကိုပဲ ေျပာသင့္ပါတယ္။ သူတို႔ အတြက္ အေျဖရွာေပးဖို႔ လိုသလို သူတို႔ကို ဦးစားေပး ကူညီေပးဖို႔ လိုပါတယ္။

ေနာက္ၿပီး ျမန္မာႏိုင္ငံမွာ အေရးတႀကီး လုပ္ရမယ့္ ကိစၥေတြ ရွိပါတယ္။ ဒီမိုကေရစီ စနစ္ အေျခခိုင္ဖို႔ လုပ္ရမွာေတြ ရွိသလို ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို ဖက္ဒရယ္ ျပည္ေထာင္စု ပံုစံနဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ရမွာေတြလည္း ရွိေနပါတယ္။ ၿငိမ္းခ်မ္းေရး ကိစၥက အေရးႀကီးသလို ဒီမိုကရက္တစ္ အဖြဲ႕အစည္းေတြ၊ အရပ္ဘက္ လူ႔အဖြဲ႕အစည္းေတြနဲ႔ လြတ္လပ္ၿပီး အမွီအခို ကင္းတဲ့ မီဒီယာ အဖြဲ႕အစည္းေတြ အေျခခိုင္ေအာင္ လုပ္ဖို႔ ကိစၥေတြ ရွိပါတယ္။

အေမရိကန္ အေနနဲ႔ ဒီအခ်က္ေတြကိုပဲ မီးေမာင္း ထိုးသင့္ပါတယ္။


■ ယံုၾကည္မႈ က်ဆင္းသြားႏိုင္

NLD အစိုးရသစ္ တာ၀န္ ယူၿပီးခ်ိန္မွာ ျမန္မာႏိုင္ငံ အေပၚ အေမရိကန္ရဲ႕ ခ်ဥ္းကပ္ ဆက္ဆံမႈဟာ ေျခတစ္လွမ္း ေနာက္က်သလို ျဖစ္ေနပါတယ္။

တ႐ုတ္က ႏိုင္ငံျခားေရး ၀န္ႀကီး ေစလႊတ္ၿပီး အစိုးရသစ္နဲ႔ ရင္းႏွီးမႈ ရေအာင္ လက္ဦးမႈ ယူခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အာဆီယံ-႐ုရွား အစည္းအေ၀းကို အေၾကာင္းျပဳၿပီး ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံ အၾကား ရင္းႏွီးမႈ ပိုရႏိုင္ပါတယ္။ တ႐ုတ္၊ ႐ုရွား ႏွစ္ႏိုင္ငံနဲ႔ ေတြ႕ၿပီးမွ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး ေတြ႕ရမယ့္ အလွည့္ ေရာက္ခဲ့ပါတယ္။

ဂြၽန္ကယ္ရီရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္ မတိုင္ခင္ ဘဂၤါလီ ႐ိုဟင္ဂ်ာ ကိစၥ ေခါင္းေထာင္ေနတာ မေကာင္းပါဘူး။ ဒီကိစၥကို ဦးစားေပး သတ္မွတ္ၿပီး ေရးႀကီးခြင္က်ယ္ ေျပာေနရမယ့္ အခ်ိန္လည္း မဟုတ္ပါဘူး။ ဒီအခ်ိန္မွာ ဦးစားေပး မဟုတ္တာေတြကို ဦးစားေပးၿပီး လုပ္ေနရင္ ေျခလွမ္း မ်ားစြာ ေနာက္က်ရဖို႔ပဲ ရွိပါတယ္။

လက္ရွိ ပံုစံအရ NLD အစိုးရဟာ အေမရိကန္၊ ဥေရာပ ႏိုင္ငံေတြနဲ႔ အေနာက္ယိမ္း ႏိုင္ငံျခား ဆက္ဆံေရး မူ၀ါဒတင္ မကဘဲ တ႐ုတ္၊ ႐ုရွ အေရွ႕ယိမ္း ႏိုင္ငံျခား ဆက္ဆံေရး မူ၀ါဒကို ယွဥ္တြဲ က်င့္သံုးမယ့္ သေဘာ ရွိပါတယ္။ ဒီအခ်ိန္မွာ အရင္ အစိုးရ အဆက္ဆက္ကလို အေရွ႕ယိမ္းႏိုင္ငံ လံုးလံုးလ်ားလ်ား ျဖစ္မသြားဖို႔ ဆိုရင္ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရး မူ၀ါဒကို ျပန္သံုးသပ္ဖို႔ပဲ လိုပါတယ္။

အခုခ်ိန္မွာ ၿငိမ္းခ်မ္းေရး ရရွိဖို႔နဲ႔ တိုင္းရင္းသား အေရးဟ ျမန္မာႏိုင္ငံ အတြက္ အေရးႀကီးဆံုးပါပဲ။ ႏွစ္ေပါင္း ၆၀ ေက်ာ္ၾကာ ျပည္တြင္းစစ္ ပဋိပကၡနဲ႔ စစ္ေဘး ဒုကၡသည္ စခန္းေတြမွာ ေနထိုင္ေနရသူရဲ႕ အေရးဟာ ဘဂၤါလီ ႐ိုဟင္ဂ်ာေတြ အေရးထက္ ပိုအေရးႀကီးပါတယ္။

