Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 18, 2016

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အမိန့်ဖြင် စည်ပင်ကော်မတီဝင် (၈) ဦးအား တာဝန်မှ ရပ်ဆိုင်း


ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မေ ၁၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၆ ဖြင့် စည်ပင်ကော်မတီဝင် (၈) ဦးအား တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုရာ နည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေအရ “ကော်မတီဝင်၊ ခရိုင် သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းကုန်ဆုံးချိန်ထိဖြစ်သည်” ဟု ပြင်ဆင်ထုတ်ပြန်ပြီးဖြစ်၍ ၁၇.၅.၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၆) ဆုံးဖြတ်ချက် အပိုဒ် (၁) အရ ပြင်ဆင်ထုတ်ပြန်သော နည်းဥပဒေနှင့် ယခင်အစိုးရဖွဲ့စည်းပေးအပ်ခဲ့သော ကော်မတီဝင်များဖြစ်သည့် ဦးကျော်စိုး (အတွင်းရေးမှူး)၊ ဦးညီညီ (တွဲဘက်အတွင်းရေးမှူး)၊ ဦးထင်ဇော်ဝင်း (ကော်မတီဝင် -၄ )ဦးစိုးစည် (ကော်မတီဝင် -၅)၊ ဦးဌေးအောင် (ကော်မတီဝင် -၆ )၊ ဦးခင်လှိုင် (ကော်မတီဝင် -၇ )၊ ဒေါက်တာအေးမင်း (ကော်မတီဝင် -၈ )၊ ဦးခင်မောင်တင့် (ကော်မတီဝင် -၉ ) တို့ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment