Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 2, 2016

ဖေ့စ်ဘွတ်ပေါ်ဖတ်လိုက်ရတဲ့ကြေကွဲစရာဆင်သားအမိအကြောင်း

ပုံထဲက ဆင်မကြီး ဆုံးသွားတော့ ၅၂နှစ်။
သူဆုံးသွားတဲ့အကြောင်းက ကမ်းပါးထိပ်က သစ်ပင်လေးကို အောင်းခိုင်းရာကနေ အရှိန်လွန်ပြီး ချောက်ကမ်းပါးတဲ့ ကျသွားလို့ပါပဲ။
ဒီဆင်မကြီးကို အလောင်းတော်ကဿပကို ဂျပ် အင်တိုင်းသာ ဝတ်ကျ စတဲ့ ယောအစပ်ရွာလေးတွေကနေ ခြေကျင်ခရီးနှင်ဖူးခဲ့ကြတဲ့ ကျနော်တို့သူငယ်ချင်းတွေ ကောင်းကောင်းသိကြမှာပါ။
ဘာလို့လဲဆိုတော့ ကျနော်တို့အဲဒီဆင်နဲ့ ဓာတ်ပုံအတူ တွဲရိုက်ဖူးခဲ့ကြတာကိုး။

သတ္တဝါတွေသေကြ ကြေကြတာဟာ လောကသဘာဝမို့ ဆန်းလှတာမဟုတ်ပါဘူး။
အထူးသဖြင့် အခုလို ဆင်ဆိုတဲ့ တိရစ္ဆာန်တစ်ကောင်သေတာ ဘာဆန်းလဲလို့ ထင်ကြမှာပါ။
ဒါပေမယ့် ဒီဆင်မကြီး သေသွားတာက အတော်ရင်နင့်စရာ ကောင်းပါတယ်။
သူရဲ့ ဆင်ဦးစီးက ဆွံ့အနားမကြားသူပါ။
နောက်ပြီး အဲဒီဆင်မကြီးမှာ လေးနှစ်အရွယ် သမီးလေးတစ်ယောက်လည်း ရှိပါတယ်။

ဆင်မကြီး ကမ်းပါးထဲ ပြုတ်ကျပြီး ဆုံးသွားတဲ့နေ့က ဆင်ကလေးမလေးက ဆုံးမှန်းမသိဘူးလို့ မျက်မြင်တွေ့သူတစ်ယောက်က ပြောပါတယ်။
ဆင်ကလေးလေးခမျာ သူ့အမေကြီး လဲနေရာကနေ တစ်ဖဝါးမခွာ တစ်နေကုန်နီးပါး ထိုင်ကြည့်နေသတဲ့။

စောင့်ကြည့်နေရာကနေ သူ့အမေကို သွားကြည့်လိုက်။
တော်နေကြာ သူ့အမေကို အစာတွေသွားခွံ့ကျွေးလိုက်။
ခဏနေရင် သူ့အမေကြီး အသက်ရူလား မရူလား သွားပြီး အနားကပ်ကြည့်လိုက်နဲ့ ပြာလောင်ခတ် ပူလောင်နေတာ ကြည့်ပြီး ဘေးကလူတွေ မျက်ရည်တစမ်းစမ်း ဖြစ်ကြရပါတယ်တဲ့။
ဒါ့အပြင် ညတွေလည်း မအိပ်ဘဲ တဝူးဝူးအော်ကြေကွဲနေတယ်လို့ ဆိုပါတယ်။

သူ့အမေကြီး လဲနေတယ်ထင်ပြီး ဆင်ဦးစီးကို သွားထူခိုင်းနေတာကတော့ ဝမ်းနည်းဖို့ အကောင်းဆုံးမြင်ကွင်းပါတဲ့။

နောက်တော့ ဆင်မကြီးကို မြှေမြှပ်ဖို့ စီစဉ်ကြတော့ ဘယ်လိုမှ ဆင်မလေးကို ခွာမရတော့ ဟိုအဝေးမှာ အလုပ်သွားလုပ်နေတဲ့ သူ့အကိုဆင်ကို ခေါ်ပြီး အမေကြီးနားက ခွာခိုင်းပြီး စီစဉ်ကြရတယ်။

ဒီသတင်းကြားပြီး ကျနော်တော့ ဆင်မလေးကို မျက်လုံးထဲမြင်ပြီး သနားနေမိတယ်။
ကိုယ်ဓာတ်ပုံအတူတွဲရိုက်ဖူးတဲ့ ဆင်ဆိုတဲ့ စိတ်အခံရယ် ဆင်မလေးအဖြစ်ကိုပါ တွေးပြီးတော့ပေါ့။

သြော် သမုဒ္ဒယသစ္စာ ဒုက္ခသစ္စာများ
အကြားအာရုံထိရာကနေ ပူဆွေးသနားခြင်း စေတသိတ်လောင်လာပုံများ ပူလောင်လွန်းလှပါရဲ့။

ဘယ်တတ်နိုင်မလဲလေ။
ကိုယ်က နုတဲ့ပုထုဇဉ်ပဲလေ။

Credit to Naing Soe,via Lwin Oo
...........................

