Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 16, 2016

ျမန္မာ့ရဲတပ္ဖြဲ႔ ေျပာင္းလဲဖို႔ ကုလအစီရင္ခံစာ ေထာက္ျပ

ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၂၅ရက္ေန႕က ရန္ကုန္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲ တစ္ခုတြင္ ေတြ႕ရေသာ ရဲတပ္ဖြဲ႕၀င္မ်ား။ Photo - (REUTERS/Soe Zeya Tun)
ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔အေနနဲ႔ အတိတ္ကာလေတြတုန္းက ဆႏၵျပပြဲေတြကုိ ၿဖိဳခြင္းရာမွာ အင္အားအလြန္အကၽြံ သုံးစြဲခဲ့တာေတြ ရွိခဲ့တဲ့အတြက္ ပုိမုိ ၿပီးျပည့္စုံတဲ့ သင္တန္းေတြ ပုိ႔ခ်ၿပီး ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖုိ႔ လုိအပ္တယ္လုိ႔ တာ၀န္ရွိသူေတြက ၀န္ခံ ေျပာၾကားလုိက္ပါတယ္။

၂၀၁၅ ခုႏွစ္၊ မတ္လအတြင္း ပညာေရးဥပေဒ ျပင္ဆင္ေရးအတြက္ ၿငိမ္းခ်မ္းစြာ ခ်ီတက္ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားေတြကုိ ရဲတပ္ဖြဲ႔က အၾကမ္းဖက္ ၿဖိဳခြင္းခဲ့တဲ့ ျဖစ္ရပ္ဟာ ႏုိင္ငံတကာအသုိင္း၀ုိင္းၾကား ေထာက္ျပ ေျပာဆုိစရာ ျဖစ္ခဲ့ပါတယ္။ အဲဒီ ႏွိမ္နင္းမႈအတြင္း ေက်ာင္းသား အမ်ားအျပားနဲ႔ ရဲတပ္ဖြဲ႔၀င္တခ်ဳိ႕ ထိခုိက္ ဒဏ္ရာခဲ့တာပါ။

ေနျပည္ေတာ္မွာ ေမလ ၁၆ ရက္ေန႔က UNODC ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈ ႏွိမ္နင္းေရးအဖြဲ႔က ျမန္မာရဲတပ္ဖြဲ႔ အေျခအေနကုိ သုံးသပ္ထားတဲ့ အစီရင္ခံစာ ထုတ္ျပန္တဲ့ အခမ္းအနားမွာ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ တာ၀န္ရွိသူေတြက အဲဒီလုိ ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။

UNODC အစီရင္ခံထဲမွာ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔က လက္ရွိ က်င့္သုံးေနတဲ့ သင္တန္းပုိ႔ခ်မႈ အစီအစဥ္နဲ႔ အဲဒီ အစီအစဥ္ေတြဟာ ႏုိင္ငံတကာ ရဲတပ္ဖြဲ႔ သင္တန္းပုိ႔ခ်တဲ့ စံခ်ိန္ စံညြန္းေတြနဲ႔ ကုိက္ညီျခင္း မရွိတာေတြ ကုိ ေထာက္ျပထားပါတယ္။

ဆႏၵျပပြဲေတြကုိ ႏွိမ္နင္းတဲ့ေနရာမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ မရွိေအာင္နဲ႔ လူမႈအသုိင္း၀ုိင္းၾကား ျဖစ္ေပၚတဲ့ ပဋိပကၡေတြကုိ ဘယ္လုိ ကုိင္တြယ္ ေျဖရွင္းမလဲဆုိတဲ့ အခ်က္ေတြ ျမန္မာရဲတပ္ဖြဲ႔ရဲ႕ သင္ရုိးညြန္းတန္းထဲမွာ ပါ၀င္ျခင္း မရွိတာေတြကုိလည္း အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။

