Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

စည်းကမ်းမဲ့ ဒီမိုခရေဇီ ဦးစိုးသီဟ


ဖြစ်စဉ်နဲ့ ဓာတ်ပုံတွေ။နောက်ပြန်လည်ဖြေရှင်းထားတဲ့စာ
...............................
"စည်းကမ်းမဲ့ ဒီမိုခရေဇီ ဦးစိုးသီဟ"

မေလ ၃ ရက်နေ့က နေပြည်တော် Royal ACE ဟိုတယ်တွင် အစ္စရေးနိုင်ငံ၏ ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း
အမှတ် ဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အစိုးရအဖွဲ့ဝင်များအပါအ၀င် NLD လွှတ်တော်အမတ်များ လည်း တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပါတီ၏ဂုဏ်ကို
ညစ်နွမ်းစေခဲ့သည့် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၀ မှ အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟ လည်းတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် NLKD လွှတ်တော်ကိုယ်စားလှယ်များအား
တတိယတန်းတွင် နေရာချထားပေးထားသော်လည်း ဦးစိုးသီဟ မှာရှေ့ဆုံးတန်းရှိ အထူးဧည့်သည်တော် ခုံတွင် ၀င်ထိုင်လိုက်ပါသည်။
အစ္စရေးသံအမတ်ကြီး၏ဇနီးအနေဖြင့် အထူးဧည့်သည်တော်ရောက်ရှိလာ
ချိန်တွင် နေရာပေးရန် အခက်တွေ့သွားခဲ့ရပြီး အထူးဧည့်သည်တော်အား
သင့်တော်မည့်နေရာတစ်နေရာတွင် ထိုင်စေခဲ့ပါသည်။ ဦးစိုးသီဟ၏
အပြုအမူသည် အဆင့်အတန်းနှင့်မလျော်ညီသော အပြုအမူဖြစ်သေည်လည်း ပြောပလောက်သည့် ကိစ္စမဟုတ်။
အခမ်းအနားတွင် အစ္စရေးပျိုဖြူလေးက ရိုးရာအကဖြင့် ကပြချိန်ရောက်မှ
ပြသနာစဖြစ်ရသည်။ ဥိးစိုးသီဟသည် ထိုင်ရာမှထကာ စင်အောက်တွင်
စောင့်ကြောင့်ထိုင်ပြီး ၄င်း၏ဖုန်းဖြင့် ဓါတ်ပုံရိုက်တော့သည်။
၎င်းထလာသည့်နေရာမှာ အထူးဧည့်သည်တော်နေရာမှ
ထလာခြင်းဖြစ်သည့်အတွက် အစ္စရေးသံအမတ်ကြီးနှင့် ဇနီးမှာ မျက်နှာ
အတော်ပျက်သွားရသည်။
ထို့နောက် စားသောက်ဖွယ်ရာများ ခင်းကျင်းထားသော နေရာသို့သွားပြီး ၀ိုင်တစ်ခွက်ကိုယူလာကာ အထူးဧည့်သည်တော်
နေရာတွင် ပြန်ထိုင်လျက် ခြေထောက်ချိတ်တင်ကာ ၀ိုင်ခွက်ကိုမြှောက်လျက်
ဝိုင်ထိုင်သောက်နေတော့သည်။
ထို့နောက် အခမ်းအနားမှူး အမျိုးသမီးလေး၏ ရှေ့သို့သွားကာ ထိုအမျိုးသမီးအား ဓာတ်ပုံထပ်ရိုက်ပြန်သည်။
အမှန်အတိုင်းပြောရလျှင် ဦးစိုးသီဟ၏
ပြုမူဆောင်ရွက်နေပုံများသည် အခမ်းအနားတစ်ခုသို့ တက်ရောက်လာသော
လူကြီးလူကောင်းတစ်ဦးနှင့်မတူ စင်တင်တွင် အရက်လာသောက်ပြီး စိတ်လွတ်ကိုယ်လွတ် မူးနေသူတစ်ဦးနှင့် တူနေသည်။
မပြောမပြီး မတီးလျှင်မမြည်ဟူသော စကားပုံတစ်ရပ်ရှိပါသည်။
မင်းတုန်းမင်းကြီးက ငါမကောင်းလျှင် ငါ့ကိုရေး၊ငါ့မိဖုရားတွေ မကောင်း
လျှင် မိဖုရားတွေကိုရေးဟု ပြောခဲ့သည်။ မင်းတုန်းမင်းကြီးသည်
အမှန်တရားကို သိလိုသဖြင့် ထိုသို့ရေးခိုင်းခဲ့ခြင်းဖြစ်သည်။
ကျွန်တော့် အနေဖြင့်လည်း အမှန်ကို အမှန်အတိုင်းသိစေလိုသဖြင့်
ယခုလိုရေးသားရခြင်းဖြစ်ပါသည်။ သို့မှသာ အမေသိပါမည်. အမေသိမှသာ
လိုသလိုထိန်းကျောင်းပဲ့ပြင်နိုင်မည်ဖြစ်သည့်အတွက် လေးလေးနက်နက်
တင်ပြရခြင်းသာဖြစ်ပါသည်။ အမေပြောခဲ့ဖူးပါသည်။ ပညာအရည်အချင်းဆို
တဲ့ ဘွဲ့တွေရှိစရာမလိုဘူး နိုင်ငံအတွက် အလုပ်လုပ်မယ့်သူဖြစ်ဖို့
ပဲလိုတယ် ဆိုတဲ့အတိုင်း အမေ့ပါတီဝင်ဖြစ်သည့် ဦးစိုးသီဟကို
ထောက်ခံခဲ့ကြပါသည်။ဦးစိုးသီဟ၏ ပညာအရည်အချင်းမှာ ဒုတိယနှစ်
(GTI) ဖြစ်ပြီး ဘွဲ့ရတစ်ဦးမဟုတ်သော်လည်း ကျွန်တော်တို့
လက်ခံနိုင်ပါသည်။သို့သော် အမေ့ကို မျက်နှာပျက်စေသော
ဦးစိုးသီဟ၏ အမူအကျင့်အပေါ်တွင် လက်ခံနိုင်စွမ်းမရှိပါ။
အမေ့အနေဖြင့်လည်း လက်ခံလိမ့်မည် မဟုတ်ဟု ယုံကြည်သည့်အတွက်
လိုအပ်သလိုထိန်းကျောင်းပေးနိုင်ပါရန်တင်ပြလိုက်ရပါသည်။ အမေစု ကျန်းမာပါစေ ၊ နိုင်ငံသူနိုင်ငံသား အားလုံး ကျန်းမာကြပါစေ။
Credit.အမေ့သား

လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြန်လည်ဖြေရှုးချက်











No comments:

Post a Comment