Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 3, 2016
၁. စကားတိုးတိုးပြောပါ.....
၎. ပါးစပ်ပလုပ်ပလောင်းနဲ့ စကားမပြောပါနဲ့
( Paing A K )
Ref : Metro
...............................................
“လူလယ်ခေါင်လေမလည်ရ” အပါအဝင် တစ်ခြားထူးခြားတဲ့စည်းကမ်းတွေနဲ့ ဟော့ကိုင်ဒိုကျွန်း
ဂျပန်နိုင်ငံရဲ့ မြောက်ဘက်ဆုံးအပန်းဖြေ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟော့ကိုင်ဒိုကျွန်းဟာဆိုရင်တော့ အများတဲ့မတူ ထူးခြားတဲ့ စည်းကမ်းတွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကျွန်းရဲ့ စည်းကမ်းတွေကလည်း လူယဉ်ကျေးတွေပြုလုပ်လေ့မရှိတဲ့ အမူအရာတွေဖြစ်တာမို့ ကျွန်တော်တို့ကိုယ်တိုင်လည်း လိုက်နာဖို့သင့်တဲ့ စည်းကမ်းလေးတွေဖြစ်ပါတယ်။......
ဟော့ကိုင်ဒိုကျွန်းမှာတော့ ရေလွှာလျှောစီးလို့ကောင်းပြီး နွေရာသီမှာ အပန်းဖြေသင့်တဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ...
၁. စကားတိုးတိုးပြောပါ.....
ဂျပန်လူမျိုးတွေဟာဆိုရင်တော့ စကားကို တိုးတိုးညှင်သာစွာပဲ ပြောတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဟော့ကိုင်ဒိုကျွန်းမှ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရောက်သွားရင် ဂျပန်လူမျိုးတွေလိုပဲ စကားကို ခပ်တိုးတိုးနဲ့ ညှင်ညှင်သာသာပြောဖို့တော့ လိုအပ်ပါလိမ့်မယ်။
၂. လူလယ်ခေါင်မှာ လေမလည်ပါနဲ့ ၊ လေချဉ်မတက်ပါနဲ့ ..
ဂျပန်နိုင်ငံကလူတွေကတော့ သန့်ရှင်းမှုကို အလေးထားကြပါတယ်။ ဟော့ကိုင်ဒိုကျွန်းမှာတော့ ကိုယ့်ကြောင့် သူများကိုပါ စိတ်ညစ်ညမ်းစေတဲ့ အပြုအမူတွေကို ပြုလုပ်ခွင့်ပေးမထားပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ လေချဉ်တက်တတ်တဲ့အကျင့်တွေ ၊ လေလည်တဲ့အကျင့်တွေကိုတော့ လူကွယ်ရာမှာ ပြုလုပ်ရပါလိမ့်မယ်။
၃. ကြားမဖြတ်ပါနဲ့ ၊ တန်းစီပါ
ဂျပန်လူမျိုးတွေဟာ သူတစ်ပါးနစ်နာစေမယ့် အလု်တွေကို ပြုလုပ်လေ့မရှိပါဘူး။ သင့်အနေနဲ့ လူတန်းရှည်နဲ့ စောင့်ဆိုင်းရတဲ့နေရာတွေမှာလည်း အရင်ရောက်သူကို အရင်ဦးစားပေးရမှာဖြစ်ပြီး သင့်အနေနဲ့ အမြဲလိုလိုတန်းစီရမှာပါ။ ဒီလိုအကျင့်တွေကတော့ စင်ကာပူအပါအဝင် တိုးတက်ပြီးနိုင်ငံတွေမှာ ရှိပြီးသား အမူအကျင့်တွေဖြစ်ပါတယ်။
၄. ပါးစပ်ပလုပ်ပလောင်းနဲ့ စကားမပြောပါနဲ့
ဟော့ကိုင်ဒိုရဲ့ ဂျပန်ရိုးရာစားသောက်ဆိုင်တွေမှာဆိုရင်တော့ အစာစားနေချိန်မှာ မလိုအပ်ဘဲနဲ့ စကားမပြောကြပါဘူး။ ပါးစပ်ထဲမှာ အစာရှိနေတဲ့အချိန်စကားပြောတာဟာ တစ်ဖက်သားလူကို ပါးစပ်ထဲက အစားအစာတွေ ထိသွားစေနိုင်ပြီး ညစ်ပတ်တဲ့အမူအရာတစ်ခုဖြစ်လို့ အခုလိုသတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
၅. အများသုံးရေချိုးခန်းတွေမှာ အဝတ်မဝတ်ရပါဘူး
ဒီကျွန်း ရဲ့ အများသုံးရေချိုးခန်းတွေကတော့ အားလုံးဗလာကျင်းပါပဲ။ သင့်အနေနဲ့ ရေချိုးရမယ့်နေရာကို ရောက်ရှိသွားပြီဆိုတာနဲ့ ဖိနပ်တောင်စီးမထားတဲ့ လူတွေကို တွေ့ရမှာဖြစ်ပြီး အဝတ်ဝတ်ထားဖို့ ဝေလာဝေးပါပဲ။ ဒါပေမယ့် တစ်ယောက်ချင်းစီအတွက် ဆပ်ပြာနဲ့ ရှန်ပူတွေတော့ ပေးထားမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့အတွက် နည်းနည်းထူးဆန်းနေပါတယ်။
( Paing A K )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
No comments:
Post a Comment