Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 29, 2016

နမ့်ခမ်းမြို့တွင်း ဈေးဆိုင်များအား လက်နက်ကိုင်အဖွဲ့တဖွဲ့မှ ဆက်ကြေးတောင်းသည့်ပစ်စာများ ပေးပို့တောင်းခံ

မေလ ၂၉ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ဈေးဆိုင်ခန်းရှင်များထံ TNLA အဖွဲ့တံဆိပ်ပါ ဆက်ကြေးတောင်းစာများ မေလ ၂၇ ရက် ရက်စွဲဖြင့် ပေး ပို့တောင်းခံလာကြောင်း ဆိုင်ရှင်များ ပြောပြချက် အရသိရသည်။

၎င်းဆက်ကြေးတောင်းခံသောစာများထဲတွင် “ ဆိုင်အခွန်ကောက်ခံခြင်းကိစ္စ” ဟုပါရှိပြီး ဆက်ကြေး ပေး ဆောင်ရန်အတွက် ၂၄ နာရီအတွင်းအကျိုး အကြောင်းပြန် ရ မည်ဟုပါရှိကာ တရုတ် ဖုန်းနံပတ် နှင့်တကွ ရေးသားပေးပို့ ထားကြောင်း၊ အကြောင်းပြန်ရန် ပျက်ကွက်ခဲ့ပါက တာဝန်မယူဟုလည်း ပါရှိကြောင်းသိရသည်။

“ နိုင်ငံရေးအပြောင်းအလဲလုပ်ဖို့အဘက်ဘက်က ကြိုးစားနေချိန်မျိုးမှာ အခွန်ေ ကာက်ခံတဲ့စာတွေ၊ ဆက်ကြေးကောက်တဲ့ပစ်စာ ခြိမ်းခြောက်စာတွေ အခု လို ပေါ်ပေါက်လာတဲ့အပေါ် ဒေသတွင်း အာဏာ ပိုင်တွေက အမြန်ဆုံးအရေး ယူဆောင်ရွက်ပေးသင့်တယ်။ အခုလို အဘက်ဘက်ကနေ လူထုကို လျစ် လျူ ရှုထားနေမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ဘ၀ဟာ လုံခြုံမှုမရှိတော့ပါဘူး။ တိုင်းရင်းသားအချင်းချင်းကို တအာင်းတပ်ဖွဲ့အဲလိုမလုပ်သင့်ပါဘူး ” ဟု အသက် ၂၀ ကျော်အရွယ် ဆိုင်ရှင်အမျိုးသားကပြောသည်။

အခွန်ကောက်ခံမှုစာများကို ည လူခြေတိတ်ချိန်တွင် လူ ၃ ယောက်က ဆိုင် ကယ် စီးပြီး လာပစ်သွား သည်ဟု နမ့်ခမ်းဒေသခံ ဆိုင်ပိုင်ရှင်တဦး က ပြောသည်။

ထိုစာကိုရရှိသောဆိုင်ရှင်များကရေးသားပေးထားသည့်ဖုန်းနံပတ်ကိုဆက်၍ ဆိုင်အနေအထား အကျယ်အဝန်း တို့ကို ရှင်းပြရကြောင်း၊ ထိုမှ ဆက်ကြေးေ ကာက်သည့်ဘက်မှ ဆိုင်ရှင်များ ပေးဆောင်ရမည့် ဆက်ကြေး ပမာဏ ကို သတ်မှတ်ပေးကြာင်း၊ ဆက်ကြေးငွေများကို နမ့်ခမ်းမြို့ပြင် လူတိတ်ေ သာနေ ရာ တွင် ဆိုင်ရှင်ကိုယ် တိုင်သွားရောက်ပေးဆောင်ရန်လည်းချိန်းဆိုကြောင်း ၊ သက်ဆိုင်ရာအားတိုင်ကြားမည်ဆိုပါက၊ သို့မဟုတ် သတင်း ပေါက်ကြား ခဲ့ပါက တအိမ်သားလုံး ပစ်သတ်ခံရမည်ဟုလည်း ဆက်ကြေးလက်ခံသူများ က ပြော ဆိုလာကြောင်း ဆက်ကြေးသွားရောက် ပေးဆောင်ရသော နမ့်ခမ်းဒေသခံတဦးကပြောသည်။

“ စီးပွါးရေးလုပ်ငန်းတောင့်တင်းပြီး ဆိုင်ကြီးတွေဆိုရင် ကြီးရင်ကြီးသလို သိန်း ၆၀ အထိ၊ အသေး ဆိုရင် အနည်းဆုံး ၅ သိန်းလောက်အထိ ပေးဆောင်ေ နကြရတယ်” ဟုလည်း ကုန်စုံဆိုင်ပိုင်ရှင် အဒေါ်တယောက်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ အကြား၊ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်းအကြားဖြစ်ပွါးေ နသောတိုက်ပွဲများေ ကြာင့်ဒေသခံလူထုသည် လူ့အခွင့်အရေးများချိုးဖောက်ခြင်းအမျိုးမျိုးခံေ နရသည်။

နမ့်ခမ်းမြို့နယ်အတွင်း မုံးဝီးအုပ်စု ဟိုပန်ရွာသည် မေလ ဆန်းပိုင်းက လက်နက် ကိုင်အဖွဲ့တဖွဲ့မှ ဝင်ရောက်မီးရှို့လိုက်ပြီးနောက် ရွာသား၁၀၀၀ ခန့်မှာ စစ်ဘေးရှောင်ဘ၀ဖြင့် အိုးအိမ်မဲ့ဖြစ်နေရ သည်။ ထိုစဉ်ကလည်း တအာင်းတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်းဒေသခံများက ပြောဆိုခဲ့ပြီး တအာင်းဘက်ကမူ RCSS/SSAတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

အလားတူ ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများကြောင့် ဒေသခံလူထု ဖမ်းဆီးရိုက်နှက်သတ် ဖြတ် ခြင်း၊ အိုးအိမ်များမီးရှို့ဖျက်ဆီးခံနေရခြင်းကြောင့် လူထု ၁၀၀၀ ကျော်မှာ စစ်ဘေးရှောင်ဘ၀ဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည်။ ထို့ကြောင့် ပြီးခဲ့သည့် စနေနေ့ မေလ ၂၈ ရက်နေ့ က ကျောက်မဲမြို့ သံဃာတော်များနှင့်လူထု စုစုပေါင်း ၃၀၀၀ ခန့်ကအစိုးရတပ်နှင့် တအာင်းတပ်သည် စစ်မြေပြင်အတွင်းလူထုအား တံတိုင်းအဖြစ်အသုံးပြုနေသည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့သည်။

သျှမ်းသံတောင်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

ဓါတ်ပုံ- နမ့်ခမ်းမြို့ဈေးဆိုင်ရှင်များထံပေးပို့သော တအာင်းတပ်ဖွဲ့တံဆိပ်နှင့်လက်မှတ်ပါရှိသည့် ဆက်ကြေးတောင်းစာ

No comments:

Post a Comment