လူ႔အခြင့္အေရး ဆိုင္ရာ ကိစၥေတြကို ေျပာရင္လည္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ၊ တရားမဲ့ ျပဳက်င့္ ခံရမႈက တိုင္းရင္းသား ေဒသေတြမွာ အမ်ားဆံုး ျဖစ္ေနတာကို သတိျပဳရပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့သလို အက်ပ္အတည္း မ်ားစြာ ရွိေနတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို မွ်မွ်တတ ၾကည့္ျမင္တတ္ဖို႔ လိုပါတယ္။

ဒါကို လ်စ္လ်ဴ႐ႈၿပီး ဘဂၤါလီ ႐ိုဟင္ဂ်ာ အေရးကိုပဲ ေရွ႕တန္းတင္ေနမယ္ ဆိုရင္ အေမရိကန္ အစိုးရရဲ႕ ပံုရိပ္ ျမန္မာႏိုင္ငံမွာ က်ဆင္း လာပါလိမ့္မယ္။ ဒီအတိုင္းပဲ ျမန္မာႏိုင္ငံမွာ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရး မူ၀ါဒ အေရးပါမႈ ေပ်ာက္ဆံုးသြားႏိုင္ၿပီး ျမန္မာျပည္သူ လူထုရဲ႕ ဆန္႔က်င္မႈေတြပဲ ျဖစ္လာႏိုင္ပါတယ္။
Writer:
ေနထြန္းႏိုင္
EMG
............
မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒ အရေးပါမှု ပျောက်ဆုံးတော့မှာလား
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား မေ ၆ ရက်က ၀ါရှင်တန်ဒီစီ၌ တွေ့ရစဉ် (Photo: AFP)

မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ကူညီထောက်ပံ့မှု ပေးခဲ့တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိုပဲ ရှေ့တန်းတင် ပြောဆိုနေတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းမှာလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဗျူရိုကရက် တချို့ဟာ မြန်မာအစိုးရ အဖွဲ့က လှည့်ဖြားတတ်တဲ့ ဗျူရိုကရက်တွေနဲ့ ပေါင်းပြီး အပေးအယူ လုပ်ခဲ့ကြလို့ ဖြစ်ရပ်မှန်နဲ့ လွဲချော်တဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်ခဲ့ပါတယ်။

ဒီလွဲချော်မှုတွေထဲမှာ အခြား အရေးကြီး ကိစ္စတွေထက် ဘင်္ဂါလီ ရိုဟင်ဂျာ အရေး ရှေ့တန်းတင်မှုက တစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။

အခုလည်း မြန်မာနိုင်ငံ အပေါ် ပြောဆိုမှုတွေမှာ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိုပဲ အမေရိကန်က ပုံကြီးချဲ့ ပြောနေပါတယ်။


■ တစ်ကျော့ပြန် မီးထိုးခြင်း

ဧပြီ တတိယပတ်က အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက် တစ်ရပ်မှာ ‘ရိုဟင်ဂျာ’ စကားရပ် အသုံးပြုခဲ့ရာက အစပြုပြီး ဘင်္ဂါလီ ရိုဟင်ဂျာ အရေး ခေါင်းထောင်ခဲ့ပါတယ်။

ရန်ကုန်မှာ ရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်တာ ဖြစ်ခဲ့သလို မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတိပေးမှုလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အဲဒီ အဆင့်မှာ ပြေငြိမ်းအောင် လုပ်လို့ ရပေမယ့် ဒီလို မလုပ်ဘဲ တစ်ဆင့် မီးမြှင့်ခဲ့ကြပါတယ်။

မကြာသေးခင်ကမှ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်သစ် ဖြစ်လာတဲ့ စကော့မာစီရယ်က ရိုဟင်ဂျာ စကားရပ်ကို သက်ဆိုင်ရာ ကာယကံရှင်တွေ ခေါ်စေချင်တဲ့ အတိုင်း ဆက်သုံးမယ်လို့ မေ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။

သူပြောတဲ့ အကြောင်းအရာမှာ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အသုံးအနှုန်း တိုက်ရိုက် ပါ၀င်ခြင်း မရှိပေမယ့် ရခိုင်ပြည်နယ်တွင်းမှာ ရှိတဲ့ မွတ်စလင် လူနည်းစုတွေကို ရိုဟင်ဂျာလို့ ဆက်လက် ခေါ်ဝေါ် သုံးစွဲခြင်း ပြု၊ မပြု ရိုက်တာ သတင်းဌာနက မေးတဲ့ အပေါ် ကာယကံရှင်တွေ ခေါ်စေချင်တဲ့ အတိုင်း ဆက်သုံးမယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီမတိုင်ခင် မေ ၉ ရက်မှာ The New York Times သတင်းစာက သူတို့ရဲ့ အယ်ဒီတာ့ အာဘော်ကနေ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို “သူရဲဘော ကြောင်သူ” လို့ သုံးနှုန်းပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒါကလည်း ရိုဟင်ဂျာ စကားရပ်ကို သုံးစွဲခြင်း မပြုဖို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက သတိပေးပြီးချိန်မှာ ဒါကို အခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မေ ၁၁ ရက်၊ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်နဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံချိန်မှာ မြန်မာပြည်သူတွေ လိုလား လက်ခံခြင်း မရှိတဲ့ စကားလုံး အသုံးအနှုန်းတွေကို သတိပြု ဆောင်ရွက်မယ်လို့  စကော့မာစီရယ်က ပြောခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ သံတမန် စကားအရ ပြောတာ ဖြစ်ပြီး သုံးစွဲခြင်း မပြုဘူးလို့ ပြောခဲ့တာ မဟုတ်ပါဘူး။

