Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 31, 2016

31.5.2016 မေ့ဖျောက်လို့မရတဲ့ဖြစ်စဉ် နှင့်အတူစိုးရိမ်စိတ်ဖြစ်နေလို့ ရေးတင်ပါသည်

 31.5.2016 မေ့ဖျောက်လို့မရတဲ့ဖြစ်စဉ် နှင့်အတူစိုးရိမ်စိတ်ဖြစ်နေလို့ ရေးတင်ပါသည်
31.5.16 မနက်11:25ခန့်က ဘုရင့်နောင်လမ်းမရေကျောင်း သိပ္ပံရှေ့နားမှာ အသားဖြူဖြူ အသက်၄၅နှစ်ခန့်အန်တီကြီး ကားလမ်းဖြတ်ကူးတာ အပေါ်ကြောကနေအရှိန်နဲ့မောင်းလာတဲ့ ဘောက်ကားပွတ်တိုက်လိုက်တာ ခွက်ကနဲဗျာ ခေါင်းကွဲတဲ့အသံလားတော့မသိဘူး တချက်တည်းပဲလှုပ်တောင်မလှုပ်တော့ဘူး ခေါင်းမှာလည်းသွေးတွေရွှဲလို့ မျက်စိရှေ့မှာဖြစ်တာဆိုတော့ကျွန်တော် ကားပေါ်ကနေအံ့ဩမှင်သက်နေတုန်းမှာ ချက်ချင်းဘောက်ကားပေါ်ကနေ အသားညိုညိုပိန်ပိန်ဆံပင်ရှည်နဲ့ကောင်လေးပြေးဆင်းလာပြီးအတင်းပွေ့တယ် မရတော့ ကားမောင်းတဲ့အင်္ကျီအဖြူနဲ့ဦးလေးပြေးဆင်းလာပြီးအမြန်လုပ်ဆိုပြီးသွေးရူးသွေးတန်းနဲ့ကားပေါ်တင်တယ် အန်တီကြီးကတော့ပိုက်ဆံရှိတဲ့ပုံပဲ စတော့ကင်ဘောင်းဘီအမဲအင်္ကျီအဖြူကွက်အပွနဲ့ ပိုက်ဆံအိတ်တွေကော အထုပ်တွေကောသိမ်းသွားတယ်
ကားပိတ်နေတဲ့2&3မိနစ်လေးအတွင်းမှာ လုပ်သွားတာကျွန်တော်ကတော့တိုက်တဲ့ကားပုံတင်ပေးလိုက်တယ်
အန်တီကြီးကိုသူတို့ ဆေးရုံပို့ပါစေ အဆင်ပြေပါစေလို့စိုးရိမ်စိတ်နဲ့ဆုတောင်းမိတယ်
မျက်မြင်အရအခြေအနေလုံးဝမကောင်းဘူး
Credit@ကို သူရိန်

No comments:

Post a Comment