Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 16, 2016

TIME 100 အႀကိဳ လူထု စစ္တမ္းထဲ ေဒၚေအာင္ဆန္းစုၾကည္ တတိယေနရာ စြဲ

အခု ႏွစ္ မွာေတာ့ အေမရိကန္ ဒီမိုကရက္ ပါတီကို ကိုယ္စားျပဳၿပီး သမၼတ ေလာင္းျဖစ္ဖို႔ ႀကိဳးစား ေနတဲ့ ဘာနီ ဆဲန္ဒါးစ္ က နံပါတ္တစ္ ေနရာ ယူ ခဲ့ ပါတယ္။
အေမရိကန္ အေျခစိုက္ TIME မဂၢဇင္းကေန ႏွစ္စဥ္ TIME 100 ဆိုၿပီး နယ္ပယ္ အသီးသီး က ဩဇာေညာင္း လႊမ္းမိုး နိုင္သူ အေယာက္ ၁၀၀ စာရင္း ကို အယ္ဒီတာ အဖြဲ႕က တရားဝင္ မထုတ္ျပန္ခင္ ျပဳလုပ္ ျမဲ ျဖစ္တဲ့ စာဖတ္သူေတြ အႀကိဳက္ ေရြးခ်ယ္ ၾကတဲ့ စာရင္း ထဲ ေဒၚေအာင္ဆန္းစုၾကည္ က နံပါတ္ ၃ ေနရာ ခ်ိတ္ ပါတယ္။

၂၀၁၁ တုန္းကေတာ့ လူအမ်ားရဲ့ ေရြးခ်ယ္ မွု မွာ ေဒၚေအာင္ဆန္းစုၾကည္ က နံပါတ္တစ္ ေနရာ ရခဲ့ ေပမယ့္ အခု ႏွစ္ မွာေတာ့ အေမရိကန္ ဒီမိုကရက္ ပါတီကို ကိုယ္စားျပဳၿပီး သမၼတ ေလာင္းျဖစ္ဖို႔ ႀကိဳးစား ေနတဲ့ ဘာနီ ဆဲန္ဒါးစ္ က နံပါတ္တစ္ ေနရာ ယူ ခဲ့ ပါတယ္။

နယ္ပယ္ အသီးသီး က သူေတြ ကို အမ်ား က စိတ္ႀကိဳက္ ေရြးၾကတဲ့ ပြဲ ျဖစ္လို႔ ေခတ္ေရစီး အလိုက္ သန္ရာ သန္ရာ မဲ ေပး ၾကတာ ကေန အခုလို နံပါတ္ ၃ ေနရာ ရ နိုင္ေအာင္ သန္း နဲ႔ခ်ီ တဲ့ လူေတြ ဆီက မဲ ရခဲ့တာ ျဖစ္တယ္လို႔ မဲေပးဖို႔ ေဆာ္ဩ ခဲ့သူ လည္း ျဖစ္တဲ့ ဂ်ပန္ နိုင္ငံ အေျခစိုက္ ေဒၚေအာင္ဆန္းစုၾကည္ ကို ေထာက္ခံသူ တစ္ဦး က ဘီဘီစီ ကို ေျပာပါတယ္။

အခုလို အမ်ားက မဲ ေပး ေရြးတဲ့ စာရင္း မွာ မစၥတာ ဆဲန္ဒါးစ္ ရဲ့ ေနာက္ ဒီႏွစ္ အတြက္ ဒုတိယ ေနရာ မွာ ရွိေနတာ ကေတာ့ ေတာင္ကိုရီးယား က ေခတ္ေပၚ ဂီတဝိုင္း ေကေပါ့ပ္ အဖြဲ႕ တစ္ခု ျဖစ္တဲ့ Big Bang ပဲ ျဖစ္ပါတယ္။

TIME 100 စာရင္း ကေတာ့ မဂၢဇင္း အယ္ဒီတာ အဖြဲ႕ရဲ့ သီးသန္႔ ေရြးခ်ယ္မွု ျဖစ္ၿပီး၊ ဘယ္သူေတြ ပါဝင္ သင့္ သလဲ ဆိုတာ ကို ယခင္ အေယာက္ ၁၀၀ စာရင္းဝင္ ေတြ နဲ႔ နိုင္ငံတကာက တိုင္းမဂၢဇင္း ကေလာင္ရွင္ ေတြက အႀကံ ျပဳၾကတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese/burma/2016/04/160415_time_100_dassk

......................................


အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။
အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းကနေ နှစ်စဉ် TIME 100 ဆိုပြီး နယ်ပယ် အသီးသီး က ဩဇာညောင်း လွှမ်းမိုး နိုင်သူ အယောက် ၁၀၀ စာရင်း ကို အယ်ဒီတာ အဖွဲ့က တရားဝင် မထုတ်ပြန်ခင် ပြုလုပ် မြဲ ဖြစ်တဲ့ စာဖတ်သူတွေ အကြိုက် ရွေးချယ် ကြတဲ့ စာရင်း ထဲ ဒေါ်အောင်ဆန်းစုကြည် က နံပါတ် ၃ နေရာ ချိတ် ပါတယ်။

၂၀၁၁ တုန်းကတော့ လူအများရဲ့ ရွေးချယ် မှု မှာ ဒေါ်အောင်ဆန်းစုကြည် က နံပါတ်တစ် နေရာ ရခဲ့ ပေမယ့် အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။

နယ်ပယ် အသီးသီး က သူတွေ ကို အများ က စိတ်ကြိုက် ရွေးကြတဲ့ ပွဲ ဖြစ်လို့ ခေတ်ရေစီး အလိုက် သန်ရာ သန်ရာ မဲ ပေး ကြတာ ကနေ အခုလို နံပါတ် ၃ နေရာ ရ နိုင်အောင် သန်း နဲ့ချီ တဲ့ လူတွေ ဆီက မဲ ရခဲ့တာ ဖြစ်တယ်လို့ မဲပေးဖို့ ဆော်ဩ ခဲ့သူ လည်း ဖြစ်တဲ့ ဂျပန် နိုင်ငံ အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အများက မဲ ပေး ရွေးတဲ့ စာရင်း မှာ မစ္စတာ ဆဲန်ဒါးစ် ရဲ့ နောက် ဒီနှစ် အတွက် ဒုတိယ နေရာ မှာ ရှိနေတာ ကတော့ တောင်ကိုရီးယား က ခေတ်ပေါ် ဂီတဝိုင်း ကေပေါ့ပ် အဖွဲ့ တစ်ခု ဖြစ်တဲ့ Big Bang ပဲ ဖြစ်ပါတယ်။

TIME 100 စာရင်း ကတော့ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ရဲ့ သီးသန့် ရွေးချယ်မှု ဖြစ်ပြီး၊ ဘယ်သူတွေ ပါဝင် သင့် သလဲ ဆိုတာ ကို ယခင် အယောက် ၁၀၀ စာရင်းဝင် တွေ နဲ့ နိုင်ငံတကာက တိုင်းမဂ္ဂဇင်း ကလောင်ရှင် တွေက အကြံ ပြုကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/burma/2016/04/160415_time_100_dassk

No comments:

Post a Comment