ပုံထဲက ဆင္မၾကီး ဆုံးသြားေတာ့ ၅၂ႏွစ္။
သူဆုံးသြားတဲ့အေၾကာင္းက ကမ္းပါးထိပ္က သစ္ပင္ေလးကုိ ေအာင္းခုိင္းရာကေန အရွိန္လြန္ျပီး ေခ်ာက္ကမ္းပါးတဲ့ က်သြားလုိ႔ပါပဲ။
ဒီဆင္မၾကီးကုိ အေလာင္းေတာ္ကႆပကုိ ဂ်ပ္ အင္တုိင္းသာ ဝတ္က် စတဲ့ ေယာအစပ္ရြာေလးေတြကေန ေျခက်င္ခရီးႏွင္ဖူးခဲ့ၾကတဲ့ က်ေနာ္တုိ႔သူငယ္ခ်င္းေတြ ေကာင္းေကာင္းသိၾကမွာပါ။
ဘာလုိ႔လဲဆုိေတာ့ က်ေနာ္တုိ႔အဲဒီဆင္နဲ႔ ဓာတ္ပုံအတူ တဲြရုိက္ဖူးခဲ့ၾကတာကုိး။

သတၱဝါေတြေသၾက ေၾကၾကတာဟာ ေလာကသဘာဝမုိ႔ ဆန္းလွတာမဟုတ္ပါဘူး။
အထူးသျဖင့္ အခုလုိ ဆင္ဆုိတဲ့ တိရစၧာန္တစ္ေကာင္ေသတာ ဘာဆန္းလဲလုိ႔ ထင္ၾကမွာပါ။
ဒါေပမယ့္ ဒီဆင္မၾကီး ေသသြားတာက အေတာ္ရင္နင့္စရာ ေကာင္းပါတယ္။
သူရဲ့ ဆင္ဦးစီးက ဆံြ႔အနားမၾကားသူပါ။
ေနာက္ျပီး အဲဒီဆင္မၾကီးမွာ ေလးနွစ္အရြယ္ သမီးေလးတစ္ေယာက္လည္း ရွိပါတယ္။

ဆင္မၾကီး ကမ္းပါးထဲ ျပဳတ္က်ျပီး ဆုံးသြားတဲ့ေန႔က ဆင္ကေလးမေလးက ဆုံးမွန္းမသိဘူးလုိ႔ မ်က္ျမင္ေတြ႔သူတစ္ေယာက္က ေျပာပါတယ္။
ဆင္ကေလးေလးခမ်ာ သူ႔အေမၾကီး လဲေနရာကေန တစ္ဖဝါးမခြာ တစ္ေနကုန္နီးပါး ထုိင္ၾကည့္ေနသတဲ့။

ေစာင့္ၾကည့္ေနရာကေန သူ႔အေမကုိ သြားၾကည့္လုိက္။
ေတာ္ေနၾကာ သူ႔အေမကုိ အစာေတြသြားခြံ႔ေက်ြးလုိက္။
ခဏေနရင္ သူ႔အေမၾကီး အသက္ရူလား မရူလား သြားျပီး အနားကပ္ၾကည့္လုိက္နဲ႔ ျပာေလာင္ခတ္ ပူေလာင္ေနတာ ၾကည့္ျပီး ေဘးကလူေတြ မ်က္ရည္တစမ္းစမ္း ျဖစ္ၾကရပါတယ္တဲ့။
ဒါ့အျပင္ ညေတြလည္း မအိပ္ဘဲ တဝူးဝူးေအာ္ေၾကကဲြေနတယ္လုိ႔ ဆုိပါတယ္။

သူ႔အေမၾကီး လဲေနတယ္ထင္ျပီး ဆင္ဦးစီးကုိ သြားထူခုိင္းေနတာကေတာ့ ဝမ္းနည္းဖုိ႔ အေကာင္းဆုံးျမင္ကြင္းပါတဲ့။

ေနာက္ေတာ့ ဆင္မၾကီးကုိ ေျမွျမွပ္ဖုိ႔ စီစဥ္ၾကေတာ့ ဘယ္လုိမွ ဆင္မေလးကုိ ခြာမရေတာ့ ဟုိအေဝးမွာ အလုပ္သြားလုပ္ေနတဲ့ သူ႔အကုိဆင္ကုိ ေခၚျပီး အေမၾကီးနားက ခြာခုိင္းျပီး စီစဥ္ၾကရတယ္။

ဒီသတင္းၾကားျပီး က်ေနာ္ေတာ့ ဆင္မေလးကုိ မ်က္လုံးထဲျမင္ျပီး သနားေနမိတယ္။
ကုိယ္ဓာတ္ပုံအတူတဲြရုိက္ဖူးတဲ့ ဆင္ဆုိတဲ့ စိတ္အခံရယ္ ဆင္မေလးအျဖစ္ကုိပါ ေတြးျပီးေတာ့ေပါ့။

ေၾသာ္ သမုဒၵယသစၥာ ဒုကၡသစၥာမ်ား
အၾကားအာရုံထိရာကေန ပူေဆြးသနားျခင္း ေစတသိတ္ေလာင္လာပုံမ်ား ပူေလာင္လြန္းလွပါရဲ့။

ဘယ္တတ္နုိင္မလဲေလ။
ကုိယ္က နုတဲ့ပုထုဇဥ္ပဲေလ။

Credit to Naing Soe,via Lwin Oo

No comments:

Post a Comment