Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 27, 2016

ေလ့က်င့္ခန္းမလိုတဲ့ ဗိုက္ေခါက္က်နည္း


ခႏၶာကိုယ္တြင္း မလိုအပ္တဲ့ အဆီပိုဖယ္ရွားတဲ့နည္းကို detox လုပ္တယ္လို႔လည္းေခၚတယ္။
detox လုပ္ဖို႔ ေရေႏြးနဲ႔ ေရွာက္သီးတလံုးပဲလိုပါတယ္။တကယ္ေတာ့ ဝမ္းတြင္း၊အူထဲမွာ အဆိပ္အေတာက္၊အဆီခဲေလးေတြ ပံုမွန္အားျဖင့္ ရွိေနတတ္တယ္။
အဲဒါေလးေတြက ဘာမွမဟုတ္ေပမယ့္ လူကိုဒုကၡေပးတတ္တယ္။ အထူးသျဖင့္ ေရခဲေရအၿမဲေသာက္သူေတြမွာ ပိုေတြ႕ရတယ္။ အဆီေလးေတြခဲၿပီး အူလမ္းကိုပိတ္ရင္ အာဟာရ စုပ္ယူမႈကို တားဆီပါသတဲ့။အဲလိုမျဖစ္ေအာင္ အူလမ္းေၾကာင္းမွာရွိတဲ့ အဆိပ္အေတာက္၊အဆီခဲေတြကို ဖယ္ရွားေပးရတယ္။
ေလ့လာမႈေတြအရ မနက္အိပ္ရာထမွာ ရုိးရုိုးေရေႏြး(လက္ဖက္ေျခာက္မပါ) ေသာက္ျခင္းက က်န္းမာေရးအတြက္ အထူးေကာင္းမြန္တာ ေတြ႕ရတယ္။
အစာအိမ္ကို စတင္ႏိႈးဆြေပးျပီး အူလမ္းေၾကာင္းကုိ အသက္ဝင္ေစတယ္။ တေန႕တာအစာေျခဖုိ႕အတြက္ အေျခခံေကာင္းတခုျဖစ္တယ္လို႕ ယူဆၾကတယ္။အူလႈပ္ရွားမႈကို ျဖစ္ေစျပီး အစာေခ်စနစ္ကို အားေပးလို႕ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ျပီး ျဖစ္တယ္။
တခ်ိဳ့ကလည္း အာနိသင္ပိုေကာင္းေအာင္ ပိုလီဖီေနာ(polyphenol)ၾကြယ္ဝတဲ့ ေရွာက္သီးကို မနက္ေစာေစာ အိပ္ရာထမွာ ေရေႏြးထဲစိမ္ျပီး ေသာက္ၾကတယ္။ ေရွာက္သီးရဲ႕ အာနိသင္ေၾကာင့္ အနံ႔၊အရသာေကာင္းမြန္တဲ့ ေရေႏြးကို ျဖစ္ေပၚေစတယ္။ ပိုေကာင္းတာက ေရွာက္သီးမွာပါဝင္တဲ့ ပက္တင္(pectin)အမွ်င္ဓာတ္က ဝမ္းမွန္ေစတယ္။ အူလမ္းေၾကာင္းမွာရွိတဲ့ အစာေဟာင္းေတြကို စြန္႕ထုတ္ေပးတယ္။ အဆီပိုေတြကိုလည္း က်ဆင္းေစတယ္။
တခ်ိဳ႕ကလည္း ေရွာက္သီးေနရာမွာ သံပုရာသီးကုိ သံုးတယ္။ အလ်ဥ္းသင့္လို႕ ေဖာ္ျပရရင္ သံပုရာသီးနဲ႕ ေရွာက္သီးမွာ ကြာျခားခ်က္ေလးေတြ ရွိတယ္။ ပံုစံကို ၾကည့္ရင္ ေယဘုယ်ခြဲနိုင္တယ္။ သံပုရာက အလံုးေသးျပီး ဝုိင္းတယ္။ အေရာင္က အစိမ္းေရာင္ ရွိတယ္။ ေရွာက္သီးကေတာ့ ဘဲဥပံုျဖစ္ျပီး အဝါေရာင္ ျဖစ္တယ္။ ဒီထဲမွာ သံပုရာသီးက ပိုခ်ဥ္ျပီး အက္ဆစ္ဓာတ္ကဲတယ္။ ေရွာက္သီးကေတာ့ နည္းနည္းပိုခါးတယ္။ ဒါေပမယ့္ ရင့္မွည့္လာရင္ ပိုဝါျပီး ခ်ိဳလာတယ္။ ေရထဲကို စိမ္ၾကည့္ရင္ သိပ္သည္းဆပိုမ်ားတဲ့ သံပုရာသီးက ေအာက္ကို နွစ္ျမႈပ္သြားမယ္။သိပ္သည္းဆသိပ္မမ်ားတဲ့ ေရွာက္သီးကေတာ့ ေရေပၚမွာ ေပၚေလာေပၚေနတာ ေတြ႕ရတယ္။ ဒါက သံပုရာသီးလား၊ေရွာက္သီးလား အလြယ္ကူဆံုး ခြဲျခားတဲ့နည္း ျဖစ္ပါတယ္။ ေရေႏြးေသာက္တဲ့အခါ ေရွာက္သီး(သို႕)သံပုရာသီး တညလံုးစိမ္ထားျပီးသား ေရေႏြးထက္ ေလာေလာလတ္လတ္စိမ္ထားတဲ့ ေရေႏြးခပ္ပူပူကို ပိုေသာက္သင့္တယ္။ ေသာက္တဲ့အခါ အေငြ႕တေထာင္းေထာင္းထေနတဲ့ ေရေႏြးထက္ အသင့္အတင့္ပူတဲ့ ေရေႏြးမ်ိဳးက ပါးစပ္၊အစာမ်ိဳျပြန္နဲ႕ အစာအိမ္လမ္းေၾကာင္း ထိခိုက္မႈကို ကာကြယ္ရာေရာက္တယ္။
ဒီနည္းက ပံုမွန္အားျဖင့္ လူတိုင္းနဲ႔ သင့္ေတာ္ပါတယ္။ အေမးမ်ားတဲ့ေမးခြန္းတခုရွိတယ္။ သံပုရာသီးက အစာအိမ္သမားနဲ႔ သင့္ေတာ္ပါ့မလားတဲ့။ ပံုမွန္အားျဖင့္ သင့္ေတာ္တယ္လို႔ ေျဖပါရေစ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေရွာက္သီးသေဘာက အက္ဆစ္ဓာတ္ကဲေပမယ့္ ခႏၶာကိုယ္ထဲေရာက္သြားရင္ အယ္လ္ကာလီေျပာင္းသြားလို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ အစာအိမ္နာျဖစ္ေနစဥ္၊ ဗိုက္နာေနစဥ္ လံုးဝမေသာက္သင့္ပါ။ ပိုဆိုးလာႏိုင္တယ္။ တခ်ိဳ႕ အူပါးမွာ စိုးရိမ္သူေတြလည္း ရွိတယ္။ အဲေလာက္ႀကီး မဆိုးရိမ္ပါနဲ႔။ ဘာ့ေၾကာင့္လဲဆိုေတာ့ ႏွစ္ခ်ီဆြဲေသာက္ဖို႔ မလိုအပ္လို႔ပါ။ ႏွစ္ပတ္ခန္႔ ေသာက္သံုးတာနဲ႔ အသားေရၾကည္လင္လာၿပီး တလခန္႔အၾကာမွာ အဆီပိုေတြ ကင္းစင္လာလိမ့္မယ္။
ျပဳလုပ္နည္း
အရင္ဆံုးေရွာက္သီးတလံုးကိုယူျပီး ခလယ္က ထက္ျခမ္းျခမ္းပါ။ တခ်ိဳ႕က ပါးပါးေလးလွီးတယ္။ ၿပီးရင္ ေရေႏြးပြက္ပြက္ဆူထဲထည့္ျပီး မိနစ္(၂၀ ) ခန္႕ နွပ္ထားပါ။ျပီးရင္ ႀကက္သြန္ျဖဴ(၃)စိတ္ကို အစိမ္းလိုက္ ဝါးစားပါ။ ေစာေစာက နွပ္ထားတဲ့ ေရွာက္သီးျခမ္းေရေႏြးဆက္ေသာက္ပါ။ ေရွာက္သီးေနရာမွာ သံပုရာသီးသံုးႏိုင္တယ္။ မနက္ေစာေစာအိပ္ရာထ ဘာဆိုဘာမွမစားခငိေသာက္ရမွာ ျဖစ္ပါတယ္။
ေနာက္တနည္းက သံပုရာတျခမ္း၊ သခြားသီးစိတ္(၅)စိတ္၊ ဂ်င္းတက္ေသးတခု၊ ပူစီနံ နဲနဲကို ေရေႏြးပြက္ပြက္ဆူ(300ml)ထဲ ေရာသမျပီး နွပ္ထားပါ၊ မိနစ္(၂၀)ေနရင္ စတင္ေသာက္သံုးပါ။ တလအတြင္း ဗိုက္ေခါက္ အဆီပိုေတြ ပဥၥလက္ဆန္ဆန္ ဖယ္ရွားနိုင္မယ္လို႔ ဆိုပါတယ္။
ေဒါက္တာ ေအးမင္းထူး
ရတနာပံုသတင္းစာ
............