ဒီနောက်ပိုင်း မေ ၁၂ ရက်က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Elizabeth Trudeau က သံအမတ်ကြီး စကော့မာစီရယ် ပြောတဲ့ အတိုင်း ထပ်ပြောခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ တိုင်းပြည် တစ်ပြည်မှာ နေထိုင်သူတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ရည်ညွှန်း ပြောဆိုမှုတွေ အားလုံးကို အားပေးပါတယ်။ ရိုဟင်ဂျာလို့ ကာယကံရှင်တွေက သူတို့ကိုယ် သူတို့ ခေါ်တယ် ဆိုရင်လည်း ကျွန်မတို့ အနေနဲ့ လေးစားရမှာပါ။ ဒီအတိုင်း ခေါ်ဝေါ် သုံးစွဲရမှာလည်း ဖြစ်ပါတယ်” လို့ Elizabeth Trudeau က ပြောခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို ကုလသမဂ္ဂ အနေနဲ့ ဆက်လက် သုံးစွဲသွားမယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ အမျိုးသမီးက မေ ၁၃ ရက်မှာ ပြောကြားကြောင်း VOA သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက လိုလားနှစ်ခြိုက်ခြင်း မရှိတဲ့ အသုံးအနှုန်း မသုံးဖို့ သတိပေးထားတာကို တုံ့ပြန်ခဲ့ကြတဲ့ စကားတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီစတဲ့ အသုံးအနှုန်းအတွက် အငြင်းပွားနေတာ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာ လုံးဝ ပါ၀င်ခြင်း မရှိတဲ့ အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်နိုင်ခြင်း မရှိသေး သူတွေကို လူမျိုး တစ်မျိုး ဖန်တီးပြီး မြန်မာနိုင်ငံသားအဖြစ် သွတ်သွင်းဖို့ ကြိုးစားနေတာကို လက်မခံနိုင်တဲ့အတွက် ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

ဥပဒေအရ စိစစ်ရခြင်း မရှိသေးတဲ့ (စိစစ်ဖို့ လက်မခံတဲ့) ဘင်္ဂါလီ ရိုဟင်ဂျာတွေကို နိုင်ငံသား သွတ်သွင်းဖို့ ဖိအားပေးခြင်း အကြိမ်ကြိမ် ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ တိုက်ဆိုင်မှုတွေ ရှိနေပါတယ်။

တိုက်ဆိုင်မှုတွေထဲမှာ ပထမ အချက်က မြန်မာနိုင်ငံ အပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု သက်တမ်းကုန်မယ့်အချိန် ဖြစ်နေပါတယ်။ ဒုတိယ အချက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။


■ ဂျွန်ကယ်ရီ၏ မြန်မာ ခရီးစဉ်

မေ ၂၂ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မေ ၁၃ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

သူ့ရဲ့ ခရီးစဉ်ဟာ မြန်မာ အစိုးရကို အားပေးဖို့၊ ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ထပ်ဖြစ်လာအောင် အမေရိကန်က ကူညီ ပံ့ပိုးပေးသွားမယ့် အကြောင်း ပြသဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျွန်ကယ်ရီဟာ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံကို နောက်ဆုံး လာခဲ့ဖူးပါတယ်။ အခု ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက် မြန်မာကို ပထမဆုံး လာတဲ့ ခရီးစဉ် ဖြစ်ပါမယ်။

ဂျွန်ကယ်ရီရဲ့ မြန်မာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆက်နွှယ်မှု နှစ်ရပ် ရှိနိုင်ပါတယ်။

ပထမ အချက်က မြန်မာနိုင်ငံ အပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ မေ ၂၀ မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကို ရုပ်သိမ်းမှာ မဟုတ်ဘဲ သက်တမ်း ဆက်တိုးဖို့ အမေရိကန်က ပြင်ဆင်ထား ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ အရာရှိတွေ ထုတ်ပြောခဲ့ပြီးပါပြီ။

ဒုတိယ တစ်ချက်က ရုရှား-အာဆီယံ ဆွေးနွေးပွဲနဲ့ ဆက်နွှယ်မှု ရှိနိုင်ပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားနိုင်ငံမှာ မေ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ပြုလုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဆွေးနွေးပွဲကို သမ္မတ ဦးထင်ကျော်ရော၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော နှစ်ဦးစလုံး တက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်မယ့် အကြောင်းအချက်တွေ ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက် ပြည်ထောင်စု လွှတ်တော်မှာ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ် တင်ပြခဲ့တဲ့ “မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆက်ဆံရေး သဘောတူညီမှု စာချုပ် လက်မှတ် ရေးထိုးရေး” ကို လွှတ်တော်က ကန့်ကွက်သူ မရှိ သဘောတူညီခဲ့ပါတယ်။