ရဲတပ္ဖြဲ႔၀င္ေတြကုိ စစ္သင္တန္းဆန္တဲ့ သင္တန္းပုိ႔ခ်မႈေတြ ေလ်ာ့ခ်တာ၊ သင္တန္းပုိ႔ခ်ေပးမယ့္ အေထာက္အပံ့ ပစၥည္းေတြ တုိးျမင့္ေပးတာနဲ႔ အက်င့္ပ်က္ ျခစားမႈနဲ႔ စီးပြားေရးနဲ႔ ဆက္ႏြယ္တဲ့ ရာဇ၀တ္မႈေတြကုိ ကုိင္တြယ္ ေျဖရွင္းနည္း ရဲအရာရွိေတြကုိ သင္တန္း ပုိ႔ခ်ေပးတာေတြ လုပ္ေဆာင္ဖုိ႔ လုိအပ္ေၾကာင္းလည္း UNODC ရဲ႕ အစီရင္ခံစာထဲမွာ အႀကံျပဳ ထားပါတယ္။

အာဆီယံအသင္းႀကီးအေနနဲ႔ ဘက္စုံ ပူးေပါင္း ေဆာင္ရြက္မႈေတြ တုိးျမင့္ လုပ္ေဆာင္လာေနတာနဲ႔အမွ် ျမန္မာႏုိင္ငံအေနနဲ႔လဲ နယ္စပ္ျဖတ္ေက်ာ္ ျဖစ္ပြားေနတဲ့ ရာဇ၀တ္မႈေတြနဲ႔ စိန္ေခၚမႈေတြကုိ ရင္ဆုိင္ရႏုိင္တယ္ လုိ႔လည္း UNODC ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အႀကီးအကဲ Troels Vester က ေျပာပါတယ္။

ကိုုေဇာ္၀င္းလႈိင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
............

ပြီးခဲ့သော ဒီဇင်ဘာလ ၂၅ရက်နေ့က ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ တစ်ခုတွင် တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ။ Photo - (REUTERS/Soe Zeya Tun)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အတိတ်ကာလတွေတုန်းက ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ အင်အားအလွန်အကျွံ သုံးစွဲခဲ့တာတွေ ရှိခဲ့တဲ့အတွက် ပိုမို ပြီးပြည့်စုံတဲ့ သင်တန်းတွေ ပို့ချပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက ၀န်ခံ ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ်၊ မတ်လအတွင်း ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဖြစ်ရပ်ဟာ နိုင်ငံတကာအသိုင်းဝိုင်းကြား ထောက်ပြ ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ နှိမ်နင်းမှုအတွင်း ကျောင်းသား အများအပြားနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာခဲ့တာပါ။

နေပြည်တော်မှာ မေလ ၁၆ ရက်နေ့က UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့က မြန်မာရဲတပ်ဖွဲ့ အခြေအနေကို သုံးသပ်ထားတဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

UNODC အစီရင်ခံထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်ရှိ ကျင့်သုံးနေတဲ့ သင်တန်းပို့ချမှု အစီအစဉ်နဲ့ အဲဒီ အစီအစဉ်တွေဟာ နိုင်ငံတကာ ရဲတပ်ဖွဲ့ သင်တန်းပို့ချတဲ့ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီခြင်း မရှိတာတွေ ကို ထောက်ပြထားပါတယ်။

ဆန္ဒပြပွဲတွေကို နှိမ်နင်းတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိအောင်နဲ့ လူမှုအသိုင်းဝိုင်းကြား ဖြစ်ပေါ်တဲ့ ပဋိပက္ခတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ အချက်တွေ မြန်မာရဲတပ်ဖွဲ့ရဲ့ သင်ရိုးညွန်းတန်းထဲမှာ ပါ၀င်ခြင်း မရှိတာတွေကိုလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းဆန်တဲ့ သင်တန်းပို့ချမှုတွေ လျော့ချတာ၊ သင်တန်းပို့ချပေးမယ့် အထောက်အပံ့ ပစ္စည်းတွေ တိုးမြင့်ပေးတာနဲ့ အကျင့်ပျက် ခြစားမှုနဲ့ စီးပွားရေးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနည်း ရဲအရာရှိတွေကို သင်တန်း ပို့ချပေးတာတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း UNODC ရဲ့ အစီရင်ခံစာထဲမှာ အကြံပြု ထားပါတယ်။

အာဆီယံအသင်းကြီးအနေနဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်လာနေတာနဲ့အမျှ မြန်မာနိုင်ငံအနေနဲ့လဲ နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်တယ် လို့လည်း UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Troels Vester က ပြောပါတယ်။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

No comments:

Post a Comment