ခန္ဓာကိုယ်တွင်း မလိုအပ်တဲ့ အဆီပိုဖယ်ရှားတဲ့နည်းကို detox လုပ်တယ်လို့လည်းခေါ်တယ်။
detox လုပ်ဖို့ ရေနွေးနဲ့ ရှောက်သီးတလုံးပဲလိုပါတယ်။တကယ်တော့ ဝမ်းတွင်း၊အူထဲမှာ အဆိပ်အတောက်၊အဆီခဲလေးတွေ ပုံမှန်အားဖြင့် ရှိနေတတ်တယ်။
အဲဒါလေးတွေက ဘာမှမဟုတ်ပေမယ့် လူကိုဒုက္ခပေးတတ်တယ်။ အထူးသဖြင့် ရေခဲရေအမြဲသောက်သူတွေမှာ ပိုတွေ့ရတယ်။ အဆီလေးတွေခဲပြီး အူလမ်းကိုပိတ်ရင် အာဟာရ စုပ်ယူမှုကို တားဆီပါသတဲ့။အဲလိုမဖြစ်အောင် အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်၊အဆီခဲတွေကို ဖယ်ရှားပေးရတယ်။
လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုုးရေနွေး(လက်ဖက်ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။
အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တနေ့တာအစာခြေဖို့အတွက် အခြေခံကောင်းတခုဖြစ်တယ်လို့ ယူဆကြတယ်။အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။
တချို့ကလည်း အာနိသင်ပိုကောင်းအောင် ပိုလီဖီနော(polyphenol)ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊အရသာကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာပါဝင်တဲ့ ပက်တင်(pectin)အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အစာဟောင်းတွေကို စွန့်ထုတ်ပေးတယ်။ အဆီပိုတွေကိုလည်း ကျဆင်းစေတယ်။
တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ်။ သံပုရာက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။ ရှောက်သီးကတော့ နည်းနည်းပိုခါးတယ်။ ဒါပေမယ့် ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆပိုများတဲ့ သံပုရာသီးက အောက်ကို နှစ်မြှုပ်သွားမယ်။သိပ်သည်းဆသိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါ်လောပေါ်နေတာ တွေ့ရတယ်။ ဒါက သံပုရာသီးလား၊ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေးသောက်တဲ့အခါ ရှောက်သီး(သို့)သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။ သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။
ဒီနည်းက ပုံမှန်အားဖြင့် လူတိုင်းနဲ့ သင့်တော်ပါတယ်။ အမေးများတဲ့မေးခွန်းတခုရှိတယ်။ သံပုရာသီးက အစာအိမ်သမားနဲ့ သင့်တော်ပါ့မလားတဲ့။ ပုံမှန်အားဖြင့် သင့်တော်တယ်လို့ ဖြေပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ရှောက်သီးသဘောက အက်ဆစ်ဓာတ်ကဲပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီပြောင်းသွားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစာအိမ်နာဖြစ်နေစဉ်၊ ဗိုက်နာနေစဉ် လုံးဝမသောက်သင့်ပါ။ ပိုဆိုးလာနိုင်တယ်။ တချို့ အူပါးမှာ စိုးရိမ်သူတွေလည်း ရှိတယ်။ အဲလောက်ကြီး မဆိုးရိမ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ချီဆွဲသောက်ဖို့ မလိုအပ်လို့ပါ။ နှစ်ပတ်ခန့် သောက်သုံးတာနဲ့ အသားရေကြည်လင်လာပြီး တလခန့်အကြာမှာ အဆီပိုတွေ ကင်းစင်လာလိမ့်မယ်။
ပြုလုပ်နည်း
အရင်ဆုံးရှောက်သီးတလုံးကိုယူပြီး ခလယ်က ထက်ခြမ်းခြမ်းပါ။ တချို့က ပါးပါးလေးလှီးတယ်။ ပြီးရင် ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး မိနစ်(၂၀ ) ခန့် နှပ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ(၃)စိတ်ကို အစိမ်းလိုက် ဝါးစားပါ။ စောစောက နှပ်ထားတဲ့ ရှောက်သီးခြမ်းရေနွေးဆက်သောက်ပါ။ ရှောက်သီးနေရာမှာ သံပုရာသီးသုံးနိုင်တယ်။ မနက်စောစောအိပ်ရာထ ဘာဆိုဘာမှမစားခငိသောက်ရမှာ ဖြစ်ပါတယ်။
နောက်တနည်းက သံပုရာတခြမ်း၊ သခွားသီးစိတ်(၅)စိတ်၊ ဂျင်းတက်သေးတခု၊ ပူစီနံ နဲနဲကို ရေနွေးပွက်ပွက်ဆူ(300ml)ထဲ ရောသမပြီး နှပ်ထားပါ၊ မိနစ်(၂၀)နေရင် စတင်သောက်သုံးပါ။ တလအတွင်း ဗိုက်ခေါက် အဆီပိုတွေ ပဥ္စလက်ဆန်ဆန် ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ

No comments:

Post a Comment