ဒါဟာ မြန်မာအစိုးရသစ် အတွက် ထူးခြားမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ အစိုးရက အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ပြင်ဆင် ချိန်မှာပဲ ဒီအုပ်စုတွေနဲ့ သင့်မြတ်ခြင်း မရှိဘဲ သဘောထား တင်းမာတဲ့ ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ခြေလှမ်း ပြင်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင်လည်း မြန်မာဟာ ရုရှား၊ တရုတ် အစရှိတဲ့ နိုင်ငံတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်အစိုးရ အဆက်ဆက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင်း အကျပ်အတည်းတွေကို ကျော်ဖြတ်ချိန်မှာ ရုရှားနဲ့ တရုတ်က ကူညီခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။

ရုရှားနဲ့ မတွေ့ခင်မှာလည်း သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ၀မ်ယီနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ၀မ်ယီဟာ NLD အစိုးရ လက်ထက် နေပြည်တော်ကို အစောဆုံး ရောက်ရှိသူ ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရတုန်းကလည်း တရုတ်က သဝဏ်လွှာကို အစောဆုံး ပို့ခဲ့ပါတယ်။ နောက်ပိုင်း အခြေအနေတွေ အရ စစ်အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထားခဲ့ပေမယ့် သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို တစ်သမတ်တည်း မထားခဲ့ပါဘူး။ ဒါကို ထင်ရှားစေတဲ့ အချက် တစ်ခုက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီ ခင်းပြီး ကြိုဆို ခဲ့တာက ဥပမာ တစ်ခု ဖြစ်ပါတယ်။

ဧပြီ ၆ ရက်မှာ နေပြည်တော်ကို လာခဲ့တဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီဟာ သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် လုပ်ခဲ့ပြီး မြန်မာ အစိုးရသစ်ကို ဂုဏ်ပြုဖို့နဲ့ ရင်းနှီးမှုတွေ တည်ဆောက်ဖို့ လာခဲ့တယ်လို့ ၀မ်ယီက ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေ အနေနဲ့ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့၊ ဒေသခံတွေ အကျိုးရှိအောင် လုပ်ဆောင်ဖို့ သတိပေးခဲ့ပါတယ်။ ၀မ်ယီ ပြန်သွားပြီး နောက်ပိုင်း တရုတ် နိုင်ငံမှာ လုပ်တဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွေ မှာလည်း အရင်နဲ့ မတူဘဲ တရုတ် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ကိုင်ကြဖို့ သတိပေး ပြောကြားတာတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဖြတ်သွား ဖြတ်လာ ပုံစံမျိုးထက် ပိုပြီး လေးနက်တဲ့ အသွင် ဆောင်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ အပေါ် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်တဲ့ တုတ်တစ်ဖက်၊ မုန့်တစ်ဖက် (carrot and stick) ပုံစံကို ဘယ်လို ပြောင်းလဲမလဲ ဆိုတာ ကြည့်ကြရမှာပါ။
     

■ အရေးယူ ပိတ်ဆို့မှု ချိန်ခွင်လျှာ

အမေရိကန်ရဲ့ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုဟာ ၁၉၉၇ ခုနှစ်မှာ စတင် ခဲ့ပါတယ်။ အရပ်သား တစ်ပိုင်း အစိုးရ တက်လာတဲ့ ၂၀၁၀ ပြည့်နှစ်မှာ ဖြေလျှော့မှု တချို့ လုပ်ခဲ့ပေမယ့် မြန်မာ အစိုးရ ဗျူရိုကရက်တွေနဲ့ အပေးအယူ ဆန်တဲ့ လုပ်ဆောင်မှု ဖြစ်ခဲ့ပါတယ်။

မြန်မာ အစိုးရ ဗျူရိုကရက်တွေ ဘက်က ပေးခဲ့တဲ့ ကတိကဝတ်တွေ အကောင်အထည် မပေါ်ခဲ့သလို အမေရိကန်ကလည်း စစ်မှန်တဲ့ တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် ဖိနှိပ်ခံ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်ထားခဲ့သလို မည်ကာ မတ္တလောက်ပဲ အရေးထားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့ ဖြေလျှော့မှုက လူတစ်စု အတွက်ပဲ အကျိုး ဖြစ်ထွန်းခဲ့ပါတယ်။

တကယ်တော့ အလုံးစုံ စီးပွားရေး ပိတ်ဆို့မှုတွေက မြန်မာ ပြည်သူ လူထုအတွက် အကျိုး မဖြစ်စေခဲ့ပါဘူး။ ပြည်သူ လူထုကိုပဲ ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။ ဒီအချိန်မှာ လူထုကို ဖိနှိပ်မှု လုပ်ခဲ့သူတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ ခရိုနီ လုပ်ငန်းရှင်တွေကို တိုက်ရိုက် ဦးတည်တဲ့ Smart Sanction ကို ပီပြင်အောင် လုပ်သင့်ပေမယ့် ဒီလို လုပ်ဖို့ အားနည်း ခဲ့တာတွေ ရှိပါတယ်။

