Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 25, 2016

ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ ကုလအထူးကုိယ္စားလွယ္နဲ႔ ေဒၚစုေဆြးေႏြး

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကုလ ျမန္မာ နိုင္ငံ ဆိုင္ရာ အထူးအၾကံေပးပုဂၢိဳလ္ Mr. Vijay Nambiarတို႔ ဒီကေန႔ ေနျပည္ေတာ္မွာ ေတြ႔ဆံု (MOI)
ျမန္မာႏိုင္ငံ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆက္လက္ အေကာင္အထည္ေဖာ္ေရး နဲ႔ ျမန္မာနုိင္ငံႏွင့္ ကုလသမဂၢ ပူးေပါင္းေဆာင္ရြက္ေရး တို႔အတြက္ ႏိုင္ငံျခားေရးဝန္ၾကီးဌာန ျပည္ေထာင္စု ဝန္ၾကီး ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ျမန္မာႏိုင္ငံဆိုင္ရာ အထူးအၾကံေပးပုဂၢိဳလ္ Mr. Vijay Nambiarတို႔ ဒီကေန႔ ေနျပည္ေတာ္ မွာ ေတြ႔ဆံု ေဆြးေႏြးခဲ့ပါတယ္။ Mr. Vijay Nambiar အေနနဲ႔ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ဆက္လက္ပါ၀င္မယ္ ဆုိရင္ အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔သာမက တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ နဲ႔ ေဆြးေႏြးရာမွာပါ ၾကား၀င္ ေဆာင္ရြက္ႏိုင္မွာ ျဖစ္ေၾကာင္း သံုးသပ္တာေတြ ရိွေနပါတယ္။ ဒီသတင္းကို ဗီအုိေအျမန္မာပုိင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ႏိုင္ငံျခားေရးဝန္ၾကီးဌာန ျပည္ေထာင္စု ဝန္ၾကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ျမန္မာနိုင္ငံဆိုင္ရာ အထူးအၾကံေပးပုဂၢိဳလ္ Mr. Vijay Nambiar တို႔ဟာ နုိင္ငံျခားေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီးဧည့္ခန္းမ မွာ ဒီကေန႔မနက္ ၉နာရီခဲြကေန ၁၀နာရီခဲြ အထိ ၁နာရီေလာက္ေဆြးေႏြး ခဲ့တာျဖစ္ပါတယ္။

အဓိက ေဆြးေႏြးတဲ့အခ်က္ေတြကိုေတာ့ ႏိုင္ငံျခားေရး၀န္ၾကီးဌာန ေျပာေရးဆုိခြင့္ရွိသူ ဒုညႊန္ၾကားေရးမႈးခ်ဳပ္ ေဒၚေအးေအးစိုးက အခုလို ေျပာပါတယ္။

“အဓိကေတာ့ သူကလာတာ ကုလသမဂၢ နဲ႔ ျမန္မာႏိုင္ငံတို႔ၾကားမွာ ေရွ႕ဆက္ အနာဂတ္မွာေပါ့ ဘယ္လိုပူးေပါင္းၿပီးေတာ့ သူေျပာတာေတာ့ cooperation mortality ေပါ့၊ ဘယ္လိုနည္းလမ္းေတြနဲ႔ ဆက္လက္ပူးေပါင္းေဆာင္ရြက္မယ္ ဆိုတာရယ္ ေနာက္ၿပီးအခု လုပ္ေနတဲ့ peace process နဲ႔ပတ္သက္ၿပီး သူတို႔ဘာေတြဆက္ၿပီး ကူညီႏိုင္သလဲ ၊ ဘယ္အခန္းက႑ ကေနၿပီးေတာ့ ဆက္ၿပီး ပါ၀င္ႏိုင္သလဲဆိုတာကို အဓိကထားေဆြးေႏြးတာပါ အဲဒီ ၂ ခ်က္ပါ။

ျပည္ေထာင္စု၀န္ၾကီးဘက္က တံုျပန္ေဆြးေႏြးတဲ့အခ်က္ေတြကိုေတာ့ အခုလုိ ဆက္ေျပာပါတယ္။

“၀န္ႀကီးဘက္ကလည္း ဒါအမ်ားႀကီးေရွ႕ဆက္ၿပီးေတာ့ ပူးေပါင္းလုပ္ေဆာင္ဖို႔ ရွိတယ္ဆိုတာ ေျပာတာေပါ့။ အဓိကေတာ့ peace process က ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာရယ္ ဘယ္လိုအခန္းက႑ကေန ပါ၀င္ႏိုင္တယ္ဆိုတာရယ္ကို ေျပာတာပါရွင့္။”

ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အရင္အစိုးရ လက္ထက္ ကတည္းကပါ၀င္ေဆာင္ရြက္ခဲ့ၿပီး လက္ရိွ ၂၁ရာစုပင္လံု ညီလာခံ ျပင္ဆင္ေရးေကာ္မတီရဲ႕ အဖဲြ႔၀င္တဦးျဖစ္တဲ့ ဦးလွေမာင္ေရႊကေတာ့ Mr. Vijay Nambiarအေနနဲ႔ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ဆက္လက္ပါ၀င္မယ္ဆုိရင္ ေဆြးေႏြးညိွႏိႈင္းရာမွာ အဖဲြ႔အစည္း တခုခုဖက္က ဘက္မလုိက္ဘဲ ၾကား၀င္ ေဆာင္ရြက္ႏိုင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

“အထူးသျဖင့္ေတာ့ က်ေနာ္တို႔ ႏိုင္ငံရဲ႕ Geopolitic အေနအထားအရ အိမ္နီးနားခ်င္းႏိုင္ငံေတြ အကုန္လံုးက ဒီကုလသမဂၢမွာပါေတာ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးမွာလည္း သူတို႔အေနနဲ႔ေပါ့ ၾကားကေနပါ၀ိုင္းၿပီးကူလုပ္ေပးႏိုင္တဲ့ အေနအထားမ်ိဳးရွိတာေပါ့ဗ်ာ။ ေနာက္တခုကေတာ့ ကခ်င္လြတ္လပ္ေရးအဖြဲ႕ အဖြဲ႔ေပါ့ေနာ္ KIO နဲ႔ေဆြးေႏြးဖို႔ ကိစၥလိုမ်ိဳးဟာေတြမွာလည္း သူတို႔အေနနဲ႔လည္း ၾကားထဲကေန၀င္ၿပီးေတာ့ ေဆြးေႏြးပြဲေရာက္ေအာင္ေပါ့ေလ သူတို႔ကူညီခဲ့တာမ်ိဳးေတြလည္းရွိတယ္။ ယံုၾကည္မႈတည္ေဆာက္တဲ့အခ်ိန္မွာ ယံုၾကည္မႈရေအာင္လုပ္ေပးႏိုင္တာေတြမွာလည္း ပါခဲ့တာေတြရွိပါတယ္။”

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ျမန္မာနိုင္ငံဆိုင္ရာ အထူးအၾကံေပးပုဂၢိဳလ္ Mr. Vijay Nambiar ဟာ အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြရဲ့ ၿငိမ္းခ်မ္းေရးနဲ႔ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး ဆိုင္ရာေဆြးေႏြးပြဲေတြမွာ ကုလသမဂၢရဲ႕ ေလ႔လာသူ ကိုယ္စားလွယ္အျဖစ္ အစဥ္တစိုက္ပါ၀င္ တက္ေရာက္ခဲ့သူျဖစ္ၿပီး ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ ၁၅ရက္ေန႔က အစိုးရနဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ ၈ဖဲြ႔ ပါ၀င္လက္မွတ္ေရးထုိးခဲ့တဲ့ တႏိုင္ငံလံုးပစ္ခတ္ တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကိုလည္း ႏိုင္ငံတကာအသိသက္ေသအျဖစ္ ပါ၀င္လက္မွတ္ေရးထိုးခဲ့ပါတယ္။

ႏိုင္ငံျခားေရးဝန္ၾကီးဌာန ျပည္ေထာင္စု ဝန္ၾကီးနဲ႔ ႏိုင္ငံေတာ္ရဲ့ အတိုင္ပင္ခံ ပုဂိၢဳလ္ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ ျမန္မာႏိုင္ငံမွာ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ ၂၁ ရာစု ပင္လံုညီလာခံကို တစ္လ ႏွစ္လအတြင္းက်င္းပဖို႔ ဧၿပီလ ၂၇ ရက္ေန႔က ေျပာဆုိထားၿပီး ၂၁ ရာစု ပင္လံုညီလာခံ ျပင္ဆင္ေရးေကာ္မတီကေတာ့ လာမယ့္ ဇူလိုင္လမွာ က်င္းပဖို႔ ျပင္ဆင္ေနပါတယ္။

 ကိုမိုးေဇာ္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/

..........................................


ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလ မြန်မာ နိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiarတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ (MOI)
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရေး နဲ့ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiarတို့ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ Mr. Vijay Nambiar အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပါ၀င်မယ် ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ဆွေးနွေးရာမှာပါ ကြားဝင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar တို့ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ မှာ ဒီကနေ့မနက် ၉နာရီခွဲကနေ ၁၀နာရီခွဲ အထိ ၁နာရီလောက်ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

အဓိက ဆွေးနွေးတဲ့အချက်တွေကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးစိုးက အခုလို ပြောပါတယ်။

“အဓိကတော့ သူကလာတာ ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံတို့ကြားမှာ ရှေ့ဆက် အနာဂတ်မှာပေါ့ ဘယ်လိုပူးပေါင်းပြီးတော့ သူပြောတာတော့ cooperation mortality ပေါ့၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ် ဆိုတာရယ် နောက်ပြီးအခု လုပ်နေတဲ့ peace process နဲ့ပတ်သက်ပြီး သူတို့ဘာတွေဆက်ပြီး ကူညီနိုင်သလဲ ၊ ဘယ်အခန်းကဏ္ဍ ကနေပြီးတော့ ဆက်ပြီး ပါ၀င်နိုင်သလဲဆိုတာကို အဓိကထားဆွေးနွေးတာပါ အဲဒီ ၂ ချက်ပါ။

ပြည်ထောင်စုဝန်ကြီးဘက်က တုံပြန်ဆွေးနွေးတဲ့အချက်တွေကိုတော့ အခုလို ဆက်ပြောပါတယ်။

“၀န်ကြီးဘက်ကလည်း ဒါအများကြီးရှေ့ဆက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်ဖို့ ရှိတယ်ဆိုတာ ပြောတာပေါ့။ အဓိကတော့ peace process က ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ် ဘယ်လိုအခန်းကဏ္ဍကနေ ပါ၀င်နိုင်တယ်ဆိုတာရယ်ကို ပြောတာပါရှင့်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရင်အစိုးရ လက်ထက် ကတည်းကပါ၀င်ဆောင်ရွက်ခဲ့ပြီး လက်ရှိ ၂၁ရာစုပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ Mr. Vijay Nambiarအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပါ၀င်မယ်ဆိုရင် ဆွေးနွေးညှိနှိုင်းရာမှာ အဖွဲ့အစည်း တခုခုဖက်က ဘက်မလိုက်ဘဲ ကြားဝင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

“အထူးသဖြင့်တော့ ကျနော်တို့ နိုင်ငံရဲ့ Geopolitic အနေအထားအရ အိမ်နီးနားချင်းနိုင်ငံတွေ အကုန်လုံးက ဒီကုလသမဂ္ဂမှာပါတော့ ကျနော်တို့ ငြိမ်းချမ်းရေးမှာလည်း သူတို့အနေနဲ့ပေါ့ ကြားကနေပါ၀ိုင်းပြီးကူလုပ်ပေးနိုင်တဲ့ အနေအထားမျိုးရှိတာပေါ့ဗျာ။ နောက်တခုကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ အဖွဲ့ပေါ့နော် KIO နဲ့ဆွေးနွေးဖို့ ကိစ္စလိုမျိုးဟာတွေမှာလည်း သူတို့အနေနဲ့လည်း ကြားထဲကနေဝင်ပြီးတော့ ဆွေးနွေးပွဲရောက်အောင်ပေါ့လေ သူတို့ကူညီခဲ့တာမျိုးတွေလည်းရှိတယ်။ ယုံကြည်မှုတည်ဆောက်တဲ့အချိန်မှာ ယုံကြည်မှုရအောင်လုပ်ပေးနိုင်တာတွေမှာလည်း ပါခဲ့တာတွေရှိပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် အစဉ်တစိုက်ပါ၀င် တက်ရောက်ခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ ပါ၀င်လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကိုလည်း နိုင်ငံတကာအသိသက်သေအဖြစ် ပါ၀င်လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို တစ်လ နှစ်လအတွင်းကျင်းပဖို့ ဧပြီလ ၂၇ ရက်နေ့က ပြောဆိုထားပြီး ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီကတော့ လာမယ့် ဇူလိုင်လမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

No comments:

Post a Comment