လက်ရှိ အချိန်မှာ အရေးယူ ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးဖို့ ဖြတ်လမ်း မရှိဘူးလို့ စကော့မာစီရယ်က မေ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်မှု၊ လူ့အခွင့်အရေး လေးစား လိုက်နာမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ပဋိပက္ခတွေ လျှော့ချပေးနိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ တွန်းအားပေးတဲ့ နေရာမှာ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်လည် စိစစ်ရေး အတွက် အကြောင်းအရာ ဖြစ်သင့်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ဆက်ထားသင့်၊ မသင့် ဆိုကြတဲ့ အခါ မတူညီတဲ့ ရှုထောင့်တွေ ရှိနေပါတယ်။

ရိုက်တာ သတင်းဌာနက မေ ၁၄ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်း တစ်ရပ်မှာ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု သက်တမ်း တိုးခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့တယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောကြောင်း ဖော်ပြခဲ့ပါတယ်။

အရေးယူ ပိတ်ဆို့မှု တချို့ကို အပြောင်းအလဲ လုပ်ပြီး ဆက်ထားဖို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့တယ်၊ မြန်မာ့ စီးပွားရေး တစ်ခုလုံးကို ထိခိုက်မှု မရှိစေတဲ့ ကုန်သွယ်မှု ကန့်သတ်ချက်တွေကို ဘယ်လို ထားမလဲ၊ ဒါပေမဲ့ တပ်မတော်ပိုင် (စီးပွားရေး) အဖွဲ့အစည်းတွေ၊ သူတို့နဲ့ ဆက်နွှယ်သူတွေကို ဆက်ပြီး ဖိအား ပေးထားဖို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ နိုင်ငံရေး အာဏာ ခွဲဝေမှုကို ဆက်ပြီး ဖိအားပေးဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။

ဒါပေမဲ့ ရိုက်တာသတင်း ဖော်ပြချက်မှာပဲ မြန်မာနိုင်ငံ အပေါ် ၀ါရှင်တန်ရဲ့ စိုးရိမ်မှုတွေ ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

၀ါရှင်တန် အနေနဲ့ ဗုဒ္ဓဘာသာဝင် လူများစု ကြီးစိုးထားတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသား၊ ဘာသာဝင်တွေ အပေါ် အကြမ်းဖက်မှု ရှိနေတာကို စိုးရိမ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတိုင်းပဲ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ဆက်ထားဖို့ အမေရိကန် ကွန်ဂရက်ရဲ့ တောင်းဆိုမှုမှာလည်း ရိုဟင်ဂျာ အရေးကို ဥပမာပေး ပြောခဲ့တာတွေ ရှိပါတယ်။ ဒီလို ပြောတဲ့အခါ အချက် သုံးချက်ကိုပဲ ကွန်ဂရက်က ထောက်ပြပါတယ်။

ပထမ တစ်ချက်မှာ တပ်မတော် ကတိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆင်နွှဲနေတာကို ပြောခဲ့ပြီး ဒုတိယ အချက်မှာ လူနည်းစု ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံတာကို ပြောခဲ့ပါတယ်။ တတိယ အချက်မှာတော့ တပ်မတော်က နိုင်ငံရေးမှာ ပါ၀င် ပတ်သက်နေတာကို ထောက်ပြပြီး ဒီသုံးချက်လုံးက စိုးရိမ်စရာ ရှိတယ်လို့ သူတို့ ဆိုပါတယ်။
   

■ ဘာကြောင့် ထပ်တလဲလဲ သုံးနေလဲ
   
အမေရိကန် အပါအဝင် အနောက် အုပ်စုဝင် နိုင်ငံတွေက ရိုဟင်ဂျာကို မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသား အဖြစ် ထပ်တလဲလဲ ပြောနေကြပါတယ်။

ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား လုံးဝ မဟုတ်ပါဘူး။ ဘင်္ဂါလီတွေကို နိုင်ငံသား ခွင့်ပြုမယ် ဆိုရင်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာပါ။ ဒီအတွက် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီ အရေအတွက် ၈၀၀၀၀၀ ကျော်မှာ ရာခိုင်နှုန်း ရ၀ လောက်က နိုင်ငံသား ဖြစ်ဖို့ အခွင့်အရေး ရှိထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြင်ပမှာ ရောက်နေတဲ့ ၄ ဒသမ ၂ သန်းသော ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

မြန်မာ အစိုးရက ရိုဟင်ဂျာကို လက်မခံသလို ဒီစကားရပ် သုံးစွဲမှုကိုလည်း ကန့်ကွက် ထားပါတယ်။

မေ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံမှုမှာ ရခိုင်ပြည်နယ် အရေးကို နိုင်ငံတကာ အဖွဲ့အစည်းတွေ သတိထားကြဖို့နဲ့ အကျပ်အတည်းတွေ အများကြီး ရှိနေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေကို မျှမျှတတ ကြည့်မြင်တတ်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီအတိုင်းပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး မရှိဘူးလို့ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုး မရှိပါဘူး။ လက်လည်း မခံပါဘူး။ ဘင်္ဂါလီ လူမျိုးပဲ ရှိပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၃ ရက် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။

၁၉၅၅ ခုနှစ် ဦးနု အစိုးရ မတိုင်မီ ရခိုင်သမိုင်း အထောက်အထားများ အရ ရိုဟင်ဂျာ လုံးဝ မရှိခဲ့ပေမယ့် အခု နောက်ပိုင်းမှာ ဦးနုရဲ့ သမိုင်းမှားကို အခြေခံပြီး ရိုဟင်ဂျာကို မြန်မာ တိုင်းရင်းသား၊ နိုင်ငံသား အဖြစ် လက်ခံဖို့ ပြောနေကြတာ လက်ခံနိုင်စရာ မရှိပါဘူး။

ဒီပြောဆိုမှုဟာ အမေရိကန်နဲ့  အနောက်ယိမ်း အုပ်စုတွေက တစ်ဆင့် ဆင်းသက်လာပြီး မြန်မာနိုင်ငံကို ဖိအားပေးချင်တဲ့ အခါ လက်နက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ဒီနည်းလမ်းနဲ့ ဖိအားပေးဖို့ မဖြစ်သင့်တော့ပါဘူး။

ဒီအတိုင်းပဲ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးမှာ အမေရိကန် အပါအဝင် အနောက်အုပ်စုတွေရဲ့ တွန်းအားပေးမှုအပေါ် မြန်မာလူထု စိုးရိမ်နေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ် မတိုင်မီ မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းအရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာခိုင်နှုန်း ၈၀ ရှိပါတယ်။ ပရိုတက်စတင့် ဘာသာ ကိုးကွယ်သူ ခြောက်ရာခိုင်နှုန်း ရှိပြီး အစ္စလာမ် ဘာသာ ကိုးကွယ်သူ လေးရာခိုင်နှုန်း ရှိပါတယ်။ ကာသိုလစ် ဘာသာ ကိုးကွယ်သူ နှစ်ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ နှစ်ရာခိုင်နှုန်း ရှိပါတယ်။

ဒီထဲမှာ တိုးတက်မှု အများဆုံး ဖြစ်လာတာက အစ္စလာမ် ဘာသာဝင် ဖြစ်ပါတယ်။ Burmese Muslim Association က လက်ရှိ အချိန် မြန်မာ နိုင်ငံမှာ အစ္စလာမ် ဘာသာဝင် ရှစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်း အကြား ရှိမယ်လို့ ယုံကြည် နေပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ် အရလည်း မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူ ၁၀ ရာခိုင်နှုန်း အထက် ရှိမယ်ဆိုတဲ့ ရှေ့ပြေး သတင်းစကားတွေ ရထားပါတယ်။ တရားဝင် စာရင်း ထွက်မလာ သေးပါဘူး။

နောက်တစ်ချက်က မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ အဓိက တိုင်းရင်းသား မျိုးနွယ်စု အရေအတွက် ဖြစ်ပါတယ်။ ဗမာ တိုင်းရင်းသား အရေအတွက် ၆၈ ရာခိုင်နှုန်း ရှိပြီး ရှမ်းတိုင်းရင်းသား ကိုးရာခိုင်နှုန်း ရှိပါတယ်။ ကရင် တိုင်းရင်းသား အရေအတွက် ခုနစ် ရာခိုင်နှုန်း ရှိပြီး ရခိုင် တိုင်းရင်းသား ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်တိုင်းရင်းသား နှစ်ရာခိုင်နှုန်း၊ ကချင်တိုင်းရင်းသား ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကယား တိုင်းရင်းသား ၀ ဒသမ ရ၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒီထဲမှာ တရုတ်အနွယ်ဝင် ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး အိန္ဒိယ အနွယ်ဝင် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ၀၊ နာဂ၊ လားဟူ၊ လီဆူး၊ ပလောင် အစရှိတဲ့ တိုင်းရင်းသား အနွယ်ဝင် ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။

ဒီအရေအတွက်တွေကို ပြန်ကြည့်တဲ့ အခါ အစ္စလာမ် ဘာသာဝင် အရေအတွက်ဟာ ရှမ်းတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား၊ ကချင်တိုင်းရင်းသား အရေအတွက်ထက် များပြီး ဗမာတိုင်းရင်းသား အရေအတွက် ပြီးရင် အများဆုံး ဖြစ်လာမယ့် ပမာဏ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ဗုဒ္ဓ ဘာသာဝင်တွေ ကြီးစိုးတဲ့ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ ဆိုတာကလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူ အများဆုံး ဖြစ်တာကြောင့် ရခိုင်ပြည်နယ်တွင်း ဖြစ်နေတဲ့ ဘင်္ဂါလီ ပြဿ နာအပေါ် စိုးရိမ်စိတ် လွန်ကဲတာ သဘာဝ ကျပါတယ်။

ဒီအခြေအနေမျိုးမှာ အစ္စလာမ် ဘာသာကို ကိုးကွယ်သူတွေလည်း ဖြစ်၊ ကိုယ့်နိုင်ငံသားလည်း မဟုတ်ဘဲ လူဦးရေ တိုးပွားနှုန်း များတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် ဥပဒေမဲ့ လက်ခံ ပေးလိုက်ရင် နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား၊ အမျိုးသား လုံခြံုရေးကိုပါ ထိပါးမယ့် အခြေအနေ ဖြစ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာ ဘင်္ဂါလီ အရေး ရှေ့တန်းတင်မှုတွေမှာ OIC လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပါ၀င် ပတ်သက်မှု၊ ဂျော့ဆိုးရော့စ်လို ပုဂ္ဂိုလ်တွေရဲ့ ကြိုးကိုင် ခြယ်လှယ်လိုမှု၊ ဘယ်လို လူတွေက ဘယ်သူတွေဆီက အထောက်အပံ့တွေ ယူပြီး လုပ်နေသလဲ ဆိုတဲ့ ကိစ္စ၊ ဒါတွေကို မြန်မာ လူထုက သိနေပါပြီ။

ဒီလို သိနေချိန်မှာ ရိုဟင်ဂျာ အရေးကိုပဲ ထပ်တလဲလဲ ရှေ့တန်း တင်နေတာ အဆိုး ဘက်ကိုပဲ ဦးတည် စေခဲ့ပါတယ်။


■ ခွဲခြား ရှုမြင်နိုင်ဖို့ လိုတယ်

ရိုဟင်ဂျာ ဘင်္ဂါလီ အရေးဟာ နယ်ခြား လူဝင်မှု ကြီးကြပ်ရေး ပြဿ နာသာ ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးနဲ့ နယ်ခြား ပြဿနာ ဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ အိန္ဒိယမှာ ရှိသလို တရုတ်မှာလည်း ရှိပါတယ်။ ဥရောပ နိုင်ငံတွေလည်း လူဝင်မှု ကြီးကြပ်ရေး ပြဿနာတွေနဲ့ နယ်ခြား လုံခြံုမှု ဆိုင်ရာ ပြဿနာ ရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာလည်း ဒီ ပြဿနာ ရှိနေတာပါပဲ။

ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ပြဿနာ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာတင် တာဝန်ရှိတာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း တာဝန် ရှိပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံတွင်း ရောက်နေသူတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်ရင် အဖြေပေါ်ပါပြီ။

ဒါကို လက်မခံဘဲ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံမှာ မွတ်စလင်တွေ ဖိနှိပ် ခံနေရတယ်လို့ ပြောတာ သဘာဝ မကျပါဘူး။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံ တွင်းမှာ နေထိုင်နေကြတဲ့ မွတ်စလင်တွေ မတူသလို သီးခြား ရှုမြင်ရမှာပါ။ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေကို ပြောရင်လည်း ဒီအတိုင်းပဲ ခွဲခြား ရှုမြင်ရမှာ ဖြစ်ပါတယ်။

အကယ်၍ မြန်မာနိုင်ငံမှာ မွတ်စလင် ဖြစ်စေ၊ အခြား ဘာသာဝင် တစ်ခု ဖြစ်စေ ခွဲခြား ဆက်ဆံ ခံနေရမှု ရှိတယ်ဆိုရင် ဒါတွေကို ပြောလို့ ရပါတယ်။ ဒါပေမဲ့ ဒါတွေကို ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနဲ့ ရောထွေးလို့ မရပါဘူး။

လူမျိုးအရ ဖြစ်စေ၊ ဘာသာအရ ဖြစ်စေ ခွဲခြား ဆက်ဆံမှု (racism) ကို လက်မခံပါဘူး။ ဒါပေမဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကို လက်မခံဘဲ ဆန့်ကျင်တဲ့ အတွက် မွတ်စလင် ဆန့်ကျင်ရေး ဒါမှမဟုတ် လူမျိုးရေး ခွဲခြား ဆက်ဆံမှု (racism) လုပ်နေတယ် လို့လည်း စွပ်စွဲလို့ မရပါဘူး။ ဒီအတိုင်းပဲ racist ဆိုတာ မွတ်စလင်တွေကို တိုက်ခိုက်နေမှ ဖြစ်တာမျိုး မဟုတ်ဘဲ လူနည်းစု တိုင်းရင်းသားတွေ၊ အသိ မကြွယ်တဲ့ သာမန်လူတွေကို နှိမ်ချ၊ တိုက်ခိုက် နေတာတွေဟာလည်း racist ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစု ဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတာနဲ့ ဆက်နွှယ်နေသူတွေပဲ ဖြစ်ပါတယ်။ အခု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန် ပြောဆိုမှုတွေဟာ တိုင်းရင်းသား အစစ်အမှန်တွေရဲ့ အခန်း ကဏ္ဍ မှေးမှိန်နေပြီး မြန်မာနိုင်ငံမှာ လုံးဝ မရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကိုပဲ တိုင်းရင်းသား လူနည်းစုလို့ သတ်မှတ်ထားသလို ဖြစ်နေပါတယ်။ ဒါဟာ လွဲမှားတဲ့ ချဉ်းကပ်မှု ဖြစ်စေပြီး မျှတမှု မရှိတဲ့ ပုံစံ ဖြစ်စေပါတယ်။ ဒါကိုပဲ ဆက်ပြီး ဖော်ဆောင်နေမယ် ဆိုရင် racist ကို ဆန့်ကျင်တယ်လို့ ပြောတဲ့ သူတွေ ကိုယ်တိုင် racist လုပ်နေတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။
   
ဒါကြောင့် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုတွေ ဖိနှိပ်ခံရတာကို ပြောရင် နှစ် ၆၀ ကြာ ပြည်တွင်းစစ် ဒဏ်ကို ခါးစည်း ခံခဲ့ရတဲ့ တိုင်းရင်းသားတွေကိုပဲ ပြောသင့်ပါတယ်။ သူတို့ အတွက် အဖြေရှာပေးဖို့ လိုသလို သူတို့ကို ဦးစားပေး ကူညီပေးဖို့ လိုပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ အရေးတကြီး လုပ်ရမယ့် ကိစ္စတွေ ရှိပါတယ်။ ဒီမိုကရေစီ စနစ် အခြေခိုင်ဖို့ လုပ်ရမှာတွေ ရှိသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖက်ဒရယ် ပြည်ထောင်စု ပုံစံနဲ့ ကိုက်ညီအောင် ပြင်ဆင်ရမှာတွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်းရေး ကိစ္စက အရေးကြီးသလို ဒီမိုကရက်တစ် အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာ အဖွဲ့အစည်းတွေ အခြေခိုင်အောင် လုပ်ဖို့ ကိစ္စတွေ ရှိပါတယ်။

အမေရိကန် အနေနဲ့ ဒီအချက်တွေကိုပဲ မီးမောင်း ထိုးသင့်ပါတယ်။


■ ယုံကြည်မှု ကျဆင်းသွားနိုင်

NLD အစိုးရသစ် တာဝန် ယူပြီးချိန်မှာ မြန်မာနိုင်ငံ အပေါ် အမေရိကန်ရဲ့ ချဉ်းကပ် ဆက်ဆံမှုဟာ ခြေတစ်လှမ်း နောက်ကျသလို ဖြစ်နေပါတယ်။

တရုတ်က နိုင်ငံခြားရေး ၀န်ကြီး စေလွှတ်ပြီး အစိုးရသစ်နဲ့ ရင်းနှီးမှု ရအောင် လက်ဦးမှု ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆီယံ-ရုရှား အစည်းအဝေးကို အကြောင်းပြုပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ အကြား ရင်းနှီးမှု ပိုရနိုင်ပါတယ်။ တရုတ်၊ ရုရှား နှစ်နိုင်ငံနဲ့ တွေ့ပြီးမှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တွေ့ရမယ့် အလှည့် ရောက်ခဲ့ပါတယ်။

ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စ ခေါင်းထောင်နေတာ မကောင်းပါဘူး။ ဒီကိစ္စကို ဦးစားပေး သတ်မှတ်ပြီး ရေးကြီးခွင်ကျယ် ပြောနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။ ဒီအချိန်မှာ ဦးစားပေး မဟုတ်တာတွေကို ဦးစားပေးပြီး လုပ်နေရင် ခြေလှမ်း များစွာ နောက်ကျရဖို့ပဲ ရှိပါတယ်။

လက်ရှိ ပုံစံအရ NLD အစိုးရဟာ အမေရိကန်၊ ဥရောပ နိုင်ငံတွေနဲ့ အနောက်ယိမ်း နိုင်ငံခြား ဆက်ဆံရေး မူဝါဒတင် မကဘဲ တရုတ်၊ ရုရှ အရှေ့ယိမ်း နိုင်ငံခြား ဆက်ဆံရေး မူဝါဒကို ယှဉ်တွဲ ကျင့်သုံးမယ့် သဘော ရှိပါတယ်။ ဒီအချိန်မှာ အရင် အစိုးရ အဆက်ဆက်ကလို အရှေ့ယိမ်းနိုင်ငံ လုံးလုံးလျားလျား ဖြစ်မသွားဖို့ ဆိုရင် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်သုံးသပ်ဖို့ပဲ လိုပါတယ်။

အခုချိန်မှာ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ တိုင်းရင်းသား အရေးဟ မြန်မာနိုင်ငံ အတွက် အရေးကြီးဆုံးပါပဲ။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ် ပဋိပက္ခနဲ့ စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရသူရဲ့ အရေးဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အရေးထက် ပိုအရေးကြီးပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေကို ပြောရင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ တရားမဲ့ ပြုကျင့် ခံရမှုက တိုင်းရင်းသား ဒေသတွေမှာ အများဆုံး ဖြစ်နေတာကို သတိပြုရပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို အကျပ်အတည်း များစွာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို မျှမျှတတ ကြည့်မြင်တတ်ဖို့ လိုပါတယ်။

ဒါကို လျစ်လျူရှုပြီး ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိုပဲ ရှေ့တန်းတင်နေမယ် ဆိုရင် အမေရိကန် အစိုးရရဲ့ ပုံရိပ် မြန်မာနိုင်ငံမှာ ကျဆင်း လာပါလိမ့်မယ်။ ဒီအတိုင်းပဲ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အရေးပါမှု ပျောက်ဆုံးသွားနိုင်ပြီး မြန်မာပြည်သူ လူထုရဲ့ ဆန့်ကျင်မှုတွေပဲ ဖြစ်လာနိုင်ပါတယ်။
Writer:
နေထွန်းနိုင်
EMG
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)